ကွီးတို့ရဲ့ အဝတ်အစား ဘီဒိုထဲမှာ ရှူးဖိနပ် အကောင်းစား အနည်းဆုံး တစ်ရံလောက်တော့ ရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ပွဲတက် အခမ်းအနားတွေ သွားတဲ့အခါမှာ ဖက်ရှင်ကျကျနဲ့ ပွဲလယ်တင့်နေမှာပဲဖြစ်ပါတယ်။​ တကယ်လို့ ကွီးတို့မှာ အခုဖော်ပြပေးမယ့် ရှူး ဖိနပ်တွေထဲက အနည်းဆုံး တစ်ရံလောက်တောင် မရှိဘူးဆိုရင်တော့ ကွီးတို့က ဖက်ရှင် ကျ သူတစ်ယောက် မဟုတ်တော့ပါဘူး။

(၁) Chelsea ဘွတ်ဖိနပ်များ

Chelsea ဘွတ်ဖိနပ်များ

ဒီ Chelsea ဘွတ်ဖိနပ်များကတော့ ဘယ်လို ပွဲအခမ်းအနားမျိုးနဲ့ လိုက်ဖက်သလဲဆိုရင် စမတ်ကျကျ သွားလာရတဲ့ နေရာ အခမ်းအနားမျိုးနဲ့ လိုက်ဖက်ပါတယ်။ ကွီးတို့က အရေးကြီး မီတင် တက်စရာ ရှိတဲ့အချိန်မျိုးတွေမှာ ဒီဖိနပ်အမျိုးအစားကို ဝတ်ဆင်သင့်ပါတယ်။

(၂) Dress Sneakers ဖိနပ်များ

Dress Sneakers ဖိနပ်များ

လူငယ်ဆန်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းမယ့် ဖိနပ်အမျိုးအစားကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ Dress Sneakers ဖိနပ်များကို ရွေးချယ်သင့်ပါတယ်။ ဒီဖိနပ်များက ဂျင်းဘောင်းဘီ၊ ချီနိုဘောင်းဘီနှင့် ဘောင်းတီအတိုများနဲ့ အင်မတန်မှ လိုက်ဖက်ပါတယ်။

(၃) ပေါ့ပေါ့ပါးပါး Trainer ဖိနပ်များ

ပေါ့ပေါ့ပါးပါး Trainer ဖိနပ်များ

တချို့ရက်တွေမှာ ပေါ့ပေါ့ပါးပါးနဲ့ စီးရတာ သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကိုသာ စီးချင်နေမှာ အသေအချာပါပဲ။ ထိုရက်မျိုးမှာဆိုရင် ပေ့ါပေါ့ပါးပါး Trainer ဖိနပ်များကိုသာ ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။

(၄) Chukka ဘွတ်ဖိနပ်များ

ရှူး ဖက်ရှင်

Chukka ဘွတ်ဖိနပ်များကတော့ ပွဲတက်အခမ်းအနားများနဲ့လည်း လိုက်ဖက်သလို ပေါ့ပေါ့ပါးပါး ထသွားထလာ ဝတ်ဆင်ချင်တယ်ဆိုရင်လည်း အဝတ်အစား မရွေးတဲ့ ဖိနပ်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၅) Loafer ရှူးဖိနပ်များ

ရှူး ဖက်ရှင်

ဖိနပ်ကြိုးတွေ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်နေတာမျိုးတွေကို မကြိုက်ဘူး။ ဖိနပ်ကြိုး ခဏ ခဏ ပြေသွားလို့ ခဏ ခဏ ပြန်ချည်နေရတာမျိုးကို စိတ်ကုန်နေတယ်ဆိုရင်တော့ Loafer ရှူးဖိနပ်များကိုသာ ရွေးချယ်သင့်ပါတယ်။ Classic ဆန်တဲ့ ဖိနပ်အမျိုးအစား တစ်ခုဆိုလည်း မမှားပါဘူး။

(၆) Service ဘွတ်ဖိနပ်များ

ရှူး ဖက်ရှင်

အကြမ်းခံတဲ့ ဖိနပ်မျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ Service ဘွတ်ဖိနပ်များကို ရွေးချယ်သင့်ပါတယ်။ တောလမ်းခရီး၊ လမ်းမသာတဲ့ ခရီးမျိုးကို သွားလာရတဲ့အခါမျိုးမှာ ခြေထောက် မနာချင်ဘူးဆိုရင်တော့ ဒီဖိနပ်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

(၇) Oxford ရှူးဖိနပ်များ

ရှူး ဖက်ရှင်

စမတ် ကျကျနဲ့ Gentleman ဆန်တဲ့ ဖက်ရှင်မျိုးကို ဖန်တီးချင်တဲ့ ကွီးတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ရှူးဖိနပ်ကတော့ Oxford ရှူးဖိနပ်များပဲ ဖြစ်ပါတယ်။ ဒီရှူးဖိနပ်များကတော့ Office Wear အတွက်လည်း အဆင်ပြေသလို Smart-Casual နေရာမျိုးနဲ့လည်း လိုက်ဖက်ပါတယ်။

(၈) Dress ဘွတ်ဖိနပ်များ

ရှူး ဖက်ရှင်

ကွီးတို့ကို ဆွဲဆောင်မှု တိုးစေမယ့် နောက်ထပ် ဖိနပ်အမျိုးအစားတစ်ခုကတော့ Dress ဘွတ်ဖိနပ်များပဲ ဖြစ်ပါတယ်။ ဒီဖိနပ်လေးက အနောက်မှာ ဒေါက်အနည်းငယ် ပါတဲ့အတွက်ကြောင့် ကွီးတို့ကိုလည်း အရပ်နည်းနည်း ပိုမြင့်သွားပြီး ပိုကြည့်ကောင်းသွား စေပါတယ်။

အခု ဖော်ပြသွားတဲ့ ရှူး ဖိနပ်များကတော့ ဖက်ရှင် ကျသူ အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဖိနပ်အမျိုးအစားများပဲ ဖြစ်ပါတယ်။ ကွီးတို့ဆီမှာရော အခုဖော်ပြသွားတဲ့ ဖိနပ် အမျိုးအစားများထဲက ဘယ်နှမျိုးလောက် ပိုင်ဆိုင်ထားပါသလဲ။

Source: Theadultman

Featured Image: Xposedlondon