ကွီးတို့ရေ ကိုယ်ခင်မင်ရင်နှီးသူတွေ၊ မိဘဆရာသမားတွေကို လက်ဆောင်ပေးခြင်းဟာ ယဉ်ကျေးမှု တစ်ခုဖြစ်ပါတယ်။ လက်ဆောင်ပေးတဲ့အခါ ခင်မင်ရင်နှီးမှု၊ တန်ဖိုးထား ရိုသေလေးစားမှု နဲ့ အချိန်အခါအရ ပေးတဲ့ လက်ဆောင်ပစ္စည်းတွေလည်း ကွဲသွားပါတယ်။ ဒီနေ့မှာ လက်ဆောင် ပေးဖို့ သင့်တော်မဲ့ပစ္စည်းတွေထဲက ဝိုင် အကြောင်းကို ပြောပြချင်ပါတယ်။ ခရစ္စမတ် လက်ဆောင်ဖြစ်စေ၊ အထက်လူကြီးကို ဂါရဝ လက်ဆောင် ပေးချင်တဲ့အခါ ဖြစ်စေ ဝိုင် ပုလင်းတွေကို လက်ဆောင် ပေးနိုင်ပါတယ်။ ဝိုင်ဆိုတာ စပျစ်သီးကို အချဉ်ဖောက်နည်းစဉ်ဖြင့် ထုတ်လုပ်ထားတဲ့ အရက် တစ်မျိုးဖြစ်ပါတယ်။ စပျစ်သီးအမျိုးအစားနဲ့ သုံးတဲ့ ရိစ် (Yeasts) အမျိုးအစားပေါ် မူတည်ပြီး ဝိုင်ကို ပုံစံအမျိုးမျိုး ထုတ်လုပ်ပါတယ်။
အကြမ်းအားဖြင့် Red Wine, White Wine, Rose Wine, Sparkling Wine နဲ့ Dessert Wine ဆိုပြီး ခွဲနိုင်ပါတယ်။ အာဟာရ တန်ဖိုးအနေနဲ့ ကြည့်ရင် ကယ်လ်လိုရီ ၈၃ ရာနှုန်းပါပါတယ်။ ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝပါတယ်။ ဝိုင်မှာ အယ်လ်ကိုဟော ပါဝင်နှုန်းဟာ အပျော့ အပြင်း အလိုက် ပျှမ်းမျှ (၁၁) မှ (၁၈) ရာနှုန်း ပါဝင်ပါတယ်။ ဝိုင်နီ ကို သင့်တော်တဲ့ ပမာဏ မှန်မှန်သောက်မယ်ဆိုရင် ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြောင့် နှလုံးသွေးကြောရောဂါဖြစ်ခြင်းကို ကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဝိုင်ကို အလွန်အကျွံသောက်ရင်တော့ အမြင်အာရုံကျတာ၊ ငိုက်မြည်းတာ၊ ပျို့အန်တာ၊ လမ်းလျှောက်ရ ခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။ ဝိုင်ကို ကျန်းမာရေးကောင်း စေတဲ့ ယမကာအဖြစ်သာ ချိန်ဆသောက်သင့်ပါတယ်။ ကွီးတို့ရေ ဝိုင်အမျိုးအစား အများကြီးထဲက လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးသော ဝိုင် တွေကို စဉ်းစားကြည့်ရအောင်။
(၁) Antica Formular Carpalno Vermouth

Photo : Amazon uk
ပထမဆုံးအနေနဲ့ လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးသော ဝိုင် တစ်ခုကတော့ Antica Formular Carpalno Vermouth ဖြစ်ပါတယ်။ အီတလီနိုင်ငံထုတ် ဝိုင်ဖြစ်ပါတယ်။ အယ်လ်ကိုဟော ( ၁၅) မှ (၁၈) ရာခိုင်နှုန်း ABV ပါဝင်ပါတယ်။ အနံ့အရသာ ကောင်းစေတဲ့ ကော့လ်တေးအမျိုးမျိုး အဖြစ်သောက်သုံးပါတယ်။ Negroni-Lover လက်ဆောင် အဖြစ် ပေးလေ့ရှိပါတယ်။ ပုလင်းသွင်း သက်တမ်းအလိုက် ဈေးနှုန်းကွာခြားပါတယ်။
(၂) Christmas pudding Madeira

Photo : From Britain with Love
Christmas Pudding Madeira က သစ်သီးခြောက်အရသာရှိတဲ့ အကောင်းဆုံး ဝိုင် ဖြစ်ပါတယ်။ ပေါ်တူကီ ဝိုင်ဖြစ်ပါတယ်။ အချိုပွဲ ဝိုင်အဖြစ်သောက်သုံးပါတယ်။
(၃) Ashling Park Estate Cuvee Brut, NV South Downs, England

Photo : The Great British Vineyards
အင်္ဂလန် နိုင်ငံ ကထုတ်လုပ်ပြီး လက်ဆောင် ပေးဖို့ အသင့်တော်ဆုံး ဝိုင် ထဲ မှာ ပါဝင်ပါတယ်။ Dermot Sugrue မှ ထုတ်လုပ်ပြီး ဆုတံဆိပ်ရ ဝိုင် ဖြစ်ပါတယ်။ အရသာကောင်းသော ဝိုင်အပြင်းစား ဖြစ်ပါတယ်။
(၄) Domaine Jones Fitou 2017, France

Photo : Hispster Moderne
Domaine Jones Fitou 2017 ကတော့ ပြင်သစ်နိုင်ငံမှ ထုတ်သောဝိုင်နီ ဖြစ်ပါတယ်။ အရွက်နဲ့ အသီးရနံ့ သင်းပြီး အရသာ ကောင်းပါတယ်။
အခု ပြောပြထားတဲ့ ဝိုင်တွေဟာ ကမ္ဘာကျော် ဝိုင် Brands တွေထဲက လက်ဆောင် ပေးဖို့ အသင့်တော်ဆုံးသော ဝိုင် အကောင်းစားတွေပါ။ ရန်ကုန်မြို့မှာလည်း လက်ဆောင်ပေးလို့ ကောင်းတဲ့ ဝိုင်တွေကို ဝယ်နိုင်ပါတယ်။
Source : BBC good food
Featured Photo : Pinterest
