အသားအရေဆိုင်ရာ ပြဿနာတွေထဲမှာတော့ လူတိုင်းနီးပါး အဖြစ်များတာက ဝက်ခြံတွေပါပဲ။ ဝက်ခြံတွေကို ကုသဖို့အတွက် ကုထုံးနည်းများစွာရှိပြီး အသေးစားနဲ့ အလယ်အလတ်တန်းစား ဝက်ခြံပြဿနာတွေကိုတော့ တော်တော်များများ အိမ်တွင်းကုထုံးနည်းတွေနဲ့ ကုသကြတာများပါတယ်။ ဒီနေရာမှာ ဝက်ခြံအတွက် အစွမ်းထက်လှတဲ့ သဘာဝဆေးတစ်လက်မှာ ရှားစောင်းလက်ပတ်ပါ။ ရှားစောင်းလက်ပတ်က အသားအ ရေကို ရေဓာတ်ဖြည့်တင်းပေးပြီး နူးညံ့စိုပြေစေတဲ့အပြင် အဖုအပိန့်နဲ့ နီးမြန်းမှုတွေကို သက်သာပျောက်ကင်း စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့မျက်နှာပေါ်က ဝက်ခြံ တွေကို ရှင်းထုတ်ဖို့အတွက် ရှားစောင်းလက်ပတ် နဲ့ ကုသနိုင်မယ့် အိမ်တွင်းကုထုံးနည်းလေးတွေကို ပြောပြပေးချင်ပါတယ်။

ရှားစောင်းလက်ပတ်နဲ့ ပန်းသီးရှာလကာရည်

aloe vera and apple cider vinegar

Photo : My Fermented Foods

ပန်းသီးရှာလကာရည်မှာ ဝက်ခြံ တွေကို ကုသရာမှာ အထောက်အကူဖြစ်စေတဲ့ ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါရှိပါတယ်။ ရှားစောင်းလက်ပတ် အနှစ် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရေသန့် စားပွဲတင်ဇွန်းတစ်ဇွန်းခန့် ရောထည့်ကာ သမအောင်မွှေပေးပါ။ ရလာတဲ့ အရောအနှောကို တိုနာအဖြစ် မျက်နှာပေါ်မှာ လိမ်းနိုင်ပါတယ်။ မျက်နှာသစ်ပြီးချိန်ှာ ဂွမ်းစလေးနဲ့ အဆိုပါအရောအနှောအနှစ်ကို အနည်းငယ်ယူပြီး မျက်နှာအနှံ့ ညင်သာစွာ ပွတ်လိမ်းပေးနိုင်ပါတယ်။ ဝက်ခြံတွေ သိသိသာသာ သက်သာသွားပါလိမ့်မယ်။ ပန်းသီးရှာလကာရည်က Sensitive အသားအရေပိုင်ရှင်တွေအတွက်တော့ သုံးဖို့မသင့်တော်ပါဘူး။

ရှားစောင်းလက်ပတ်နဲ့ Tea Tree Oil

Aloe Vera And Tea Tree Oil

Photo : The Herbal Blend

Tea Tree Oil ဟာ အပျော့စား နဲ့ အလယ်အလတ် ဝက်ခြံ ပြဿနာတွေကို သက်သာစေနိုင်ပြီး ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။ ရှားစောင်းလက်ပတ် အနှစ် စားပွဲတင်ဇွန်းတစ်ဇွန်း ၊ Tea Tree Oil ၂ – ၃ စက် ၊ ပျားရည်တစ်ဇွန်းတို့ကို ရောမွှေပြီး ဝက်ခြံထွက်တဲ့နေရာတဝိုက်ကို သေချာစွာ ပွတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင် မျက်နှာသစ်လိုက်လို့ ရပါပြီ။ တစ်ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေ လျော့ပါးသက်သာလာစေမှာပါ။

ရှားစောင်းလက်ပတ်နဲ့ သံပုရာရည်

Aloe Vera And Lemon Juice

Photo : Nawon

ဝက်ခြံ အပါအဝင် အသားအရေပြဿနာ တော်တော်များများအတွက် သံပုရာရည်ကို အသုံးပြုနိုင်ပါတယ်။ သံပုရာရည်ဟာ ဝက်ခြံရဲ့ရောင်ရမ်းမှုတွေကို သက်သာစေပြီး အဖု့အပိန့်တွေကို ညိုးစေပါတယ်။ သံပုရာရည် ၃ – ၄ စက်ခန့်ကို ရှားစောင်းလက်ပတ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပါ။ လာရတဲ့ အရောအနှောကို ဝက်ခြံဖြစ်ပေါ်နေတဲ့ မျက်နှာအသားအရေပေါ် လိမ်းပေးပါ။ ခြောက်သွားပြီး ဆိုရင်တော့ မျက်နှာသစ်လိုက်လို့ ရပါပြီ။ သံပုရာရည်ဟာ အသားအရေ နီမြန်း ၊ ယားယံခြင်းတွေကို ဖြစ်စေနိုင်တာကြောင့် ထိရှလွယ်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ မသုံးဖို့ အကြံပြုချင်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်

Aloe Vera

Photo : PHYT’S

အပင်ကရတဲ့ သဘာဝစစ်စစ် ရှားစောင်းလက်ပတ် ဂျယ်တစ်မျိုးတည်းကို အသုံးပြုပြီးလည်း ဝက်ခြံ တွေကို ကုသနိုင်ပါတယ်။ မျက်နှာကို ပုံမှန်သုံးနေကျ မျက်နှာသစ်ဆေးနဲ့ မျက်နှာအရင်ဆေးကြောသန့်စင်လိုက်ပါ။ ထို့နောက် မျက်နှာကို ရေခြောက်အောင်သုတ်ပြီး အပင်ကနေ လှီးထုတ်ထားတဲ့ ရှားစောင်းလက်ပတ်ဂျယ်ကို ဝက်ခြံထွက်တဲ့ အရေပြားနေရာပေါ် ကပ်ထားပေးပါ။ ဒီအတိုင်း အိပ်ရာဝင်ပြီး မနက်ခင်းမှ မျက်နှာသစ်လိုက်လို့ ရပါတယ်။ ဝက်ခြံဖုတွေနဲ့ အသားအရေ ရောင်ရမ်းမှုတွေ သက်သာစေမှာ ဖြစ်ပါတယ်။

Featured Photo : MensXP