ပဟေဠိဆန်ဆန် ရှားလော့ခ်ဟုမ်း ဇာတ်ကား တွေကို ကြိုက်နှစ်သက်ပါသလား။ ထိုဇာတ်ကားတွေက အာရုံစားရတာ မနှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်လို့ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရှားလော့ခ်ဟုမ်း လိုမျိုး ပဟေဠိ အဖြေညှိရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကား များကို ကြည့်ရှုနိုင်ပါတယ်။

Knives Out

ရှားလော့ခ်ဟုမ်း ဇာတ်ကား

Source: Imdb

IMDB 7.9 ရရှိထားတဲ့ စုံထောက် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အသက် ၈၅ နှစ်အရွယ်ရှိတဲ့ သန်းကြွယ်သူဌေးကြီးတစ်ယောက်သည် သူ့ရဲ့ မွေးနေ့မှာပဲ သေဆုံးနေပုံနဲ့ ဇာတ်လမ်းစထားတာဖြစ်ပါတယ်။ သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ သူနာပြုဆရာမလေးကတော့ သံသယဝင်စရာကောင်းပြီး လူသတ်တရားခံအဖြစ် စစ်ဆေးမေးမြန်းခံရပါတော့တယ်။​ တကယ်ပဲ သူသတ်တာ ဟုတ်ပါ့မလား။ သူဌေးကြီးရဲ့ အမွေတွေကို လိုချင်လို့ တစ်ယောက်ယောက်က ချောက်ချတာရော မဖြစ်နိုင်ဘူးလား။

ကွီးတို့လည်း သိချင်တယ်ဆိုရင်တော့ Knives Out ဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေထုတ်နိုင်ပါတယ်။

Source: Lionsgate Movies

Mindcage

ပုံတူကူး ကွင်းဆက်လူသတ်သမားတစ်ယောက်သည် ထောင်ထဲမှာ သေဒဏ်ကျခံနေရတဲ့ လူသတ်သမားအတိုင်း လူသတ်မှုတွေ တစ်ခုပြီး တစ်ခု ကျူးလွန်နေခဲ့ပါတယ်။ ထိုပုံတူကူး ကွင်းဆက်လူသတ်သမားကို ဖမ်းမိဖို့ရန်တွက် စုံထောက် Jake Doyle နှင့် Mary Kelly ဆိုသူတို့သည် သေဒဏ်ကျခံနေရတဲ့ ထောင်သားထံမှာ အကူအညီတောင်းဖို့ ကြံစည်ကြပါတော့တယ်။ ဒါပေမဲ့ သူတို့ မသိတာကတော့ သူတို့သည် လူသတ်သမားရဲ့ ကစားပွဲထဲသို့ ရောက်မှန်းမသိ ရောက်နေကြတာပဲဖြစ်ပါတယ်။ လူသတ်သမားရဲ့ နောက်ထပ် ပစ်မှတ်ကတော့ စုံထောက် Mary Kelly ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအဆုံးသတ်မှာ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ရင်တော့ Mindcage ဇာတ်ကားကို ကြည့်ရှုကြည့်လိုက်ပါ။

Source: Lionsgate Movies

The Pale Blue Eye

ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ စုံထောက် Augustus Landor သည် ကွင်းဆက်လူသတ်မှုတစ်ခုကို အမှုမှန်ပေါ်အောင် ဖော်ထုတ်စစ်ဆေးရပါတယ်။ အမှုက ရှုပ်ထွေးလွန်းတဲ့အတွက်ကြောင့် Edgar Allan Poe ဆိုတဲ့ အမှုထမ်းငယ်ရဲ့ အကူအညီကို ရယူရပါတော့တယ်။ ထိုအမှုထမ်းငယ်သည် နောင်တစ်ချိန်မှာ ကမ္ဘာကျော် ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာမှာပဲဖြစ်ပါတယ်။

ဇာတ်ကားလေးကို အမြည်းအနေနဲ့ ကြည့်ရှုခံစားကြည့်လိုက်ပါဦး။

Source: Netflix

Enola Holmes

ရှားလော့ခ်ဟုမ်း ဇာတ်ကား တွေကို ကြိုက်နှစ်သက်တယ် ဟုတ်။ ဒါဆိုရင် ရှားလော့ခ်ရဲ့ ညီမ အီနိုလာဟုမ်းကိုလည်း သဘောကျကြမှာပါ။ ငယ်စဥ်ကတည်းက မိခင်ဖြစ်သူနဲ့ ကြီးပြင်းရလာတဲ့ အီနိုလာဟုမ်းသည် မိခင်က သင်ကြားပေးထားတဲ့အတွက်ကြောင့် စာပေဘက်မှာရော၊ တိုက်ရေး ခိုက်ရေးဘက်မှာလည်း ဘက်စုံထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ သူ(မ) အရွယ်ရောက်လာပြီး တစ်ရက်မှာတော့ သူ(မ) အမေက ရုတ်တရက် ပျောက်သွားပါတော့တယ်။ အမေဖြစ်သူရဲ့ ပျောက်ဆုံးမှုကို သူ(မ)ရဲ့ အစ်ကို နှစ်ယောက်အား အသိပေးလိုက်တဲ့အခါမှာတော့ အစ်ကိုဖြစ်သူတွေကလည်း သူတို့ရဲ့ မွေးရပ်မြေဆီသို့ ချက်ချင်းဆိုသလိုပဲ ပြန်လည်ရောက်ရှိလာကြပါတယ်။ ဒါပေမဲ့ သူ(မ)အမေကို ပြန်ရှာမယ့်အစီအစဥ်တော့ သူ့အစ်ကိုတွေဆီမှာ မရှိပါဘူး။ ဒီလိုနဲ့ပဲ အီနိုလာတစ်ယောက်တည်း အမေ ရှာပုံတော် ဖွင့်ပါတော့တယ်။ ကြားထဲမှာ ဘယ်လိုဇာတ်လမ်း အလှည့်အပြောင်းတွေကို မြင်ရမလဲဆိုတာ သိချင်ရင်တော့ Enola Holmes ဇာတ်ကားလေးကို ကြည့်ကြည့်လိုက်ပါ။

Source: Netflix

Enola Holmes 2

စောစောက Enola Holmes ဇာတ်ကားကို ကြည့်ပြီးသွားတဲ့အခါမှာတော့ Enola Holmes 2 ဇာတ်ကားလေးကိုလည်း ကြည့်ချင်စိတ်ပေါ်လာပါလိမ့်မယ်။ ပထမတစ်ကားက အောင်မြင်မှုတွေ ရရှိခဲ့လို့ ဒုတိယတစ်ပိုင်းကို ထပ်မံ ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။ ဒုတိယတစ်ပိုင်းလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြန်ပါတယ်။

Source: Netflix

ကွီးတို့ရော စုံထောက်ဇာတ်ကားတွေထဲက ဘယ်ဇာတ်ကားကို အကြိုက်ဆုံးပါလဲ။