အာဆင်နယ် က ချန်ပီယံလိဂ်မှာ အတွေ့အကြုံ မရှိတဲ့အသင်း ချန်ပီယံလိဂ်ဖလားကို အနံ့တောင် မရှုဖူးတဲ့အသင်းဆိုပြီး အခြားအခြားသော အသင်းပရိသတ်တွေက ဝိုင်းလှောင်ကြ ပြောင်ကြနေပေမယ့် အခုတော့ ပီအက်စ်ဂျီလို နှစ်တိုင်းနီးပါး ချန်ပီယံလိဂ် ကစားနေရတဲ့ အသင်းမျိုးကိုတောင်မှ ပေးဂိုးတောင် ခွင့်ပြုလိုုက်ရခြင်း မရှိပဲနဲ့ (၂)ဂိုးပြတ်နဲ့ အနိုင်ရလိုက်ပါတယ်။

kai havertz

Photo Credit: Arsenal

ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ စီးရီးအေကလပ် အတ္တလန်တာနဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးမရှိသရေသာ ဖြစ်ခဲ့တဲ့ အာဆင်နယ်တို့ ဒီတစ်ပတ် အတ္တလန်တာထက် အစစအရာရာ အားသာနေတဲ့ ပီအက်စ်ဂျီနဲ့ ကစားရမယ့် ပွဲမှာတော့ အသကုန် အကျုံးခံရတော့မယ်လို့ တော်တော်များများက ထင်ကြမှာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ အာဆင်နယ် က ပဲရစ်က ကလေးဗိုလ်အသင်းကို တစ်ပွဲလုံးနီးပါး အကောင်းဆုံးပုံစံနဲ့ ကစားသွားခဲ့ပြီး ကိုင်း ဟာဗက်ဇ် ၊ ဘူကာယို ဆာကာတို့ရဲ့ ပထမပိုင်း ဂိုးတွေနဲ့ပဲ အနိုင်ယူသွားခဲ့ပါတယ်။

havertz goal

Photo Credit: 101 Great Goals

အာဆင်နယ်က အတ္တလန်တာနဲ့ပွဲမှာ (၃)မှတ်အပြည့် မရယူနိုင်ခဲ့လို့ အခု ပီအက်စ်ဂျီနဲ့ပွဲမှာတော့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီကလည်း ဘာပေတို့ ရှိတုန်းကတောင် အင်္ဂလန်မြေမှာ နယူးကာဆယ်ကို (၄)ဂိုး (၁)ဂိုးနဲ့တောင် ရှုံးခဲ့သေးတာ အခု အာဆင်နယ်နဲ့ ကစားတော့လည်း ထပ်ရှုံးပြန်ပါတယ်။ တကယ်တော့ အာဆင်နယ်ရော ပီအက်စ်ဂျီရောက နှစ်သင်းလုံး ထိပ်တိုက် မတွေ့ဆုံခင်မှာ လုံးဝ ရှုံးပွဲမရှိထားတဲ့ အသင်းတွေပါ။ အာဆင်နယ် ကတော့ ဘရိုက်တန် မန်စီးတီး အတ္တလန်တာတို့ကို သရေကျထားပေမယ့် ပီအက်စ်ဂျီက Reims တစ်သင်းတည်းကိုသာ သရေကျထားပြီး ကျန်တဲ့အသင်းတွေကို အနိုင်ရထားပါတယ်။

arsenal fc

Photo Credit: Pain in the Arseenal

အခုတော့ လန်ဒန်မြေက အိမရိတ်ဒ်ကွင်းမှာ အိမ်ရှင် ဆင်ပျံကြီးတို့ကို ဒူးထောက် အရှုံးပေးခဲ့ရပြီး အာဆင်နယ်ကလည်း လာမယ့် ပွဲစဉ် (၃)မှာ ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ ဆုံရဦးမှာမို့ နောက်ထပ် နိုင်ပွဲ ထပ်ရဖို့ သေချာသလောက် ရှိနေပါတယ်။ အာဆင်နယ် အတွက် နိုင်ပွဲထက် ပိုချိုမြိန်တာကတော့ ဒီနွေမှ ခေါ်ထားတဲ့ စပိန် ကွင်းလယ်လူ မယ်ရီနို အခုပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားသွားခဲ့တာပါပဲ။ အာဆင်နယ်ဟာ ဒီနိုင်ပွဲနဲ့ လုံးဝကို ထိုက်တန်မှု ရှိခဲ့တယ်လို့ပြောရင်း အဆုံးသတ်ချင်ပါတယ်။

Featured Photo: The Independent