လက်ဆောင်ပေးတယ်ဆိုတာ ခင်မင်မှုကိုတန်ဖိုးထားကြောင်းပြတဲ့ ချစ်စရာ လူမှုဓလေ့ တစ်ခုပါပဲ။ တော်တော်များများကတော့ လက်ဆောင်ပေးတဲ့အခါ နာရီ ၊ ရေမွှေး ၊ အဝတ်အစား နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပေးလေ့ရှိကြပါတယ်။ ဒီလို လက်ဆောင်ပစ္စည်းတွေပေးရတာ ရိုးရှင်းပြီး ထပ်နေပြီလို့ ခံစားနေရတယ်ဆိုရင်တော့ ဝီစကီ Whisky ပုလင်း လက်ဆောင်ပေးဖို့ အကြံပြုချင်ပါတယ်။ ဝီစကီ Whisky ပုလင်းတွေက အမျိုးသားတိုင်း နှစ်သက်သဘောကျစေတဲ့ လက်ဆောင်တစ်ခုဆိုလည်း မမှားပါဘူး။ ဝီစကီ Whisky လက်ဆောင်ပေးတယ်ဆိုတာ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုကို မျှဝေခံစားခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ ရပါတယ်။ ကဲဒါဆို အခင်မင်ရဆုံး သူငယ်ချင်းမိတ်ဆွေတွေကို လက်ဆောင်ပေးဖို့ ရွေးချယ်သင့်တဲ့ အကောင်းဆုံး ဝီစကီ Whisky ပုလင်း ၅ လုံးကို ပြောပြပေးချင်ပါတယ်။

(၁) Old Forester Rye Whisky

Photo : The Manual

Old Forester Rye ဝီစကီ Whisky ဟာ လက်ရှိဈေးကွက်ထဲမှာရှိတဲ့ Rye ဝီစကီ Whisky အမျိုးအစားတွေထဲမှာတော့ လက်ဆောင်ပေးဖို့ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ Old Forester Rye ဝီစကီ Whisky ကို ရိုင်းဂျုံ ၆၅ ရာခိုင်နှုန်း ၊ မုယောစပါး ၂၀ ရာခိုင်နှုန်း ၊ ပြောင်း ၁၅ ရာခိုင်နှုန်းတို့နဲ့ အချိုးကျကျ ပေါင်းစပ်ချက်လုပ် ထားပါတယ်။ ရိုင်းဂျုံနဲ့ ပန်းရနံ့တို့ သင်းပျံ့မွှေးတဲ့ စွဲမက်စရာ အရောင်အနံ့အရသာတို့ ပြည့်စုံတဲ့ဝီစကီ Whisky တစ်မျိုး ဖြစ်ပါတယ်။

(၂) Sagamore Spirit Cognac Finish Rye

Photo : The Manual

Sagamore Spirit Cognac Finish Rye ဝီစကီ Whisky ကတော့ ရိုင်းဂျုံ နဲ့ ပန်းသီး ၊ သစ်တော်သီး ၊ သကြားညိုတို့ ရောစပ်ချက်လုပ်ထားတဲ့ ဝီစကီ Whisky တစ်မျိုးဖြစ်ပါတယ်။ ဝက်သစ်ချစည်ထဲမှာ အချိန်ကြာကြာ သိုလှောင်ထားတဲ့အတွက် ထူးခြားစွဲမက်ဖွယ်သက်တမ်းရင့် ဝီစကီ Whisky ရဲ့အရသာကို ခံစားရနိုင်မှာ ဖြစ်ပါတယ်။

(၃) Maker’s Mark Wood Finishing Series 2019 Limited Release: Stave Profile RC6

Photo : The Manual

ဘော်ဘွန်း ဝီစကီ Whisky ထဲမှာတော့ Maker’s Mark အဖျော်ယမကာ ကုမ္ပဏီ ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ RC6 ဝီစကီ Whisky က ရွေးချယ်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ RC6 ဘော်ဘွန်း ဝီစကီ Whisky ဟာ အကန့်အသတ်နဲ့သာ ထုတ်ထားတဲ့ ဝီစကီ Whisky ကောင်းတစ်မျိုးပါ။ ဝက်သစ်ချစည်ထဲမှာ ၁၈ လ သိုလှောင်ထားပြီး မီးခိုးနံ့နဲ့ လတ်ဆတ်တဲ့ သစ်သီးရနံ့တို့ ပေါင်းစပ်ထားတဲ့ စွဲမက်စရာ ဟန်ချက်ညီတဲ့ ဝီစကီအရသာကို ပေးစွမ်းပါတယ်။ RC6 ဘော်ဘွန်း ဝီစကီ Whisky ဟာ စည်ပေါင်း ၂၅၅ စည်သာ အကန့်အသတ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

(၄) Widow Jane The Vaults 14 year

Photo : The Manual

သက်တမ်းရင့် ဘော်ဘွန်း ဝီစကီ Whisky တွေထဲမှာတော့ Widow Jane The Vaults 14 year က အထူးခြားဆုံး ဝီစကီ Whisky တစ်မျိုးလို့ ပြောနိုင်ပါတယ်။ သူက ဝက်သစ်ချစည်မှာ ၁၄ နှစ်တာ သိုလှောင်ထားတဲ့ ရှားပါးသက်တမ်းရင့် ဘော်ဘွန်း ဝီစကီ Whisky တစ်မျိုး ဖြစ်ပါတယ်။ ဆေးရွက်ကြီး ၊ ဗနီလာ ၊ သကြားညိုနဲ့ ပရုတ်အေး တို့ ပေါင်းစပ်ထားတဲ့အတွက် သာမန် ဝီစကီ Whisky တွေနဲ့ ကွဲထွက်နေတဲ့ ထူးထူးခြားခြား ဝီစကီ Whisky ရဲ့ အနံ့အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။

(၅) Cragganmore 12 Year Old

Photo : The Manual

Cragganmore 12 Year Old ဝီစကီ Whisky ကတော့ ၂၀၀၆ ခုနှစ်မှာ စတင်ပေါင်းခံချက်လုပ်ထားတဲ့ Speyside Malt ဝီစကီ ဖြစ်ပြီး သူရဲ့ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ဝီစကီ Whisky ရနံ့ကြောင့် လူသိများပါတယ်။ လက်ဆတ်တဲ့ သစ်သီးရနံ့တို့ ခပ်သင်းသင်းမွှေးပြီး မီးခိုးနံ့နဲ့ ဟင် းခတ်အမွှေးအကြိုင်ရနံ့တို့ ပေါင်းစပ်ထားတဲ့အပြင်ကိုမှ လျှာပေါ်မှာ ချိုမြိန်တဲ့အဆုံးအသတ်အရသာကို ခံစားရနိုင်မယ့် ဝီစကီ Whisky ကောင်းတစ်မျိုး ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ အမျိုးသားတိုင်း မငြင်းရက်နိုင်လောက်တဲ့ လက်ဆောင်ပေးဖို့အသင့်တော်ဆုံး အကောင်းစား ဝီစကီ Whisky ပုလင်း တွေပဲ ဖြစ်ပါတယ်။

Featured Photo : Men’s Journal