ကျွန်တော်တို့ အားလုံး ခန္ဓာကိုယ်ရဲ့ ကျန်းမာကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်း လုပ်ကြပေမယ့် လက်ချောင်း တွေရဲ့ ကြံ့ခိုင်မှုကိုတော့ မေ့နေတက်ကြပါတယ်။ လက်ချောင်းတွေဟာ အရာဝတ္တုပစ္စည်းတွေ ထိတွေ့ကိုင်တွယ်ဖို့အတွက် နေ့စဉ်အသုံးပြုနေရတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်တာကြောင့် လက်ချောင်းတွေ သန်မာကြံ့ခိုင်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ လက်ချောင်း တွေရဲ့ ကြံ့ခိုင်မှုနဲ့ ပျော့ပြောင်းမှုကို မြှင့်တင်ပေးမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်း တွေကို တင်ဆက်ပေးချင်ပါတယ်။

(၁) Fists

Photo : eMediHealth

ဒီလေ့ကျင့်ခန်းကတော့ လက်သီးဆုပ်ခြင်း ၊ ဖြန့်ခြင်း လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ လက်ချောင်းတွေရဲ့ ညောင်းညာမှုတွေကို ပြေလျော့သက်သာစေပြီး လက်ချောင်းတွေကို ပျော့ပြောင်းစေမယ့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

(၂) Claw Stretch

Photo : eMediHealth

ဒီလေ့ကျင့်ခန်းကတော့ Fists (လက်သီးဆုပ်/ဖြန်) လေ့ကျင့်ခန်းနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် လက်ချောင်းအားလုံး ဆုပ်/ဖြန့်ရတာမျိုး မဟုတ်ပဲ လက်ချောင်းထိပ်လေးတွေကို အကွေးအဆန့် ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၃) Making an “O”

Photo : eMediHealth

ဒီလေ့ကျင့်ခန်းကတော့ လက်ဆစ်တွေ ကြံ့ခိုင်စေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ လက်တစ်ချောင်းချင်းစီကို အကွေးအဆန့် ပြုလုပ်ပေးရမှာပါ။ လက်မထိပ်နဲ့ ကျန်လက်ချောင်း တစ်ချောင်းစီရဲ့ ထိပ်လေးတွေကို ထိစပ်ပြီး “O” ပုံစံပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

(၄) Finger Walking

Photo : eMediHealth

ဒီလေ့ကျင့်ခန်းကတော့ လက်ချောင်းလေးတွေ လမ်းလျှောက်ခြင်းလို့ တင်စားခေါ်ပါတယ်။ လေးဖက်နာကဲ့သို့ အဆစ်ရောင်ခြင်းကြောင့် လက်ချောင်းတွေ လှုပ်ရှားရခက်သူတွေအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ စားပွဲတစ်ခုပေါ်မှာ လက်ဖဝါးကို ဖြန့်တင်ထားပြီး လက်ချောင်းတွေကို ဘေးတိုက် ရွေ့ပေးရမှာဖြစ်ပါတယ်။

(၅) Tennis Ball Squeeze


Photo : eMediHealth

ဒီလေ့ကျင့်ခန်းကတော့ လက်ချောင်းတွေနဲ့ လက်ကောက်ဝတ်ကို လှုပ်ရှားရလွယ်ကူစေဖို့ ကူညီပေးမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ လက်ချောင်းတွေရဲ့ သန်မာမှုကိုလည်း တိုးစေပြီး ဆုပ်ကိုင်မှုအားကောင်းစေမယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင်ဒီလေ့ကျင့်ခန်းက စိတ်ဖိစီးမှုလျော့ကျစေဖို့လည်း ကူညီပေးပါတယ်။

Featured Photo : www.sanayhealthy.com