ကွီးတို့ရေ ကွီးတို့ရဲ့ မင်္ဂလာပွဲမှာ ရှန်ပိန်ကို ထည့်သွင်းဧည့်ခံဖို့ စဉ်းစားနေပါသလား။ ရှန်ပိန် နဲ့ဧည့်ခံချင်ပေမဲ့ ဘယ်လို စဉ်းစားပြီး ဘယ်လို ရွေးချယ်ရမယ်ဆိုတာ အကြံအိုက်နေပါသလား။ ဒါဆိုရင်တော့မပူပါနဲ့ ကွီးတို့ရဲ့ မင်္ဂလာပွဲအတွက် ရှန်ပိန် ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ထိုအချက်လေးတွေကတော့…………..

(၁) ကြိုတင်ခန့်မှန်းတွက်ချက်ထားပါ

ရှန်ပိန် ရွေးချယ်ရာမှာ

Photo : WeddingWire

ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ပွဲပဲဖြစ်ဖြစ်၊ Wedding ဖြစ်ဖြစ်၊ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ ရင်းရင်းနှီးနှီး တွေ့ဆုံပွဲပဲဖြစ်ဖြစ်၊ အရင်ဆုံး ကွီးတို့အနေနဲ့ ဖိတ်မယ့် လူအရေအတွက်နဲ့ ရှန်ပိန် ပမာဏ ဘယ်လောက် လိုအပ်မလဲဆိုတာ တွက်ချက်ရပါမယ်။ ထိုသို့တွက်ချက်ရာတွင် ကောင်းမွန်သော စည်းကမ်းချက်မှာ လိုအပ်သည်ထက် အနည်းငယ် ပိုဝယ်ရန်ဖြစ်ပါတယ်။ ၎င်းသည် ပွဲတက်ရောက်သူတိုင်းအတွက် လုံလောက်ပြီး မလောက်မငှ ဖြစ်မှာ စိတ်ရှုပ်စရာမျိုး ကြုံတွေ့ရမှာမဟုတ်ပါဘူး။

(၂) ရှန်ပိန်တည့်ခင်း ဧည့်ခံချိန်ကိုတိကျစွာ ဆုံးဖြတ်ထားပါ

ရှန်ပိန် ရွေးချယ်ရာမှာ

Photo : Love Cheer

ကွီးတို့ရဲ့ Wedding အတွက် ရှန်ပိန် ရွေးချယ်ရာတွင် တည့်ခင်းမည့်အချိန်ကို သတ်မှတ်ထားခြင်းကလည်း အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ရှန်ပိန်ကို Wedding အစားအစာတည်ခင်းချိန်အတွင်း တည်ခင်းမှာလား၊ ဒါမှမဟုတ် ပွဲမစခင်မှာ လာမယ့်ဧည်သည့် တွေကို ကြိုဆို တည့်ခင်းမှာလား။ မည်သို့ပင်ဖြစ်စေ ရှန်ပိန်ကို ဝန်ဆောင်မှုပေးမည့်အချိန်နဲ့ မည်မျှဝန်ဆောင်မှုပေးမည်ကို ကြိုတင် စဉ်းစားဆုံးဖြတ်ထားရပါမယ်။ ထိုသို့ အချိန်ကို စဉ်းစား ဆုံးဖြတ်ထားမှသာ ရှန်ပိန် အမျိုးအစားကို ရွေးချယ်ဆုံးဖြတ်ရာတွင်လည်း အဆင်ပြေပါလိမ့်မယ်။

(၃) ရှန်ပိန်နဲ့ တွဲဖက်တည်ခင်းရန် လိုက်ဖက်သော အစားအစာကိုရွေးချယ်ပါ

Drinks

Photo : Invaluable.com

ကွီးတို့ Wedding မှာ ရှန်ပိန်ကို ရွေးချယ်ရာတွင် သူနဲ့ လိုက်ဖက်တဲ့ အစားအသောက်ကို ရွေးချယ်ရန်လည်းလိုအပ်ပါတယ်။ အစားအစာနဲ့ လိုက်ဖက်တဲ့ ရှန်ပိန် တွေရှိသလို ၊ ရှန်ပိန်ချည်းပဲသက်သက် သောက်သုံးနိုင်တဲ့အမျိုးအစားတွေလည်း ရှိပါတယ်။ ဥပမာ Rose Champagnes က ခေါက်ဆွဲ သို့မဟုတ် အသားဟင်းတစ်ခုခုနှင့် တကယ်ကို လိုက်ဖက်ပါတယ်။ Wedding လို တကယ်ကို ခမ်းနားတဲ့ အချိန်အခါကောင်းအတွက် ရှန်ပိန် အမှတ်တံဆိပ်ကို သေချာရွေးချယ်ရန် သာလိုအပ်ပါတယ်။ ရှန်ပိန် ရွေးချယ်ရာမှာ ကွီးတို့ရဲ့ အရသာနှင့် အနံ့အာရုံကို အထူးသတိပြုပြီး သေချာရွေးချယ်ရန်လိုအပ်ပါတယ်။

(၄) အချိုဓာတ်ကို စစ်ဆေးပါ

Drink

Photo : The Washington Post

ရှန်ပိန် အမှတ်တံဆိပ်အများစုက ၎င်းတို့ပါဝင်သည့် သကြားပမာဏအပေါ် မူတည်၍ အမျိုးအစားတွေ ခွဲခြားထားပါတယ်။ ကွီးတို့ Wedding အတွက် အကောင်းဆုံး ရှန်ပိန် ကိုရွေးချယ်ရာတွင် ချိုမြိန်မှုဆိုတာ အရာအားလုံးပါပဲ ဆိုတာ သတိပြုပါ။ Wedding မတိုင်မှီ ရှန်ပိန် နမူနာများစွာကို မြည်းစမ်းပြီး လူတိုင်း၏အရသာနှင့် အသင့်တော်ဆုံးကို ရှာဖွေရန် အချိန်ပေးပါ။ မင်္ဂလာပွဲစီစဉ်သူတစ်ဦးက ရှန်ပိန် အမျိုးအစားအချို့ကို အကြံပြုနိုင်သော်လည်း အကောင်းဆုံးသောရွေးချယ်မှုမှာ ရှန်ပိန် ကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်ရန်ဖြစ်ပါတယ်။

ကွီးတို့ Wedding မှာတည့်ခင်း ဧည့်ခံဖို့ ရှန်ပိန် ရွေးချယ်ရာတွင် ယခုဖော်ပြထားတဲ့ အချက်လေးတွေပါ ထည့်သွင်းစဉ်းစားခြင်းဖြင့် များစွာ အထောက်အကူပြုပါလိမ့်မယ်။

Source : GLASS of BUBBLY

Featured Photo : Jcharpentier