လက်ရာမြောက် ဇာတ်ကား တွေကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများကို ရွေးချယ်ကာ ကြည့်ရှုသင့်ပါတယ်။ ဒီ လက်ရာမြောက် ဇာတ်ကား များကို ကြည့်ပြီးပြီဆိုရင်တော့ အခြားဇာတ်ကားတွေကို လှည့်တောင် ကြည့်ချင်မှာ မဟုတ်ပါဘူး။

(၁) Art of Love

ပြတိုက်တွေထဲသို့ ဝင်ရောက်ပြီး တန်ဖိုးကြီး ပန်းချီကားချပ်များကို ခိုးနေတာက သူ(မ)ရဲ့ ရည်းစားဟောင်း တစ်ယောက်ဖြစ်တယ်ဆိုတာကို အင်တာပိုက အရာရှိတစ်ယောက်က သိရှိသွားပါတယ်။ ထိုသူခိုးကို လက်ပူးလက်ကြပ် ဖမ်းမိဖို့ရန်အတွက် အစီအစဥ် ဆွဲရပါတော့တယ်။

Source: Netflix

(၂) Contagion of Fear

စစ်ဒနီမြို့မှာ ရထား လမ်းချော်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ထိုမတော်တဆမှုက အဲ့မှာတင် ရပ်မသွားခဲ့ပါဘူး။ Leyla ဆိုတဲ့ အမျိုးသမီးရဲ့ ဖခင်အိုကလည်း ထိုရထားပေါ်မှာ ပါသွားခဲ့ပြီး သူသည် ပြည်သူအများအပြားကို သေစေနိုင်တဲ့ ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုထဲတွင် အဓိက တရားခံတစ်ယောက်ဖြစ်တယ်ဆိုပြီး ချောက်ချခံရပါတယ်။ ဖြစ်ချင်တော့ သူ(မ)ရဲ့ အဖေက လူမျိုးခြားတစ်ယောက်ဖြစ်တာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း အများအပြား ခံကြရပါတော့တယ်။ Leyla တစ်ယောက် သူ(မ) ဖခင်အတွက် အဖြစ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။​

Source: 4DM Movie Trailers

(၃) Lift

အက်ရှင် ဟာသ ဇာတ်ကားလေးကို ကြည့်ချင်တယ်ဆိုရင်တော့ Lift ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ရှုနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။​

Source: Netflix

(၄) Heart of the Hunter

အက်ရှင် ဇာတ်ကား ကောင်းကောင်းတွေ ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ကြည့်ရှုသင့်ပါတယ်။​

ကြေးစား လူသတ်သမားတစ်ယောက်က အစိုးရအဖွဲ့အစည်းရဲ့ လျှို့ဝှက် သတင်းအချက်အလက်များကို သိရှိပြီးနောက်မှာ သူ့ရဲ့ အသက်ကလည်း အန္တရာယ်စက်ကွင်းထဲ ကျရောက်လာပါတော့တယ်။

Source: Netflix

(၅) Irish Wish

Maddie ရဲ့ ရည်းစားဟောင်းနဲ့ အခင်ဆုံး သူငယ်ချင်းတို့သည် သူတို့ရဲ့ မင်္ဂလာဆောင်ကို အိုင်ယာလန်မှာ ကျင်းပမှာဖြစ်ပြီး Maddie ကို သတို့သမီးအရံလုပ်ဖို့ ဖိတ်ပါတော့တယ်။ Maddie တစ်ယောက် သူ(မ)ရဲ့ စိတ်ခံစားချက်များကို ဖယ်ပစ်ပြီး Ireland သို့ သတို့သမီး လုပ်ဖို့အသွားမှာ ဓာတ်ပုံဆရာတစ်ယောက်နဲ့ တွေ့ဆုံပါတယ်။ ဒီလိုနဲ့ မင်္ဂလာဆောင်မယ့်ရက်မှာ သတို့သား သတို့သမီးကို တွေ့ပြီး သတို့သမီး နေရာမှာ သူ(မ) ဖြစ်ရမှာဆိုပြီး အလိုမကျစိတ်တွေ ဝင်လာပါတော့တယ်။ ဒီလိုနဲ့ သူ(မ)က တောင်းဆု တစ်ခုပြုလိုက်ပါတယ်။ သူ(မ)ရဲ့ ဆုတောင်းက သူ(မ) ဘဝကို ပြောင်းပြန်လှန်ပစ် လိုက်ပါတော့တယ်။

