Bomber ၊ Biker ၊ Trucker ၊ Denim ၊ Hooded ၊ Overcoat ၊ Pea Coat ၊ Trench Coat စတဲ့ ဂျက်ကတ်အမျိုးအစားတွေ တစ်ပုံကြီး ထဲမှာ နွေရော ဆောင်းပါ အဆင်ပြေပြေ ဝတ်လို့ ရပြီး အမျိုးသားတွေ အကြိုက်တွေ့ဆုံးက Denim Jacket တွေပါပဲ။ Denim တွေက အကြမ်းခံတယ် ၊ ရေရှည်ဝတ်ပျော်ပြီး Stylish ဖြစ်တယ်။ တစ်ခါ ဝယ်ထားမိရင် ၄-၅ နှစ် လှည့်မကြည့်တမ်း ဝတ်လို့ အဆင်ပြေပါတယ်။
Denim Jacket က အမျိုးအစားမှန်ပြီး ကိုယ်နဲ့ Fit ဖြစ်နေဖို့ပဲ လိုပါတယ်။ ဒါကြောင့် ကိုယ့်ဘော်ဒီနဲ့ အဆင်ပြေဆုံး Denim Jacket တစ်ထည် ဝယ်တော့မယ်ဆိုရင် ထည့်ပြီး စဉ်းစားရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ပခုံး

denim-jacket-fit-02

Photo : theessentialman

Denim Jacketတစ်ထည် ကိုယ်နဲ့ အဆင်ပြေမပြေ သိဖို့ အလွယ်ဆုံးနည်းလမ်းက ပခုံးဆိုဒ်ကျတာကို ကြည့်တာပါပဲ။ ပခုံးအရိုးဆက်နေရာမှာ ဂျာကင်လက်မောင်းဆက်အကျ နဲ့ အညီ ဖြစ်နေဖို့ လိုပါတယ်။ ပခုံးဆိုဒ်ကျလွန်းရင်လည်း အင်္ကျီလက်အိုးမမှန်ဖြစ်ပြီး Oversized ဆန်ဆန် ကြည့်ရဆိုးသွားနိုင်သလို ပခုံးရိုးဆက်ရဲ့ အထက်နားရောက်နေရင်လည်း ကျပ်ပြီး ဖက်ရှင်အရ ကြည့်ရဆိုးသွားနိုင်ပါတယ်။

(၂) လက်အနား

denim-jacket-fit-03

Photo : theessentialman

အင်္ကျီလက်အနားတွေလည်း Fit ဖြစ်ဖို့ လိုပါတယ်။ လက်အနား Sleeves တွေဟာ လက်ကောက်ဝတ်နေရာနဲ့ ကွက်တိ ဖြစ်နေဖို့ လိုပါတယ်။ လက်မဝက်အတိုအရှည်ကလည်း အင်္ကျီလက်အနားရဲ့ ပုံကျမှုကို ထိခိုက်နိုင်ပါတယ်။

(၃) ကိုယ်လုံး

denim-jacket-fit-04

Photo : theessentialman

အနောက်နိုင်ငံတွေမှာDenim Jackets တွေကို များသောအားဖြင့် နွေရာသီ အပေါ်ထပ်အဖြစ် ဝတ်ကြပါတယ်။ ကျွန်တော်တို့ဆီမှာလည်း အပြင်သွားလို့ ဂျက်ကတ်ဝတ်မယ်ဆိုရင် Denim Jacketsဝတ်လေ့ရှိပါတယ်။ နွေရာသီမှာ ဝတ်တာ ဖြစ်လို့ သိပ်ကျပ်လို့ မဖြစ်ပါဘူး။ ဂျက်ကတ်အောက်မှာ တီရှပ်ပေါ့ပေါ့ပါးပါး ခံဝတ်ပြီး အပေါ် ဂျက်ကတ်ကိုလည်း Light Washed Denim ဖြစ်အောင် ရွေးချယ်သင့်ပါတယ်။

(၄) အရှည်

denim-jacket-fit-05

Photo : theessentialman

Denim Jacketတွေရဲ့ မူလအစဟာ Cowboys နဲ့ ရထားလမ်း အလုပ်သမားတွေအတွက် လုပ်ငန်းခွင်ဝတ်စုံအဖြစ် ဒီဇိုင်းထုတ်ခဲ့တာပါ။ ကောင်းဘွိုင်တွေ မြင်းစီးရ လွတ်လပ်အောင် ခါးတို Crop ထုတ်ခဲ့ပြီး အခုနောက်ပိုင်းမှ Proportion ကျအောင် ခါးနေရာရောက်တဲ့ Length သုံးလာတာ ဖြစ်ပါတယ်။ တကယ်လို့ Classic စတိုင်ကို ကြိုက်ရင်တော့ Shorter Crop စတိုင်ကို ရွေးနိုင်ပါတယ်။

Featured Photo : youraverageguystyle