လက်ဝှေ့လောကမှာ Mike Tyson ကို မသိသူက မရှိသလောက်ရှားပါတယ်။ လက်ဝှေ့ ကျော်ကြီး Mike Tyson သည် နာမည်ကြီးလက်ဝှေ့သမားတစ်ဦးဖြစ်ပြီး သူသည် သူ စားသောက်တဲ့ Diet Plan နဲ့ လေ့ကျင့်ခန်း များနှင့် ပတ်သက်လာလျှင် စည်းကမ်းတင်းကြပ်သူတစ်ယောက်ဖြစ်ပါတယ်။

Mike သည် အမေရိကန် ပရာ်ဖက်ရှင်နယ်လက်ဝှေ့ကစားသမားတစ်ယောက်ဖြစ်ပြီး ၁၉၈၅ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ဆော့ကစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ပြောင်တွေကတော့ Iron Mike ၊ Kid Dynamite ဆိုတဲ့ နာမည်ပြောင်တွေ ပေးခြင်းခံရပါတယ်။

သူ့ကို ၁၉၆၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က နယူးယော့ခ်မြို့တွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူသည် ဟဲဗီးဝိတ်တန်းထဲတွင် အကောင်းဆုံး လက်ဝှေ့သမားအဖြစ် နာမည်ကြီးပါတယ်။

လက်ဝှေ့ သမားကြီး Mike Tyson သည် လက်ဝှေ့အားကစားသမားအဖြစ် အနားယူလိုက်ပြီဖြစ်ပေမယ့် သူ့ရဲ့ Diet Plan နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပုံပြုလုပ်နည်းတို့သည် ယနေ့ထိတိုင် လူကြိုက်များနေဆဲပါပဲ။ သူ့လိုမျိုး ခန္ဓာကိုယ် ထိန်းကာ ကြွက်သားများ ကြီးထွားအောင် ဆော့ကစားချင်သူများအတွက် သူ့ရဲ့နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

အရင်ဦးဆုံး Diet Plan လေးနဲ့ စတင်လိုက်ရအောင်။ သူသည် တစ်နှေ့လျှင် နံနက်စာ၊ နေ့လည်စာ၊ ညစာနှင့် သွားရေစာတို့ကို အဓိကစားသုံးလေ့ရှိပြီး တခါတရံမှာတော့ စိတ်အလိုလိုက်တဲ့ရက်တွေလည်းရှိတယ်လို့ ပြောပြထားပါတယ်။

မနက်စာ

လက်ဝှေ့ Mike Tyson Diet Plan လေ့ကျင့်ခန်း

တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံး အစားအစာကတော့ မနက်စာပဲဖြစ်ပါတယ်။ သူသည် မနက်စာကို ပရိုတင်းနှင့် ကာဘိုဟိုက်ဒြိုက်ဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့အစားအစာများကို စားသုံးလေ့ရှိပါတယ်။ အထူးသဖြင့် အုတ်ဂျုံ၊ နွားနို့နှင့် ဗီတာမင်ဖြည့်စွက်စာများ မှီဝဲစားသုံးပါတယ်။

နေ့လည်စာ

ကြက်ရင်အုံ

workout plan and diet for kwee

ကာဘိုဟိုက်ဒြိုက်ဓာတ်နည်းနည်းနှင့် ပရိုတင်းဓာတ်များများ ကြွယ်ဝတဲ့အစားအစာတွေအတွက်တော့ ကြက်ရင်အုံက အသင့်တော်ဆုံးပါပဲ။

ထမင်း

workout plan and diet for kwee

ထမင်းကတော့ ကျွန်တော်တို့မြန်မာလူမျိုးများနဲ့ သိပ်မစိမ်းတဲ့အဓိကအစားအစာတစ်ခုဖြစ်ပါတယ်။

လိမ္မော်ဖျော်ရည်

workout plan and diet for kwee

လိမ္မော်ဖျော်ရည်သည် ဗီတာမင်စီဓာတ်ကြွယ်ဝပြီး သကြားဓာတ်အနည်းငယ်လည်း ပါဝင်တဲ့အတွက်ကြောင့် စွမ်းအင်လည်းရအောင် ကူညီပေးမှာဖြစ်ပါတယ်။ အချိုဓာတ်တောင့်တင်နေတဲ့အချိန်မှာ ဒီဖျော်ရည်လေးက အကောင်းဆုံးပါပဲ။

ညစာ

အမဲသား Steak

workout plan and diet for kwee

အမဲသား Steak ထဲမှာ ဗီတာမင် B6 နဲ့ သဘာဝအဆီဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် အဆီနည်းတဲ့အစားအစာတွေစားသုံးချင်တယ်ဆိုရင်တော့ ဒါကို ရွေးချယ်သင့်ပါတယ်။

လိမ္မော်ရည်

workout plan and diet for kwee

အမဲသား Steak နဲ့ လိုက်ဖက်တာကတော့ ဝိုင်တစ်ခွက်ဆိုပေမယ့် Mike ကတော့ လိမ္မော်ရည်နဲ့ တွဲဖက်စားရတာကို ပိုကြိုက်တာဖြစ်ပါတယ်။