Source: Netflix

(၆) Rest in Peace

Sergio ဆိုတဲ့ အမျိုးသားသည် ငွေရေး ကြေးရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး သူ့ရဲ့ ကျန်းမာရေးကလည်း တဖြည်းဖြည်း ဆိုးရွားလို့ လာခဲ့ပါတော့တယ်။ တစ်ရက်မှာတော့ သူတို့ မြို့မှာ ဗုံးကြဲခံလိုက်ရပြီး သူလည်း အစအန ပျောက်သွားပါတော့တယ်။ သူက အစအန ဖျောက်ပြီး သူ့မိသားစု ငွေရေး ကြေးရေး အဆင်ပြေအောင် တိတ်တဆိတ် နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ကိစ္စတွေ ကြုံတွေ့လာရပါတော့တယ်။ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ရင်တော့ Rest in Peace ဇာတ်ကားလေးကို ကြည့်ရှုနိုင်ပါတယ်။

Source: MVSRS

(၇) Upgraded

Ana ဆိုတဲ့ ကောင်မလေးသည် ရည်မှန်းချက် ကြီးမားတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး နာမည်ကြီး ပန်းချီ ပြခန်းမှာ အလုပ်ဆင်းနေတဲ့ အလုပ်သင် တစ်ယောက်ပဲဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့သူဌေးက လန်ဒန်က လေလံပွဲသို့ တက်ရောက်ဖို့အတွက် အခေါ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ပဲ ဥစ္စာပေါ ရုပ်ချော ကောင်လေးတစ်ယောက်ကို တွေ့ပြီး သူ(မ)က ပန်းချီ ပြခန်းရဲ့ ဒါရိုက်တာလို့ လိမ်လိုက်ပါတော့တယ်။ နောက်မှာ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Source: Prime Video

(၈) Murder Mubarak

လူကုံထံ အသိုင်းအဝိုင်းတွေပဲ တက်ရောက်ခွင့်ရတဲ့ တော်ဝင် ဒေလီကလပ်မှာ လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ထိုတော်ဝင်ပွဲကို တက်ရောက်ခဲ့ကြတဲ့ အဖွဲ့ဝင်များအားလုံးက သံသယရှိသူ စာရင်းများထဲတွင် ဝင်နေတာပဲဖြစ်ပါတယ်။ ထိုသံသယရှိသူတွေထဲက ဘယ်သူက နစ်နာသူကို သတ်ခဲ့တာဖြစ်မလဲ။

Source: Netflix India

(၉) One More Shot

မသမာသူ လူတစ်စုက လေဆိပ်ထဲမှာ ဗုံးထောင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးတော့ လေဆိပ် ဝန်ထမ်းအချို့ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဗုံးကို ဖယ်ရှားပြီး ဓားစာခံများကို ကယ်ထုတ်ဖို့အတွက် ဘယ်လိုမျိုး ကြိုးစားကြသလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။​

Source: Sony Pictures Entertainment

(၁၀) Tenet

နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Christopher Nolan ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်ကားတွေက ကွီးတို့ကို ဘယ်သောအခါမှ စိတ်မပျက်စေရပါဘူး။

Source: Warner Bros. Pictures

နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Christopher Nolan ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်ကားတွေက ကွီးတို့ကို ဘယ်သောအခါမှ စိတ်မပျက်စေရပါဘူး။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားများကို ဘယ်နှကားလောက် ကြည့်ဖူးပါသလဲ။ ဒီ လက်ရာမြောက် ဇာတ်ကား တွေကို မကြည့်ဖူးဘူးဆိုရင်တော့ ခေတ်နောက်ကျသွားပါလိမ့်မယ်။

Source: Moviefone

Featured Image: Fluentu.com