အမျိုးသားဝတ် ဖက်ရှင်တွေထဲမှာ စတိုင်မိမိုက်ပြီး ကြည့်ကောင်းတဲ့ ဖက်ရှင်လို့ ပြောလိုက်ရင် လည်သာ ဂျက်ကတ်တွေက မပါမဖြစ်ပါပဲ။ ရာသီဥတုအေးတဲ့ အချိန်တွေ ၊ ခရီးသွားတဲ့အချိန်တွေနဲ့ ဆိုင်ကယ်စီး ဝါသနာပါတဲ့ ကွီးတို့အတွက် လည်သာ ဂျက်ကတ်တွေက ပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ ရွေးချယ်စရာ ဒီဇိုင်းစုံပြီး ကွီးတို့ရဲ့ စတိုင်နဲ့ လိုက်ဖက်ညီမယ့် ဂျက်ကတ်ဒီဇိုင်းကို ရွေးချယ်ဝတ်ဆင်လို့ ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမိုက်စား လည်သာ ဂျက်ကတ် ကောင်းကောင်းတစ်ထည် ရှာနေတဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံး ဂျက်ကတ်တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Roland Sands Ronin ဂျက်ကတ်


Photo : The Manual

Roland Sands Design Ronin ဂျက်ကတ် ကတော့ ဆိုင်ကယ်စီးဝါသနာပါတဲ့ Biker ကွီးတွေ ရွေးချယ်သင့်တဲ့ အမိုက်စား လည်သာဂျက်ကတ်တစ်ထည် ဖြစ်ပါတယ်။ ချုပ်ရိုးချုပ်သား သေသပ်လှပပြီး ဒီဇိုင်းလန်းတဲ့ ဂျက်ကတ်တစ်ထည်ဖြစ်တာကြောင့် ဆိုင်ကယ်ပေါ်မှာသာမကအပြင်မှာပါ စတိုင်ကျကျ ရှိုးထုတ်လို့ ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ဝန်းကျင်ရှိပါတယ်။

(၂) Tommy Hilfiger Quilted Faux လည်သာ ဂျက်ကတ်

Photo : The Manual

အမေရိကန် နာမည်ကြီး ဖက်ရှင် Brand ဖြစ်တဲ့ Tommy Hilfiger ကထုတ်တဲ့ လည်သာ ဂျက်ကတ် ဖြစ်ပါတယ်။ Tommy Hilfiger ရဲ့ အမေရိကန် လည်သာ ဂျက်ကတ်တွေဟာ Jeans ဘောင်းဘီ ၊ Classic T-Shirt တွေနဲ့ အလိုက်ဖက်ဆုံး တွဲဖက်ဝတ်ဆင်နိုင်အောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး Daily ဖက်ရှင်တစ်ခုအနေနဲ့ပါ စတိုင်ကျကျ ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း အတော်လေး သက်သာတဲ့ ဂျက်ကတ်တစ်ထည်ဖြစ်ပြီး ဒေါ်လာ ၉၀ ဝန်းကျင်သာ ရှိပါတယ်။

(၃) Vince Leather Café Racer ဂျက်ကတ်


Photo : The Manual

Vince ဂျက်ကတ် ကတော့ ဘယ်တော့မှမရိုးနိုင်တဲ့ ဒီဇိုင်းနဲ့ လူငယ်ဆန်ဆန် ၊ ပေါ့ပါးလွတ်လပ်မှုရှိတဲ့ အမိုက်စား လည်သာ ဂျက်ကတ်တစ်ထည် ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း T-Shirt အဖြူတစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်လို့ အလိုက်ဖက်ဆုံးပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ ဝန်းကျင်ရှိပါတယ်။

(၄) Schott NYC Waxed Natural Cowhide လည်သာ ဂျက်ကတ်


Photo : The Manual

Schott NYC ဖက်ရှင်အမှတ်တံဆိပ်ကတော့ လည်သာဂျက်ကတ်တွေနဲ့ ပတ်သတ်ရင် သိပ်ကိုနာမည်ကြီးတဲ့ အမေရိကန် Brand တစ်ခုဖြစ်ပါတယ်။ Schott NYC Waxed Natural Cowhide လည်သာ ဂျက်ကတ်ဟာ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ အထာကျကျ ဝတ်ဆင်နိုင်မယ့် စွယ်စုံရ ဂျက်ကတ်တစ်ထည် ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၅၀ ဝန်းကျင်ရှိပါတယ်။

(၅) Allaric Alley Distressed Biker ဂျက်ကတ်

Photo : The Manual

Biker ဂျက်ကတ်တွေက ဈေးကွက်ထဲမှာ Iconic အဖြစ်ဆုံး လည်သာဂျက်ကတ်တွေ ဖြစ်ပါတယ်။ Biker ဂျက်ကတ်တွေဟာ ၁၉၅၃ ခုနှစ်က ထွက်ခဲ့တဲ့ The Wild Ones ရုပ်ရှင်မှာ အမေရိကန်မင်းသားကြီး Marlon Brando ဝတ်ခဲ့ရာကနေ စတင်ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ Black Jeans ၊ Chelsea Boots တွေနဲ့ စတိုင်ကျကျ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံး ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၃၀ ဝန်းကျင်ရှိပါတယ်။

Featured Photo : Valet Mag