သွားရေစာ

workout plan and diet for kwee

Photo: Whole Life Challenge

အားကစားသမားပီပီ သွားရေစာ စားသုံးတဲ့အခါ ပရိုတင်းရှိတ်ကို ငှက်ပျောသီး ၆ လုံးနဲ့အတူတူ ဖျော်စပ်ထားတဲ့ ပရိုတင်းရှိတ်ကို သောက်သုံးပါတယ်။ ဒီပရိုတင်းဖြည့်စွက်စားသည် ကြွက်သားများ မြန်မြန်ဆန်ဆန်ကြီးထွားလာအောင် ကူညီပေးတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။

သူသည် ရံဖန်ရံခါမှာလည်း စိတ်အလိုလိုက်ကာ ရေခဲမုန့်များ စားသုံးတဲ့အချိန်လည်းရှိပါသေးတယ်။

လက်ဝှေ့ သမားကြီး Mike Tyson ရဲ့ Diet Plan တွေကို သိသွားပြီဆိုရင်တော့ သူ့ရဲ့ လေ့ကျင့်ခန်း များဆီ သွားကြည့်လိုက်ရအောင်။

သွေးပူလေ့ကျင့်ခန်း

လက်ဝှေ့ Mike Tyson Diet Plan လေ့ကျင့်ခန်း

သူသည် သွေးပူလေ့ကျင့်ခန်းချည်းပဲကို ၄၅ မိနစ် ပြုလုပ်တာဖြစ်ပါတယ်။ များသောအားဖြင့် Cardio လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့ အပြေးလေ့ကျင့်ခန်းကို ပြုလုပ်တာဖြစ်ပါတယ်။

Bodyweight လေ့ကျင့်ခန်းများအတွက်

လက်ဝှေ့ Mike Tyson Diet Plan လေ့ကျင့်ခန်း

Mike အတွက် Bodyweight လေ့ကျင့်ခန်းများနှင့် Strength Training ပိုင်းကို အဓိကထားကစားသူဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းများနှင့် ပတ်သက်လာလျှင် လေ့ကျင့်ခန်းတစ်ခုတည်းကိုပဲ အကြိမ်ရေ ရာထောင်ချီအောင် ပြုလုပ်တာဖြစ်ပါတယ်။

Squats ထိုင်ခြင်း

လက်ဝှေ့ Mike Tyson Diet Plan လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို အနည်းငယ်ခြားထားကာ မတ်တပ်ရပ်နေပါ။ ထို့နောက် ပေါင်တံနှင့် ကြမ်းပြင်က မျဉ်းပြိုင်ပုံဖြစ်သွားအောင် Squats ထိုင်ပေးရမှာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားကြီးကတော့ တစ်ခါဆော့ကစားရင် အကြိမ်ရေ ၂၀၀၀ ခန့် Squats ထိုင်တာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ကတော့ ကိုယ့်ရဲ့ခံနိုင်ရည်အပေါ် မူတည်ပြီး အကြိမ်ရေ ၁၅ ကြိမ်၊ ၄ ကျော့ခန့် ဆော့ကစားပေးနိုင်ပါတယ်။

Pushups လေ့ကျင့်ခန်း

လက်ဝှေ့ Mike Tyson Diet Plan လေ့ကျင့်ခန်း

Pushups ဒိုက်ထိုးလေ့ကျင့်ခန်းကတော့ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသားလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ကွီးတို့ကတော့ တစ်ခါဆော့ကစားပါက ၁၂ ကြိမ်၊ ၁၅ ကြိမ်၊ ၃ ကျော့၊ ၄ ကျော့ခန့် ဆော့ကစားပေးနိုင်ပါတယ်။

လက်ဝှေ့ ကျော်ကြီး Mike Tyson ကတော့ သူ့ရဲ့ Diet Plan ကို စနစ်တကျလိုက်စားတဲ့အပြင် ဒီဒိုက်ထိုး လေ့ကျင့်ခန်း ကိုလည်း အကြိမ်ရေ ၅၀၀ ခန့် ပြုလုပ်တာဖြစ်ပါတယ်။

နောက်ထပ်တစ်ဆင့်တက်ကာ ဆော့ကစားတဲ့လေ့ကျင့်ခန်းကတော့ ဘောက်ဆင်ထရိန်နင်လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

သူသည် လက်ဝှေ့ကစားခြင်းကို ၁၀ ကြိမ်၊ အကြိမ် ၂၀ ခန့် ဆော့ကစားပြီး အေရိုးပစ်လေ့ကျင့်ခန်းများကိုလည်း ဆော့ကစားပါသေးတယ်။ သူ့ရဲ့ လက်ဝှေ့နည်းဗျူဟာအတွက်လည်း နောက်ထပ် ၄၅ မိနစ်ခန့် ထပ်မံဆော့ကစားပါသေးတယ်။

လေ့ကျင့်ခန်းအားလုံး ဆော့ကစားပြီးတဲ့နောက်မှာတော့ အကြောလျော့လေ့ကျင့်ခန်းကို ပြန်ထည့်ကစားပါသေးတယ်။

အကြောလျော့လေ့ကျင့်ခန်းအတွက် ၁ နာရီခွဲခန့် အချိန်ပေးသူတစ်ယောက်ဖြစ်ပါတယ်။ အားကစားကတော့ Gym စက်ဘီးပေါ်တွင် စက်ဘီးစီးနင်းခြင်းပဲဖြစ်ပါတယ်။

Source: Manofmany

Featured Image: Breezyscroll