ချစ်သူ နှစ်ဦးသားသည် တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးကြလို့ လက်ထပ်ပြီးသွားတဲ့အခါ တစ်ယောက်ကို တစ်ယောက် ကောင်းအတူတူ ဆိုးအတူတူ မျှဝေခံစားရမှာပဲဖြစ်ပါတယ်။ ကွီးတို့ လက်တွဲဖော် အတွက် ပါရမီ ဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီး ကောင်မလေးက လက်ထပ်ပြီးနောက်မှာ ဆုတ်ယုတ်တဲ့ ဘဝမျိုးမဟုတ်ဘဲ အရင်ကထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်း ကိုယ့် လက်တွဲဖော် အတွက် လိုအပ်မယ့် အရာများကို ဖြည့်ဆည်းပေးခြင်းသည် ပါရမီ ဖြည့်ဖက်ကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်များပဲ မဟုတ်လား။ ကိုယ့် လက်တွဲဖော် အတွက် အကောင်းဆုံး ပါရမီ ဖြည့်ဖက်ကောင်းတစ်ယောက် ဖြစ်ဖို့ ကူညီပေးနိုင်တဲ့ အချက် (၅) ချက်ရှိပါတယ်။

သူ(မ)အတွက် ခွန်အားဖြစ်စေမယ့် စကားများဖြင့် အားပေးပါ

လက်တွဲဖော် ပါရမီ

“မင်း လုပ်နိုင်မှာ မဟုတ်ပါဘူး ၊ အလကား အချိန်ကုန်ခံ အပင်ပန်း ခံမနေပါနဲ့တော့” ဆိုတဲ့ စကားထက် “မင်း လုပ်နိုင်မယ်ဆိုတာ ကိုယ် ယုံကြည်တယ်” “ဘာပဲဖြစ်ဖြစ် ဖြစ်အောင်လုပ် ၊ မင်းအနားမှာ ကိုယ် ရှိနေတယ်” စတဲ့ စကားမျိုးကို သင့်ရဲ့ လက်တွဲဖော်အတွက် အမှန်တကယ်ကို ခွန်အားဖြစ်စေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ အိမ်သူသက်ထားအတွက် နာကျင်စေမယ့် စကားမျိုးထက် စိတ်ခွန်အား ဖြစ်စေမယ့် စကားများဖြင့် စိတ်ဓာတ် တက်ကြွလာအောင် ပါရမီဖြည့်နိုင်ပါတယ်။

သူ(မ)ကို ကူညီပါ

လက်တွဲဖော် ပါရမီ

သူ(မ)ကို ငွေအားဖြင့် ပံ့ပိုးမှ ပါရမီဖြည့်ပေးတာ မဟုတ်ပါဘူး။ စောစောကလို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းသည်လည်း ကူညီပေးခြင်းတစ်မျိုးပါပဲ။ သူ(မ)ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ရန်အတွက် အိမ်အလုပ်များလည်း တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်သလောက် ကူညီနိုင်ပါတယ်။ အိမ်အလုပ်များသည် အိမ်ရှင်မ တစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့အရာမဟုတ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ အိမ်သူသက်ထားအတွက် မောင်တစ်ထမ်း မယ်တစ်ရွက် ကူညီပေးနိုင်ပါတယ်။

ကိုယ့်ဘက်က စွန့်လွှတ်ဖို့လည်း ရယ်ဒီဖြစ်နေပါစေ

လက်တွဲဖော် ပါရမီ

ကိုယ့်ချစ်သူကို အမှန်တကယ် ချစ်တဲ့သူတွေဆိုရင် ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပါဘူး။ ကိုယ့်ဘက်က အနစ်နာခံခြင်းကို သူ(မ)ဘက်က သိမြင်လာတဲ့အခါမှာလည်း သင့်အတွက် သူ(မ)က ပြန်လည် အနစ်နာခံ ၊ စွန့်လွှတ်ပေးမှုများ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။

သင့်ရဲ့ ကိုယ်ပိုင် အိပ်မက်များ၊ ရည်မှန်းချက် ပန်းတိုင်များကိုလည်း ပြည့်ဝအောင် ကြိုးစားပါ

couple

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူ ပျော်ရွှင်နေတာကိုပဲ မြင်ချင်ကြတာပါ။ သင့်ရဲ့ အိမ်သူသက်ထားလည်း သင် ပျော်ရွှင်နေတာကိုပဲ မြင်ချင်မှာပါ။ သူ(မ) ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝအောင် ကူညီပေးစဥ်မှာလည်း ကိုယ့်ရဲ့ အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားရပါမယ်။ နှစ်ဦးသားစလုံးရဲ့ ဘဝက တိုးတက်ကောင်းမွန်နေမှသာလျှင် ပိုမိုပျော်ရွှင်ရတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

နှစ်ယောက်သား အပေးအယူမျှစွာ နားလည်မှု ရှိပါ

couple

အိမ်ထောင်တစ်ခု တည်မြဲဖို့ရန်အတွက် အပေးအယူမျှဖို့လည်း လိုအပ်သလို တစ်ယောက်နဲ့ တစ်ယောက် နားလည်တတ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမမျှတဲ့အခါ အထင်အမြင် လွဲမှားစရာများ ဖြစ်လာနိုင်ပြီး အိမ်ထောင်ရေး အက်ကွဲကြောင်းတွေ ပေါ်လာနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ပြီး အပေးအယူ မျှမျှနဲ့ လုပ်ဆောင်တတ်မယ် ဆိုရင်တော့ ရွှေလက်ခိုင်ခိုင် တွဲနိုင်မှာပဲဖြစ်ပါတယ်။

Source: Symbis.com

Featured Image: 91.9 Fresh FM