ဆော်ငြင်းကောင်လို့ သူငယ်ချင်းတွေ စနောက်ကြတဲ့ နာမည်ပြောင်က ရယ်စရာလို့ ထင်ရပေမယ့် တကယ်တမ်း ကြုံတွေ့ရတဲ့ သူအဖို့တော့ နာကျင်စရာတွေနဲ့ပါ။ ငြင်းပယ်ခံရတဲ့ ခံစားချက်က အင်မတန်ဆိုးတာ ကျွန်တော်တို့အားလုံးသိပါတယ်။ အကယ်၍များ ကွီးတို့သဘောကျတဲ့ ရှော်တီလေး က ကွီးတို့ ချစ်ရေးဆိုတဲ့အပေါ် ငြင်း ပယ်ခဲ့မယ်ဆိုရင် ဘယ်လိုအကောင်းဆုံးရင်ဆိုင်မလဲ ၊ ဘယ်လိုနည်းလမ်းတွေနဲ့အကောင်းဆုံး ကျော်လွှားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားသမှုနဲ့ လက်ခံပေးပါ

Couple

Photo : THIRA Health

ကွီးတို့ကို ငြင်းပယ်မလား ၊ လက်ခံမလားဆိုတာ သူတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါပဲ။ လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က ကိုယ်လိုချင်တဲ့ အဖြေတစ်ခု ဟုတ်ချင်မှ ဟုတ်နေပါလိမ့်မယ်။ ဒါကို အကောင်းဆုံး လက်ခံနိုင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကွီးတို့ သဘောကျတဲ့ ရှော်တီလေးက ကွီးတို့ကို ငြင်းပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သူမရဲ့ ဆုံးဖြတ်ချက်ကို လေးလေးစားစားနဲ့ လက်ခံပေးလိုက်တာက ကွီးတို့အတွက်ရော သူမအတွက်ပါ အကောင်းဆုံး အဖြေဖြစ်ပါလိမ့်မယ်။

(၂) လူတိုင်း အကြိုက်မတူဘူးဆိုတာ သိထားပါ

 Couple

Photo : Live Bold and Bloom

အချို့က ပီဇာကြိုက်ချင်ကြိုက်မယ် ၊ တချို့ကဟော့ပေါ့ ကြိုက်ချင်ကြိုက်မယ်။ ဒါတွေက လူ့သဘာဝပါပဲ။ လူတိုင်းလူတိုင်း တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း ခံယူချက်ချင်း မတူကြပါဘူး။ ကွီးတို့ သဘောကျတဲ့ ရှော်တီလေးက ကွီးတို့အကြိုက်ဖြစ်နေရင်တောင်မှ ကွီးတို့ကတော့ သူမအကြိုက် ဖြစ်ချင်မှ ဖြစ်နေပါလိမ့်မယ်။ ဒီအတွက် အငြင်းခံရလို့ စိတ်မပျက်ပါနဲ့။ ကွီးတို့ရဲ့ ပုံစံကို ကြိုက်နှစ်သက်တဲ့ အခြား ရှော်တီလေးတွေ အများကြီး ရှိနေနိုင်ပါသေးတယ်။

(၃) ပျော်ရွှင်စေမယ့် အရာတွေ လုပ်ဆောင်ပါ

man

Photo : Runner’s World

ရှော်တီလေး တစ်ယောက်ရဲ့ ငြင်းပယ်ခြင်းကို ခံရတဲ့အခါ နာကျင်ကြေကွဲဖို့ ကောင်းမှာအမှန်ပါ။ ဒါပေမယ့် ဒီကိစ္စတစ်ခုကြောင့်ပဲ ကွီးတို့ ဘဝထဲက ပျော်ရွှင်စရာတွေ အားလုံးပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာ သိထားပါ။ သဘောကျနေရတဲ့ ကောင်မလေးရဲ့ ငြင်းပယ်ခြင်းကို ခံရတာထက် ပိုပျော်စရာကောင်းတဲ့ အရာတစ်ခုကို ရှာတွေ့ဖို့က မခက်ပါဘူး။ ကွီးတို့ကို ပျော်ရွှင်စေမယ့် အရာတွေ များများလုပ်ဖို့ မမေ့ပါနဲ့။

(၄) ရင်ဖွင့်ပါ

counselling

Photo : Platfform Wellbeing

ဒီကမ္ဘာကြီးပေါ်မှာ ကိုယ်သဘောကျနှစ်သက်ရတဲ့ ရှော်တီလေး ရဲ့ ငြင်းပယ်ခြင်းကို ခံရဖူးတာ ကွီးတို့တစ်ယောက်တည်း မဟုတ်ပါဘူး။ အဖြစ်ချင်းတူတဲ့ လူတွေအများကြီး လက်ချိုးရေလို့မရအောင် ရှိပါတယ်။ ငါ့ကျမှ ဘာလို့လဲဆိုပြီးလည်း စိတ်မကောင်း မဖြစ်ပါနဲ့။ အရမ်းမွန်းကြပ်ပြီး ဝမ်းနည်းနေတယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ မိသားစုဝင် ၊ သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်တာ ပိုပြီးကောင်းပါတယ်။

(၅) မုအွန်လိုက်ပါ

office man

Photo : entrepreneur

ငြင်းပယ်ခံရတဲ့ အဖြစ်အပျက်ကြီးထဲမှာ တဝဲလည်လည် ဖြစ်မနေဖို့ အရေးကြီးပါတယ်။ ကွီးတို့အနေနဲ့ ရှေ့ဆက်လုပ်ရမယ့်အရာတွေ အများကြီးပါ။ ခံစားစရာရှိတာ ခံစားပြီးရင် အကောင်းဆုံး ရှေ့ဆက်သွားရမှာပဲ မဟုတ်လား။ တချိန်ချိန်မှာတော့ ကွီးတို့အတွက် သင့်​​တော်​တဲ့သူတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရမယ်ဆိုတာကို လက်ခံယုံကြည်ထားပါ။

Featured Photo : GirlsAskGuys