ကွီးတို့ ချစ်သူကောင်မလေးကို လက်ထပ်ခွင့် တောင်းဖို့ စီစဥ်နေပါသလား။ လက်ထပ်ခွင့် တောင်းတဲ့အခါ ကိုယ်ကိုယ်တိုင် သီချင်း ဆိုပြပြီး ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းချင်ပါသလား။ ကိုယ်တိုင် သီချင်းဆိုပြတာမျိုး မဟုတ်ရင်တောင်မှ ရိုမန့်တစ်ဆန်တဲ့ သီချင်းမျိုးကို ဖွင့်ပြဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် လက်ထပ်ခွင့်တောင်းနေချိန်မှာ အဆွေးသီချင်း ဖွင့်ပြမိလိုက်လို့ လက်ထပ်ခွင့်တောင်း မတောင်းလိုက်ရဘဲ နေပါလိမ့်မယ်။

ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့် တောင်းဖို့ ကြံစည်နေတဲ့ ကွီးတို့ရော ဘယ် သီချင်း တွေကို သီဆိုသင့်သလဲ၊ ဖွင့်ပြသင့်သလဲဆိုတာ သိပြီးပါပြီလား။

(၁) Marry You By Bruno Mars

Marry You ဆိုတဲ့ သီချင်းလေးကတော့ နာမည်တော်တော်ကြီးတဲ့ လက်ထပ်ခွင့်တောင်းတဲ့ သီချင်းပဲဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ထွက်ရှိထားတဲ့ သီချင်းဆိုပေမယ့်လို့ ၁၉၆၀ ခုနှစ်ဝန်းကျင်က ပေါ့သီချင်းပုံစံမျိုး သီဆိုထားတာဖြစ်ပါတယ်။ သီချင်း ဝေဖန်သူတွေကြားမှာလည်း နာမည်ကောင်းရတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Bruno Mars ၊ Ari Levine နှင့် Philip Lawrence တို့ ရေးဖွဲ့ထားတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: Bruno Mars

(၂) I Swear By All-4-One

ဒီသီချင်းလေးကတော့ ၁၉၉၀ ပြည့်နှစ်တုန်းက ခေတ်စားခဲ့တဲ့ R&B Ballad သီချင်းအမျိုးအစားတစ်ပုဒ်ဖြစ်ပါတယ်။ All-4-One အဖွဲ့က သီဆိုထားပြီး သူ့ရဲ့ အချစ်တွေအကုန်လုံးကို သူချစ်ရတဲ့ သူဆီမှာ ပုံအပ်ထားကြောင်း ပျော်ရွှင်ရတဲ့အချိန်တွေရော၊ အိုမင်းမစွမ်း နာမကျန်းဖြစ်တဲ့အချိန်တွေမှာပါ အတူတူ ဖြတ်သန်းကျော်လွှားမှာဖြစ်ကြောင်း သီဆိုထားတဲ့သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: All-4-One (Official Channel)

(၃) Thinking Out Loud By Ed Sheeran

ဒီသီချင်းလေးထဲက ကောင်လေးက သူ့ရဲ့ ကောင်မလေးကို ဘယ်လို အတားအဆီးတွေပဲ ရှိနေပါစေ အချစ် ပျက်သွားမှာ မဟုတ်ကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားတိုင်းမှာလည်း သူ့ရဲ့ အချစ်တွေက မှေးမှိန်သွားမှာ မဟုတ်ဘူးဆိုတာကို သီဆိုထားတာဖြစ်ပါတယ်။ သူ့ရဲ့ ချစ်သူကလည်း သူ့ကို တူညီတဲ့ အချစ်တွေကိုသာ ပြန်ပေးမယ်ဆိုတာကိုလည်း ယုံကြည်နေတာပဲဖြစ်ပါတယ်။

