လည်ပင်း တက်တူး ဒီဇိုင်း များသည် တစ်ချိန်တစ်ခါတုန်းကတော့ လူမိုက်ဂိုဏ်းများ၊ ရာဇဝတ်သားများ စသည်တို့သာ ရေးထိုးခဲ့ကြပေမယ့် ယနေ့ခေတ်မှာတော့ သန်မာခြင်း၊ ခွန်အားရှိခြင်း၊ ယောကျာ်းပီသခြင်း အစရှိသည်တို့ကို ဖော်ပြနေတဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။

လည်ပင်း ပေါ်မှာ တက်တူး ရေးထိုးထားတာဖြစ်တဲ့အတွက်ကြောင့် ကွီး တို့ ဝတ်ဆင်ထားတဲ့ အဝတ်များနှင့် ဖုံးထားလို့မရပါဘူး။ ဒါ့အပြင် လည်ပင်းနေရာမှာ ရေးထိုးထားတဲ့ တက်တူး တွေသည် အနာကျင်ဆုံးပဲဖြစ်ပါတယ်။

သို့သော် ကွီးတို့အနေနဲ့ ထိုနာကျင်မှုကို မမှုဘဲ အမိုက်စား လည်ပင်း တက်တူး များကို ရေးထိုးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဒီဇိုင်း များကို ရေးထိုးနိုင်ပါတယ်။

လည်ပင်းနောက်နားမှာ ရေးထိုးထားတဲ့ တက်တူးဒီဇိုင်းများ

tattoos around neck

အချို့တွေက နားနောက်မှာ တက်တူးသေးသေးလေး ရေးထိုးတတ်ကြပါတယ်။ ကွီးတို့အနေနဲ့ ဂုတ်နားမှာ တောင်ပံပုံရေးထိုးလို့လည်းရပါတယ်။ ထိုတက်တူးသည် လတ်တလောမှာ ရေးပန်းစားနေတဲ့ ဒီဇိုင်းတစ်မျိုးဆိုလည်း မမှားပါဘူး။

လည်ပင်းအပြည့် ရေးထိုးချင်သလား

tattoos around neck

ကွီးတို့လည်ပင်းအပြည့်မှာ ကော်လံပုံစံလေး ရေးထိုးချင်ပါသလား။ ဒီလိုမျိုး Geometric Patterns ဒီဇိုင်းသည်လည်း ကွီးတို့ရဲ့ တက်တူးကို ပေါ်လွင်စေမှာဖြစ်ပါတယ်။

တက်တူးအသေးစား

tattoos around neck

အချို့ကလည်း လည်ပင်း ပေါ်မှာ တက်တူး အသေးစား ဒီဇိုင်း ထိုးမယ်ဆိုရင် ရောမနံပါတ်အသေး၊ ကိုယ်ချစ်ရတဲ့ ချစ်သူရဲ့နာမည်များ အစရှိသည်တို့ကို ရေးထိုးလေ့ရှိပါတယ်။

နတ်သမီးပုံတက်တူး

tattoos around neck

နတ်သမီးပုံတက်တူးများသည်လည်း တက်တူးချစ်သူများအကြား ရေပန်းစားသော တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။ လည်ပင်းနေရာမှာလည်း လိုက်ဖက်တဲ့ ဒီဇိုင်းတစ်မျိုးပဲဖြစ်ပါတယ်။

လည်ပင်းအရှေ့မှာ ရေးထိုးနိုင်တဲ့ တက်တူး

လည်ပင်း တက်တူး

အနုပညာလက်ရာမြောက်အောင် ရေးထိုးထားတဲ့ ရုပ်ကြွတက်တူးဒီဇိုင်းလေးပဲဖြစ်ပါတယ်။

လက်ဝါးကပ်တိုင်တက်တူး

လည်ပင်း တက်တူး

အချို့သောတက်တူးချစ်သူတွေသည် လက်ဝါးကပ်တိုင်ပုံတက်တူး ရေးထိုးရတာကို နှစ်သက်ကြပါတယ်။ ထိုတက်တူးများသည် ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းနေစေမယ့် တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

နှင်းဆီပန်းပုံတက်တူး

လည်ပင်း တက်တူး

နှင်းဆီပန်းပုံတက်တူးများသည် သင်္ဘောသားများအကြား ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ နှင်းဆီပန်းပုံတက်တူးများသည် အလှအပနှင့် ဘဝကြီးရဲ့ နာကျင်မှု၊ ချစ်ခြင်းတရားနှင့် သေဆုံးခြင်းတို့ကို ကိုယ်စားပြုပါတယ်။

သရဖူပုံတက်တူး

လည်ပင်း တက်တူး

သရဖူပုံတက်တူးတွေကတော့ ကိုယ့်ဘဝမှာ ကိုယ်သည်သာ ရှင်ဘုရင်ဖြစ်ကြောင်း ဖော်ပြချင်တဲ့အခါမှာ ရေးထိုးလေ့ရှိကြတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ စုံတွဲများအကြားလည်း ရေးထိုးလေ့ရှိကြတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

ကြယ်ပုံတက်တူး

လည်ပင်း တက်တူး

ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းချင်တယ်ဆိုရင်တော့ ဒီလိုမျိုး ကြယ်ပုံတက်တူးဒီဇိုင်းလေးတွေကို ရွေးချယ်နိုင်ပါတယ်။

မီးလျှံ တက်တူး

လည်ပင်း တက်တူး

အမိုက်စားတက်တူးဒီဇိုင်းမျိုး ရေးထိုးချင်တဲ့ ကွီးတို့အတွက် သင့်တော်တဲ့တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

အခုဖော်ပြပေးသွားတဲ့ တက်တူးဒီဇိုင်းလေးတွေကို ကွီးတို့အားလုံး နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Thetrendspotter

Featured Image: Toptrendsguide