ကွီးတို့ရေ… ရှော်တီ အသစ်လေးတော့ ပြောင်းလို့ မရပေမယ့် ဇာတ်ကား သစ် တွေတော့ ပြောင်းလဲ ကြည့်ရှုနိုင်ပါတယ်။ ဇာတ်ကားအဟောင်းတွေချည်းပဲ ထပ်ကာတလဲလဲ ကြည့်နေမယ့်အစား အခုဖော်ပြပေးမယ့် ဇာတ်ကားအသစ်တွေ ကြည့်ရှုရင်း ကွီးတို့ရဲ့ အားလပ်ရက်လေးကို စိတ်ပြေ လက်ပျောက်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါတယ်။

Kingdom of the Planet of the Apes

ဆန်းကြယ် သစ်လွင်တဲ့ ဇာတ်ကား အသစ်လေးတွေကို ကြည့်ရှုချင်တယ် ဆိုရင်တော့ Kingdom of the Planet of the Apes ဇာတ်ကားလေးကို ကြည့်ရှုနိုင်ပါတယ်။

ဒီဇာတ်ကားထဲမှာ လူဝံတွေက အများအပြား တည်ရှိနေကြပြီး ကမ္ဘာလောကကြီးကို ကြီးစိုးနေကြပါတယ်။ တစ်ဖက်မှာတော့ လူသားတွေက အရိပ်ထဲမှာ ပုန်းလျှိုး ကွယ်လျှိုးနဲ့ နေထိုင်နေကြရပါတယ်။ လူဝံတွေမှာလည်း မျိုးနွယ်စုတွေ အများအပြားရှိကြပြီး ခေါင်းဆောင်ဖြစ်ဖို့အတွက် မျိုးနွယ်အချင်းချင်းတောင် သတ်ဖြတ်တာမျိုးတွေ ရှိလာပါတယ်။ နောက်ပိုင်းမှာ လူဝံနဲ့ လူသားကြားမှာရော ဘယ်လိုမျိုးတွေ ဆက်ဖြစ်သွားမှာလဲ။

Source: 20th Century Studios

The Garfield

ဂါဖီး ကာတွန်းကားလေးနဲ့ ကွီးတို့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ ဂါဖီးတစ်ယောက် ဒီတစ်ခါမှာလည်း ဘယ်လို အရှုပ်ထုတ်တွေ လုပ်ဦးမလဲ သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုသင့်ပါတယ်။

ဂါဖီးတစ်ကောင် သူ့ကို စွန့်ပစ်ခဲ့တဲ့ အဖေဖြစ်သူနဲ့ ပြန်တွဗ့တဲ့အခါမှာ ဘယ်လိုမျိုး ဗရုတ်တွေ ကျဦးမလဲဆိုတာ The Garfield ဇာတ်ကားထဲမှာ တွေ့မြင်နိုင်ပါတယ်။

Source: Sony Pictures Entertainment

Furiosa: A Mad Max Saga

Furiosa ဆိုတဲ့ ကလေးမလေးတစ်ယောက်သည် သူ့ရဲ့ ညီမဖြစ်သူနဲ့ တောထဲမှာ ကစားနေရင်းနဲ့ တစ်ရက်မှာတော့ လူဆိုးတွေ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ Furiosa တစ်ယောက် ဒီလိုနဲ့ပဲ တဖြည်းဖြည်း အသက်ကြီး လာခဲ့ပါတယ်။ ဒါပေမဲ့ သူသည် သူ့ရဲ့ အိမ်ပြန်လမ်းကို အမြဲဆိုသလို ရှာဖွေနေတာပါ။ Furiosa တစ်ယောက် သူ့ရဲ့ အိမ်ပြန်လမ်းကို ပြန်ရှာတွေ့ပြီး သူ့မိသားစုနဲ့ ပြန်လည် ဆုံဆည်းနိုင်ပါ့မလား။

Source: Warner Bros. Pictures

Tarot

သူငယ်ချင်းတစ်စုက တားရော့ခ် ဖတ်ရင်း မမျှော်လင့်ဘဲနဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို လွတ်ပေးလိုက်သလို ဖြစ်သွားပါတယ်။ လွတ်မြောက်လာတဲ့ မကောင်းဆိုးဝါးက သူတို့ကို အန္တရာယ်ပေးလာခဲ့ပြီး သူတို့လည်း ထိုမကောင်းဆိုးဝါးလက်ထဲကနေ လွတ်မြောက်ဖို့အတွက် အသည်းအသန် ကြိုးပမ်းရပါတော့တယ်။ သူတို့ သူငယ်ချင်းတွေအားလုံး ထိုမကောင်းဆိုးဝါး လက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား။

Source: Sony Pictures Entertainment

The Roundup: Punishment

မာဒုံဆော့လို့ အမည်ရတဲ့ ဗလတောင့်တောင့် ကိုရီးယား မင်းသားကြီးကို ကွီးတို့အားလုံး သိကြပါလိမ့်မယ်။ ဒီဇာတ်ကားကလည်း မာဒုံဆော့ရဲ့ ဇာတ်ထောက် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဘယ်တော့မှ မရိုးနိုင်တဲ့ ကိုရီးယား စုံထောက်ဇာတ်ကားတွေကို ကြည့်ချင်တယ် ဆိုရင်တော့ ဒီဇာတ်ကားလေးကို လက်မလွဝ်တမ်း ကြည့်ရှုသင့်ပါတယ်။​

Source: GSC Movies

ကွီးတို့လည်း ရှော်တီ အသစ်လေး ပြောင်းမယ့်အစား ဇာတ်ကား အသစ်လေးကြည့်ရင်း ဘဝကို ကျေနပ်လိုက်ကြပါတော့။

Source: Moviefone

Featured Image: Benq.eu