လကမ္ဘာ လို အဖုအပိန့်တွေ၊ ချိုင့်တွေဖြစ်နေတဲ့ မျက်နှာမျိုးနှင့် ကိုရီးယား မင်းသားလို ချောမွတ် နူးညံ့တဲ့ မျက်နှာဆိုရင် ဘယ်အမျိုးအစားကို ပိုင်ဆိုင်ချင်ပါသလဲ။ လူတိုင်းကတော့ ဒုတိယအမျိုးအစားကို ရွေးချယ်ကြမှာပါပဲ။ ဒါပေမဲ့ ကိုယ်တိုင်က ကိုယ့်အသားအရေကို ဂရုစိုက်ခြင်းမရှိဘဲ ပစ်စလတ်ခတ်ထားမယ်ဆိုရင်တော့ လကမ္ဘာ လို မျက်နှာပဲ ရရှိမှာဖြစ်ပြီး ကိုရီးယား မင်းသားလို ချောမွတ် နူးညံ့တဲ့ မျက်နှာမျိုး ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

ချောမွတ် နူးညံ့တဲ့ မျက်နှာမျိုး ပိုင်ဆိုင်ဖို့ဆိုရင်တော့ အချိန်ပေးပြီး သေသေချာချာ ဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။

သေသေချာချာ အချိန်ပေးကာ ဂရုစိုက်မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများက ကွီးတို့အတွက် အသုံးတည့်မှာပဲ ဖြစ်ပါတယ်။

ထောပတ်သီးနှင့် သံပုယိုသီးဖြင့် ပေါင်းတင်နည်း

ထောပတ်သီးနှင့် သံပုယိုသီး

Photo: Rosannadavisonnutrition

ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ထော်ပတ်သီးမှည့် တစ်လုံး၊ သဘာဝ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုသီး တစ်ခြမ်းတို့ လိုအပ်ပါလိမ့်မယ်။

ထောပတ်သီးမှည့်ကို အနှစ်များ ရသွားသည်အထိ ချေလိုက်ပါ။ ထို့နောက် ပျားရည်ထည့်ပါ။ သံပုယိုသီး တစ်ခြမ်းကို ညှစ်ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။ ရရှိလာတဲ့ အနှစ်ကို ဝက်ခြံပေါက်တဲ့ နေရာမှာ တို့ထားလိုက်ပါ။ မျက်နှာတစ်ပြင်လုံး သုတ်လိမ်းစရာမလိုပါဘူး။ တကယ်လို့ ကွီးတို့ အသားအရေက Sensitive အသားအရေမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သံပုယိုသီးကို လျော့ထည့်ပါ (သို့) လုံးဝ မထည့်ပါနဲ့။

၅ မိနစ်မှ ၁၀ မိနစ်ခန့် ကြာတဲ့အခါမှာတော့ မျက်နှာသစ်လိုက်လို့ရပါပြီ။

ကြက်သွန်ဖြူနှင့် နွားနို့ ဖြင့် ပေါင်းတင်နည်း

လကမ္ဘာ ကိုရီးယား

Photo: Timesofindia.indiatimes

ဒီနည်းလမ်း ပြုလုပ်ဖို့အတွက် ကြက်သွန်ဖြူ ၁ မြွှာ၊ Jojoba Oil လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီးနောက် နုတ်နုတ်စဥ်းထားလိုက်ပါ။ ထို့နောက် Jojoba Oil နှင့် ရောနှောလိုက်ပါ။ ထို့နောက် နွားနို့ကို ဖြည်းဖြည်းချင်းစီ လောင်းထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ် ပေါင်းတင်ပေးကာ ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ စောင့်လိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့နောက်မှာတော့ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးနိုင်ပါပြီ။

ကြက်သွန်ဖြူသည် ပိတ်ဆို့နေသော ချွေးပေါကဝက်ခြံများကို တိုက်ထုတ်တဲ့နေရာမှာ ဆရာကြီးတစ်ဆူပါပဲ။ ဝက်ခြံပေါက်တဲ့ နေရာပေါ်မှာ ပျားရည်လေး တစ်စက်ခန့် တို့ပေးလိုက်တာနဲ့ နီမြန်းရောင်ရမ်းခြင်းတွေ ချက်ချင်းဆိုသလို သက်သာပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်။ ဝက်ခြံပေါ်မှာ ပျားရည်လေး တစ်စက်ခန့် တို့ပြီးတဲ့အခါမှာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ခဏစောင့်ပေးဖို့တော့ လိုအပ်ပါတယ်။ ဒါ့အပြင် အသုံးပြုရမယ့် ပျားရည်ကလည်း သဘာဝပျားရည်စစ်စစ်ကို အသုံးပြုမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

Source: Helloglow

Featured Image: Freepik