ယနေ့ခေတ်တွင် တက်တူးများသည် ဖက်ရှင်တစ်ခုဆိုတာထက် ပိုပါတယ်။ အချို့တက်တူးချစ်သူများသည် တက်တူးကို အနုပညာတစ်ခုလို သဘောထားကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့သည် တက်တူးထိုးတော့မယ်ဆိုရင်တော့ တကယ့်ကျွမ်းကျင် တက်တူး Artist များထံ အချိန်ကုန် ငွေကုန်ခံပြီး သွားထိုးကြတာဖြစ်ပါတယ်။

တက်တူးထိုးတဲ့အခါမှာလည်း အမှန်တကယ် ကျွမ်းကျင်တတ်မြောက်တဲ့ တက်တူး Artist များထံတွင်သာ သွားရောက် ရေးထိုးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုတက်တူးများသည် သင့်ရဲ့ဖက်ရှင်ကို ကြည့်ကောင်းလာအောင် ကူညီပေးမှာဖြစ်ပြီး တစ်ခါရေးထိုးပြီးပါကလည်း ဖျောက်ဖျက်ရခက်လို့ပါပဲ။ လေဆာနဲ့ ဖျောက်လို့ရတယ်ဆိုပေမယ့်လည်း တက်တူး တစ်ခါထိုးရတဲ့ နာကျင်မှုနဲ့ လေဆာနဲ့ ဖျောက်ရတဲ့ နာကျင်မှုတို့ကို ခံစားရမှာဖြစ်တာကြောင့် တက်တူးမထိုးခင်ကတည်းက သေချာစဉ်းစားဆုံးဖြတ်သင့်ပါတယ်။

ကမ္ဘာကျော် တက်တူး Artists များ အများအပြားရှိတဲ့အနက် ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များနေတဲ့ တက်တူးပညာရှင်များကတော့ …

Curt Montgomery

tattoos designs

သူ့မှာတော့ ဖော်လိုဝါပေါင်း ၄၃၇၀၀၀ ယောက် ရှိပါတယ်။ သူသည် ကနေဒါနိုင်ငံမှ တက်တူးပညာရှင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဆန်းပြားလှပတဲ့ဒီဇိုင်းများကြောင့် လူကြိုက်များတာဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းများကို လေ့လာချင်ပြီး အင်စတာဂရမ်မှာ ဖောလိုးလုပ်ထားချင်တယ်ဆိုရင်တော့ @inideouttoronto ကို ဖောလိုးလုပ်ထားနိုင်ပါတယ်။

Mira Mariah

tattoos designs

သူ့မှာတော့ ဖော်လိုဝါပေါင်း ၂၂၇၀၀၀ ရှိပါတယ်။ သူကတော့ ၂၀၁၄ ကတည်းက ကျော်ကြားကာ နာမည်ကြီးခဲ့တဲ့ တက်တူး Artist တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၉၂ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့တက်တူးများသည် များသောအားဖြင့် ပန်းပွင့်များ၊ တိရစ္ဆာန်များ အစရှိတဲ့ သဘာဝအလှပေါ် အခြေခံကာ ရေးဆွဲထားတာဖြစ်ပြီး မှင်အရောင်ကိုတော့ အနက်နဲ့ မီးခိုးရောင်ကိုသာ အသုံးများပါတယ်။

Pony Wave

တက်တူး Artist

Pony Wave ကတော့ ရုရှားလူမျိုး တက်တူးဆရာမတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တက်တူးများသည် အသေးစိတ်ဆန်တဲ့အတွက်ကြောင့် လူကြိုက်များပါတယ်။ သူ့မှာကတော့ ဖော်လိုဝါပေါင်း ၂၄၂၀၀၀ ယောက် ရှိပါတယ်။

Bang Bang Tattoo

တက်တူး Artist

Bang Bang Tattoo စတူဒီယိုကို ဖွင့်လှစ်ထားသူကတော့ Keith Scott McCurdy ဖြစ်ပြီး သူ့ရဲ့နာမည်ပြောင်ကတော့ Bang Bang ဖြစ်ပါတယ်။ သူသည် Rihanna ၊ Katy Perry ၊ LeBron James ၊ Miley Cyrus နဲ့ Selena Gomez အစရှိတဲ့ ကမ္ဘာကျော် အနုပညာရှင်များကို တက်တူးရေးထိုးပေးရလောက်တဲ့အထိ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာတော့ ဖော်လိုဝါပေါင်း ၂.၄ သန်းရှိပါတယ်။

Reese Hilburn

တက်တူး Artist

ဒီတက်တူးပညာရှင်မှာတော့ ဖော်လိုဝါပေါင်း ၁၂၀၀၀၀ ယောက် ရှိပါတယ်။ သူကတော့ တက်တူးလောကထဲသို့ ၂၀၁၃ ခုနှစ်ကတည်းက ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူ(မ)ရဲ့ ကျွမ်းကျင်နယ်ပယ်ကတော့ Geometric တက်တူးများနှင့် ရေဆေးမှင်များကို အသုံးပြုကာ ရေးထိုးခြင်းပဲဖြစ်ပါတယ်။ တိရစ္ဆာန်ပုံများ၊ ပန်းပွင့်ပုံများ၊ စူပါဟီးရိုးပုံများ၊ အရိုးခေါင်းပုံများ ရေးထိုးရာမှာလည်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။

Source: Savedtattoo

Featured Image: Dutchreview