ကွီးတို့ရဲ့ ရှော်တီ လေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ချီမချင်တယ်ဆိုရင်တော့ အလေးတုံး များကို အရင်မပြီး ထရိန်နင် ဆင်းထားဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် ပိန်ပိန်ပါးပါးနဲ့ မော်ဒယ်ခန္ဓာကိုယ် ရှော်တီလေးကို မချီမနိုင်ဘဲ လျှာထွက်ကာ ပုံပျက်ဆင်းပျက်ဖြစ်နေတယ်ဆိုရင်တော့ ရှော်တီလေးလည်း ရှက်ပြီး စိတ်ကုန်သွားပါလိမ့်မယ်။

အမျိုးသားထုတို့ အရှက်မကွဲဖို့အတွက် ရှော်တီ လေးကို မချီမခင်မှာ အလေးတုံး တွေကို ဘယ်လိုမျိုး ချီမသင့်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်းလေးကတော့ Barbell Front Raise လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း စလုပ်မယ့် ကွီးတို့အနေနဲ့ ပေါ့တဲ့ အလေးတုံးကနေ စမရမှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့မှ အလေးတုံး တိုးကာ ဆော့ကစားရမှာဖြစ်ပါတယ်။ မာဆယ် ထွက်ချင်ဇောကြီးပြီး အလေးတုံး အကြီးကြီးတွေ လျှောက်မမပါနဲ့ဦး။ လေ့ကျင့်ခန်း ပြုလုပ်တာ နည်းစနစ်ကျဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၂)

ဒီလေ့ကျင့်ခန်းလေးကတော့ Barbell Overhead Press လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဗီဒီယိုထဲကလိုမျိုး ဖြည်းဖြည်းမှန်မှန်နဲ့ နည်းစနစ်ကျကျ လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၃)

နောက်ထပ် လေ့ကျင့်ခန်းကတော့ Barbell High Pull လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဗီဒီယိုထဲကလို အလေးတုံးကို ဖြည်းဖြည်းချင်း ဆွဲမရမှာဖြစ်ပါတယ်။ ဆွဲမတဲ့အချိန်မှာ ခြေထောက်ကြွက်သားနဲ့ လက်မောင်းကြွက်သား၊ ပုခုံးကြွက်သားတို့ကို သေချာအသုံးပြုဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၄)

နောက်ထပ် လေ့ကျင့်ခန်းကတော့ Barbell Landmine လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

ခြေထောက်နှစ်ဖက်ကို ချဲထားကာ လက်တစ်ဖက်တည်းဖြင့် အလေးတုံးကို မရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဒီလေ့ကျင့်ခန်းကတော့ Behind The Neck Press လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ အလေးတန်းကို ပုခုံးနားမှာ ထားကာ အလေးတန်းကို အပေါ်သို့ ဆွဲတင်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၈ ကြိမ်မှ ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Barbell Shrug လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

အလေးတုံးကို ကိုင်ထားကာ အသင့်အနေအထားပြင်ပါ။ ထို့နောက် အသက်ရှူထုတ်ပြီး ပုခုံးကို အပေါ်သို့ တွန်းတင်လိုက်ပါ။ အသက်ပြန်ရှူသွင်းပြီး မူလအနေအထားအတိုင်း ပြန်နေပါ။

ကွီးတို့ရဲ့ လက်မောင်းက နေရာပြောင်းသွားစရာမလိုပါဘူး။

ဒီလေ့ကျင့်ခန်းလေးများကို ပြုလုပ်တာ ကျင့်သားရသွားပြီဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေးကို အသာလေး ချီမနိုင်ပါပြီ။

Source: Steelsupplements

Featured Image: Freepik