တေးသီချင်းသစ်တွေက အများအပြားက အမြဲတမ်း ထွက်ရှိနေသလိုပဲ အဆိုတော်သစ်များကလည်း အမြဲတမ်း ပေါ်ထွက်နေပါတယ်။ အမှန်တကယ် အရည်အချင်းရှိတဲ့ တက်သစ်စ အဆိုတော်များရဲ့ လက်ရာမြောက် သီချင်း တွေကလည်း အများအပြားပါပဲ။ ကွီးတို့ တစ်ခါ နားဆင်ဖူးတာနဲ့ ကြွေသွားမယ့် သီချင်းမျိုးတွေပါ။

တက်သစ်စ အဆိုတော်တွေရဲ့ လက်ရာမြောက် တေး သီချင်း များကို နားဆင်ခံစား ချင်တယ်ဆိုရင်တော့ အဆုံးအထိ ဆက်လက် နားဆင်ခံစားကြည့်လိုက်ပါဦး။

Beautiful Things By Benson Boone

ဒီသီချင်းလေးကတော့ လွန်ခဲ့တဲ့ ၂ လလောက်ကမှ ထွက်ရှိထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းလေးက အစပိုင်းမှာ သံစဥ် အေးအေးလေးနဲ့ အစပြုထားပြီး သီချင်း အလယ်နားလောက်မှာ ရော့ခ်စတိုင်လ်သို့ ချက်ချင်းပြောင်းသွားတာက ရှယ်မိုက်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ကွီးတို့ မယုံရင် နားထောင်ကြည့်လိုက်ပါ။ တကယ် ကြွေသွားမှာပါ။

Source: Benson Boone

ART By Tyla

ဒီသီချင်းလေးက ပြီးခဲ့တဲ့ ရက်သတ္တပတ် (၃) ပတ်လောက်ကမှ ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အဆိုတော်အသစ် တစ်ယောက်ဖြစ်တဲ့ Tyla က သီဆိုထားတာပဲ ဖြစ်ပါတယ်။

Source: Tyla

Aisle 6 By Sadie Jean

Sadie Jean ကတော့ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ အမေရိကန် အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Aisle ဆိုတဲ့ သီချင်းလေးက အေးအေးလေးနဲ့ နားထောင်လို့ ကောင်းပါတယ်။ သူ့ရဲ့ WYD Now? ဆိုတဲ့ သီချင်းလေးကလည်း TikTok မှာ တော်တော်လေးကို နာမည်ကြီးပြီး ပေါက်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

Source: Sadie Jean

Golden Hour By JVKE

သီချင်းလေးရဲ့ အစကို နာမည်ကြီး စန္ဒရား သံစဥ်လေးနဲ့ အစပြုထားတာပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ ၂၀၂၂ လောက်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

Source: JVKE

Parking Lot By Kelsie Kimberlin

ဒီသီချင်းလေးကလည်း လွန်ခဲ့တဲ့ ရက်သတ္တပတ် (၂) ပတ်လောက်ကမှ ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ Kelsie Kimberlin ဆိုတဲ့ အမေရိကန် အဆိုတော်က သီဆိုထားတာပဲ ဖြစ်ပါတယ်။ သူ(မ)ရဲ့ အသက်ကတော့ ၂၄ နှစ်သာ ရှိသေးတာပါ။

Source: Kelsie Kimberlin

Daylight By David Kushner

ဒီသီချင်းလေးကတော့ မနှစ်ကမှ ထွက်ရှိထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ Bravo Hits 122 ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ David Alan Kushner II ဆိုတဲ့ အမေရိကန် သီချင်းရေးဆရာနှင့် အဆိုတော်ဖြစ်သူက သီဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Source: David Kushner

အခုဖော်ပြသွားတဲ့ သီချင်းလေးတွေကို ကွီးတို့ရော ဘယ်လို သဘောရပါသလဲ။ ဒိတ်ဒိတ်ကြဲ နာမည်မကြီးတဲ့ အဆိုတော်တွေဆိုပေမယ့်လည်း သူတို့ရဲ့ သီချင်းကို သွားပြီး အထင်သေးလို့တော့ မရပါဘူး။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ရဲ့လား။

Source: YouTube

Featured Image: Inc.com