Source: Ed Sheeran

(၄) All Of Me By John Legend

ချစ်သူစုံတွဲတိုင်းမှာ စိတ်သဘောထား မတိုင်ဆိုင်မှုတွေ၊ မတူညီမှုတွေ၊ ပြဿနာတွေ ရှိနေတတ်ပေမယ့်လည်း တစ်ယောက်ကို တစ်ယောက် နားလည်မှု အပြည့်နဲ့ ချစ်နေမယ်ဆိုရင် ထိုပြဿနာတွေက ဘာမှမဟုတ်ဘူးဆိုတာကို သိသွားမယ်ဆိုတာကို သီဆိုနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: John Legend

(၅) Perfect By Ed Sheeran

ဒီသီချင်းလေးကတော့ လက်ထပ်ခွင့် တောင်းတဲ့အခါ ကိုယ်တိုင် သီဆိုလို့ကောင်းတဲ့ သီချင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။ လူတစ်ယောက်မှာ ပြစ်ချစ်တွေ၊ အပြစ် အနာအဆာတွေ ဘယ်လောက်ပဲရှိနေပါစေ၊ တကယ်ချစ်တယ်ဆိုရင် ထိုအပြစ်အနာအဆာတွေကို မြင်တော့မှာ မဟုတ်ကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။

Source: Ed Sheeran

(၆) Truly Madly Deeply By Savage Garden

ဒီသီချင်းလေးကတော့ ဘယ်တော့မှ သေဆုံးမသွားမယ့်အချစ်တွေနဲ့ သူ့ရဲ့ ချစ်သူလေးကို ချစ်ကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: Savage Garden

(၇) Can’t Help Falling In Love By Elvis Presley

အချစ်နဲ့ တွေ့တဲ့အခါ လူသားတွေ အကုန်လုံးက အချစ်ရူးလေး တစ်ယောက်ဖြစ်သွားကြကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ သူ့ကောင်မလေးကို အရူးအမူး ချစ်မိနေပြီဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ လက်ကို ကိုင်ဆွဲပြီး သူ့တစ်ဘဝလုံးကိုပါ အပိုင်သိမ်းသွားဖို့ သီကျူးနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: Elvis Presley

(၈) I’m Yours By Jason Mraz

လူတစ်ယောက်ကို ချစ်မိရင် အကြောက်တရားတွေ စိတ်ပူပန်စရာတွေကို မေ့ပစ်လိုက်ပြီး ချစ်နေဖို့ တစ်ခုတည်းပဲ လိုအပ်တာဖြစ်ကြောင်း၊ အချစ်ကြောင့် ပြန်လည်ပျော်ရွှင်လာနိုင်ကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Source: Jason Mraz

(၉) Marry Me By Train

ဒီသီချင်းလေးကတော့ ကောင်မလေးတစ်ယောက်ကို အရူးအမူး ချစ်နေတဲ့ ကောင်လေးတစ်ယောက်အကြောင်း ရေးဖွဲ့သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ထိုကောင်လေးက သူ့ကောင်မလေးကို သူ့ကို လက်ထပ်ဖို့အတွက် လက်ထပ်ခွင့်တောင်းနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သူ့ရဲ့ ကျန်ရှိနေတဲ့ လူ့ဘဝ သက်တမ်းမှာ သူချစ်ရတဲ့သူနဲ့ အတူတူ ကုန်ဆုံးချင်နေကြောင်း ရေးဖွဲ့သီဆိုထားတာပဲဖြစ်ပါတယ်။

Source: Train

ကွီးတို့ရော ကိုယ့်ရဲ့ ကောင်မလေးကို ဘယ်သီချင်းတွေနဲ့ လက်ထပ်ခွင့်တောင်းဖို့ စီစဥ်ထားပါသလဲ။

အခုဖော်ပြတဲ့ သီချင်းလေးတွေထဲက ဘယ်သီချင်းကို သဘောတွေ့ပါသလဲ။

Featured Image: Freepik