လက်ဖျံ မာဆယ်တွေ အမြောင်းလိုက် ပေါ်နေတာကလည်း ယောကျာ်းလေးတွေမှာ ဆွဲဆောင်မှုရှိစေတဲ့ အချက်တစ်ခုပါပဲ။ Gym မှာ ဖြစ်ဖြစ် ၊ အိမ်မှာဖြစ်ဖြစ် လေ့ကျင့်ခန်းတွေ ကစားတဲ့အခါ လက်ဖျံကြွက်သားတွေကို အမေ့လျော့ခံ မာဆယ်အစိတ်အပိုင်းလို့ ပြောရမှာပါ။ ဒါပေမယ့် Forearm Workouts တွေလည်း အများကြီး ရှိတယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ ကွီးတို့က လက်ဖျံ မာဆယ်တွေကို အမြောင်းလိုက်ပေါ်ချင်တယ် ၊ ယောကျာ်းပီသမှုကို ပြသချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် လေ့ကျင့်ခန်းတွေကို ကစားနိုင်ပါတယ်။
(၁) Dumbbell Wrist Flexion
Source : RADCENTRE
လက်ဖျံအတွက် ရိုးရှင်းတဲ့ Workout တွေထဲက တစ်ခုကတော့ Dumbbell Wrist Flexion ပါပဲ။ Dumbbell Wrist Flexion လေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်ကောက်ဝတ်ကို သန်မာစေရုံသာမက လက်ဖျံ အရှေ့ဘက်ကြွက်သားတွေကို ကျစ်လစ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။
(၂) Dumbbell Wrist Flexion
Source : RADCENTRE
Dumbbell Wrist Extension ကတော့ Dumbbell Wrist Flexion လေ့ကျင့်ခန်းနဲ့ ဆင်တူပြီး ပြောင်းပြန်ပြုလုပ်ပေးရမယ့် ကစားနည်းလို့ ပြောရမှာပါ။ လက်ကို မှောက်ခုံအနေအထားနဲ့ Dumbbell ကို အပေါ်သို့ မ,တင် ကစားရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကလည်း လက်ကောက်ဝတ်နဲ့ လက်ဖျံ အရှေ့ဘက်ကြွက်သားတွေကို ကျစ်လစ်သန်မာစေပါတယ်။
(၃) Hammer Curl
Source : OPEX Fitness
Hammer Curl လေ့ကျင့်ခန်းက Brachialis လို့ခေါ်တဲ့ လက်မောင်းကြွက်သား အစိတ်အပိုင်းနဲ့ Brachioradialis လို့ခေါ်တဲ့ လက်ဖျံကြွက်သား အစိတ်အပိုင်းတွေကို ထိရောက်မှုရှိစေတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ Dumbbell နဲ့ပဲ ကစားရမှာ ဖြစ်ပြီး လက်မောင်းရော လက်ဖျံ ကြွက်သားတွေကိုပါ တစ်ပြိုင်နက်တည်း ထိရောက်မှု ရှိစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
(၄) Zottman Curl
Source : OPEX Fitness
Zottman Curl လေ့ကျင့်ခန်းကလည်း Hammer Curl နဲ့ ကစားပုံချင်း ဆင်တူပါတယ်။ Dumbbell ကို မ,အပြီး ပြန်အချမှာ လက်ကိုလှည့်ပေးရတာ ဖြစ်တာကြောင့် လက်ဖျံကြွက်သားတွေကို အမှန်အကန် ထိရောက်မှု ရှိစေတာ ဖြစ်ပါတယ်။ Zottman Curl လေ့ကျင့်ခန်းက လက်ဖျံမာဆယ်တွေ ၊ လက်မောင်းနဲ့ လက်ကောက်ဝတ် စတဲ့ ကြွက်သားအစိတ်အပိုင်းတွေကို ထိရောက်မှု ရှိစေပါတယ်။
(၅) Farmer’s Walk
Source : PureGym
လက်ဖျံအပါအဝင် အခြား ကြွက်သားအစိတ်အပိုင်းတွေ အများကြီးကို ထိမှန်စေတဲ့ အရိုးရှင်းဆုံး လေ့ကျင့်ခန်းကတော့ Farmer’s Walk ပါ။ ဒီလေ့ကျင့်ခန်းက Quads ၊ Hamstrings ၊ Glutes ၊ Calves ၊ Lats ၊ Erectors ၊ Upper Back နဲ့ Traps ၊ Abdominals ၊ Biceps ၊ Triceps ၊ Forearms ကြွက်သားအစိတ်အပိုင်းတွေ အားလုံးကို ထိရောက်မှု ရှိစေတာပါ။ Kettlebell ဖြစ်ဖြစ် ၊ Dumbbell ဖြစ်ဖြစ် နှစ်သက်ရာနဲ့ ကစားလို့ ရပါတယ်။
Source : Man Of Many
Featured Photo : Spartan Race