ဒီနှစ် ၂၀၂၄ ထဲမှာ ခေတ်စား လာမယ့် အမျိုးသား ဖက်ရှင်တွေကို ကွီးတို့ သိပြီးပါပြီလား။ မသိသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်ဆောင်းပါးလေးကနေတဆင့် လေ့လာကြည့်လိုက်ပါ။​

ဒီနှစ်အတွင်းမှာ မဝတ်သင့်တဲ့ ဖက်ရှင်တွေ၊ မရွေးချယ်သင့်တဲ့ ဖက်ရှင်တွေနဲ့ ဘယ်လို ဖက်ရှင်အမျိုးအစားတွေကို ဦးစားပေးရမလဲဆိုတာ ကွီးတို့ သိသွားပါလိမ့်မယ်။

(၁) Skinny ဂျင်း ဘောင်းဘီတွေကို မေ့ပစ်လိုက်ပါတော့

၂၀၂၄ ခေတ်စား

ကွီးတို့ရေ ၂၀၂၄ မှာ ခေတ်စား မယ့် ဖက်ရှင်အမျိုးအစားတွေထဲမှာ Skinny ဂျင်းဘောင်းဘီတွေ မပါတော့ပါဘူး။ Skinny ဂျင်းဘောင်းဘီတွေဆိုတာ ခေတ်နောက်ကျသွားပါပြီ။ Skinny ဂျင်းဘောင်းဘီတွေအစား Straight Leg ဂျင်းဘောင်းဘီ၊ ဒါမှမဟုတ် Relaxed ဂျင်းဘောင်းဘီ အမျိုးအစားတွေကို ရွေးချယ်သင့်ပါတယ်။ ဒီဖက်ရှင်တွေက ကွီးတို့ကို ပိုမို ဖက်ရှင်ကျစေမှာဖြစ်သလို သက်သောင့်သက်သာလည်း ဖြစ်စေမှာပါ။ ၂၀၂၄ မှာ ခေတ်စား လာမယ့် ဖက်ရှင်ကတော့ သက်သောင့်သက်သာလည်း ဖြစ်ပြီး ကွီးတို့ကို ဆွဲဆောင်မှု တိုးစေမယ့် ဖက်ရှင်အမျိုးအစားပြဖြစ်ပါတယ်။

(၂) ထိပ်ချွန်ချွန် ရှူးဖိနပ်တွေကို ခေါက်ထားလိုက်ပါ။ ဖိနပ်ထိပ်က လေးထောင့်ဆန်ဆန် ထိပ်မျိုးရှိတာကို ဦးစားပေးပါ

၂၀၂၄ ခေတ်စား

ကွီးတို့ အမြင်မှာတော့ ထိပ်ချွန်ချွန် ရှူးဖိနပ်တွေက စတိုင်လ် ကျစေမယ်လို့ ထင်နေမှာပါပဲ။ ဒါပေမဲ့ မဟုတ်ပါဘူး။ ထိုဖက်ရှင်မျိုးက ဒိတ်အောက်သွားပါပြီ။ ကွီးတို့ကို အသက်ကြီးပိုင်း အဘိုးကြီးတစ်ယောက် အသွင် ဖြစ်သွားစေပါလိမ့်မယ်။ အဲ့ဒီလို အဖြစ်မခံချင်ဘူးဆိုရင်တော့ ရှူးဖိနပ်ထိပ်က လေးထောင့်ဆန်ဆန် ထိပ်မျိုးရှိတာတွေကို ဦးစားပေးရပါမယ်။ ဒီလိုဖိနပ်အမျိုးအစားက ပိုမို အကြမ်းခံပြီး ကွီးတို့ကိုလည်း ဖက်ရှင်ပိုကျစေပါတယ်။

(၃) ပြောင်ချောချော သားရေ ဂျက်ကတ်မျိုး မဝတ်ပါနဲ့၊ Bomber ဂျက်ကတ်များကို ဦးစားပေးပါ

၂၀၂၄ ခေတ်စား

ပြောင်ချောချော သားရေ ဂျက်ကတ်မျိုးကိုလည်း ဒီနှစ်ထဲမှာ ခဏလောက် ခေါက်ထားလိုက်ပါ။ ကွီးတို့ ဖက်ရှင်ကို ဆွဲဆောင်မှုရှိရှိ ဖြစ်ချင်တယ်ဆိုရင် ပြောချောချော သားရေ ဂျက်ကတ်တွေထက် Bomber ဂျက်ကတ်များကို ဦးစားပေးသင့်ပါတယ်။ လူငယ်ဆန်ဆန်နဲ့ စမတ်ကျစေမယ့် ဖက်ရှင်မျိုးပဲ ဖြစ်ပါတယ်။

(၄) ပြူးပြဲနေတဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်းမျိုး မဝတ်ပါနဲ့။ တစ်မျိုးတည်းနဲ့ အမြင်လှတာမျိုး ရွေးချယ်ပါ

man fashion

ကွီးတို့က ဖက်ရှင် အသုံးအဆောင်ပစ္စည်းတွေ အများကြီး ဝတ်ဆင်ရတာကို ဝါသနာပါရင်တော့ ဒီနှစ်ထဲမှာ ထိုအလေ့အကျင့်ကို ဖျောက်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့ရဲ့ ဖက်ရှင်ကို ကြည့်ရဆိုးသွား စေနိုင်လို့ပါပဲ။ ဖက်ရှင် အသုံးအဆောင် တစ်မျိုးတည်းကိုပဲ Highlight လုပ်ပြီး ဝတ်ဆင်မယ်ဆိုရင် ကွီးတို့ ဖက်ရှင်က ပိုကြည့်ကောင်းသွားမှာပါ။

(၅) ဗွီပုံသဏ္ဍာန် ခေါင်းစွပ် ဆွယ်တာများ မဝတ်ပါနဲ့။ Cardigan ဆွယ်တာမျိုးကို ပြောင်းလဲ ဝတ်ဆင်လိုက်ပါ

man fashion

ဗွီပုံသဏ္ဍာန် ခေါင်းစွပ် ဆွယ်တာများက ခေတ်စားခဲ့တာ ကြာခဲ့ပါပြီ။ ဒီနှစ်မှာတော့ ထိုခေါင်းစွပ် ဆွယ်တာများအစား Cardigan ဆွယ်တာများကို ပြောင်းလဲ ဝတ်ဆင်လိုက်ပါ။ ကွီးတို့ကို ယောကျာ်းဆန်ဆန်နဲ့ ပျော့ပျောင်းနူးညံ့တဲ့ အသွင်မျိုးကို ပေါ်လွင်စေမယ့် ဖက်ရှင်မျိုး ဖြစ်ပါတယ်။ ပြောရရင်တော့ ကိုရီးယား မင်းသားလိုမျိုး ကြည့်ကောင်းသွားစေမယ့် ဖက်ရှင်မျိုး ဖြစ်ပါတယ်။

ကွီးတို့ရော ၂၀၂၄ မှာ ဘယ်လို ဖက်ရှင် စတိုင်လ်တွေနဲ့ ရှိုးထုတ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို လှုပ်ကိုင်ပစ်မယ်လို့ စဥ်းစားထားပါသလဲ။

Source: Mensjournal

Featured Image: Instyle