ခေါင်းအစ ခြေအဆုံး စတိုင်လ်ကျတဲ့ ကွီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ် ဝတ်ဆင်တဲ့ ရှူးဖိနပ် နဲ့ ဘောင်းဘီ အရောင်သည် ဖက်ရှင် ကျပြီး လိုက်ဖက်နေဖို့လိုအပ်ပါတယ်။

အနက်ရောင် ရှူးဖိနပ် နဲ့ အနက်ရောင် ဘောင်းဘီ တို့သည် ကွီးတိုင်းရဲ့ အဝတ်ဘီဒိုထဲမှာ ရှိတတ်ကြပြီး ကွီးတို့ကို အမြဲတစေ ဖက်ရှင် ကျအောင် ကူညီပေးနေတဲ့အရောင်ဆိုလည်း မှန်ပါတယ်။ အနက်ရောင်ဆိုရင်တော့ ဘယ်အရောင်နဲ့မဆို လိုက်ဖက်တာကြောင့် အထူးတလည် စဉ်းစားနေစရာမလိုပါဘူး။ ဒါပေမဲ့ အခြားသောအရောင်တွေနဲ့ တွဲဖက်ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ရှူးဖိနပ် နဲ့ ဘောင်းဘီ အရောင် အတွဲအစပ်များကို ဖက်ရှင် ကျကျ တွဲစပ်တတ်ဖို့တော့လိုပါလိမ့်မယ်။

အနက်ရောင် ရှူးဖိနပ်နဲ့ဆိုရင်

shoes and trousers

စောစောက ပြောခဲ့သလိုပဲ အနက်ရောင်ရှူးဖိနပ်သည် ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့အရောင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အနက်ရောင်ဘောင်းဘီနဲ့ပဲ ဝတ်ချင်သလား၊ အဖြူရောင် ချီနိုဘောင်းဘီနဲ့ပဲဖြစ်ဖြစ်၊ အပြာရောင်ဂျင်းဘောင်းဘီနဲ့ပဲဖြစ်ဖြစ်၊ အနက်ရောင် စတိုင်လ်ဘောင်းဘီနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။

အညိုရောင်ရှူးဖိနပ်

shoes and trousers

အညိုရောင်ရှူးဖိနပ်နဲ့ဆိုရင်တော့ ကွီးတို့ရဲ့ ဘောင်းဘီသည် နက်ပြာရောင်၊ အပြာရောင်တောက်တောက်၊ နို့နှစ်ရောင်၊ မီးခိုးရောင်၊ ဂျင်းဘောင်းဘီ စတဲ့ ဘောင်းဘီများနှင့် လိုက်ဖက်ပါတယ်။

ကြက်သွေးရောင်ရှူးဖိနပ်

shoes and trousers

ကြက်သွေးရောင်ရှူးဖိနပ်နဲ့ လိုက်ဖက်တဲ့ ဘောင်းဘီအရောင်များကတော့ အနက်ရောင်၊ နက်ပြာရောင်၊ မီးခိုးရောင်၊ ဂျင်းပြာရောင် အစရှိတဲ့ ဘောင်းဘီများနှင့် လိုက်ဖက်ပါတယ်။

အညိုရင့်ရောင်ရှူးဖိနပ်

ရှူးဖိနပ် ဘောင်းဘီ ဖက်ရှင်

အညိုရင့်ရောင်လေးကတော့ ကွီးတို့ရဲ့ဖက်ရှင်စတိုင်လ်ကို သစ်လွင်တောက်ပသွားစေအောင် ကူညီပေးပါတယ်။ ဒီလိုအညိုရင့်ရောင် ဖိနပ်ကို ရွေးချယ်မယ်ဆိုရင်တော့ ဘောင်းဘီကို သေချာရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။ အလိုက်ဖက်ဆုံးကတော့ အနက်ရောင်နဲ့ နက်ပြာရောင်ဘောင်းဘီတွေပဲဖြစ်ပါတယ်။

အပြာရောင်ဖိနပ်

ရှူးဖိနပ် ဘောင်းဘီ ဖက်ရှင်

Photo: Pinterest

အပြာရောင်ဖိနပ်နဲ့ဆိုရင်တော့ လူငယ်ဆန်ဆန်ဖက်ရှင်မျိုးလည်း ဖန်တီးနိုင်သလို ရင့်ကျက်တည်ငြိမ်တဲ့အသွင်မျိုးလည်း ဖန်တီးနိုင်ပါတယ်။ လူငယ်ဆန်ဆန်စတိုင်လ် ဖန်တီးချင်တယ်ဆိုရင်တော့ ဘောင်းဘီတိုလေး ဝတ်ဆင်ကာ စတိုင်လ်ကျနိုင်ပြီး လူကြီးဆန်ဆန်လေးဆိုရင်တော့ ဘောင်းဘီရှည်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

အဖြူရောင်ဖိနပ်

ရှူးဖိနပ် ဘောင်းဘီ ဖက်ရှင်

Photo: DMARGE

အဖြူရောင် Trainers ဖိနပ်တွေကတော့ ကွီးတို့ကို စတိုင်လ်ကျလှပပြီး ဆွဲဆောင်မှုတိုးလာအောင် ကူညီပေးနိုင်ပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့အသွင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ အဖြူရောင်ဖိနပ်များကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

အရောင်စုံဖိနပ်

ရှူးဖိနပ် ဘောင်းဘီ ဖက်ရှင်

Photo: Lookastic

အရောင်တစ်မျိုးတည်းရှိတဲ့ ဖိနပ်တွေကို ဝတ်ဆင်ရတာ ငြီးငွေ့လာတဲ့အခါ အရောင်စုံဖိနပ်များကို ရွေးချယ်နိုင်ပါတယ်။ ဖိနပ်က အရောင်စုံတဲ့အတွက်ကြောင့် အင်္ကျီနဲ့ ဘောင်းဘီတွေကို ငြိမ်တဲ့အရောင်လေးတွေပဲ ဆင်မြန်းဝတ်ဆင်လိုက်ပါ။

ဘာ့ကြောင့်လဲဆိုတော့ ဖိနပ်တွေကလည်း အရောင်စုံနေတဲ့အပြင် အင်္ကျီ၊ ဘောင်းဘီတွေကပါ အရောင်ဒီဇိုင်းစုံနေမယ်ဆိုရင် ကွီးတို့ရဲ့ဖက်ရှင်သည် ရောင်စုံဘောလုံးကြီးတစ်လုံးလို ဖြစ်သွားပါလိမ့်မယ်။

ဒီဖက်ရှင် Tips လေးတွေက ကွီးတို့ကို ပိုမိုဆွဲဆောင်မှုတိုးလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Fashionbeans

Featured Image: Bp-guide