လန်ဒန် ဘလူး (London Blue) လို့ ခေါ်ဆိုကြတဲ့ ချယ်လ်ဆီးအသင်းက ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ (၂)ပွဲကစားအပြီး (၁)ပွဲသရေ (၁)ပွဲ ရှုံးထားပြီး နိုင်ပွဲ မရထားသေးပါဘူး။ ဒီလို နိုင်ပွဲ မရသေးချိန်မှာ လူတန်တောင်းဆိုတဲ့ ပရီးမီးယားလိဂ် တန်းတက်ကလပ်အသင်းနဲ့ ဒီည အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားရပါမယ်။ ဆိုတော့ ဒီပွဲက ချယ်လ်ဆီးတို့ မဖြစ်မနေ နိုင်ပွဲ ရအောင် ယူရတော့မယ့် ပွဲစဉ်လို့ ယူဆရပါလိမ့်မယ်။

cfc

Photo Credit : The 4th Official

ချယ်လ်ဆီးက ပရီးမီးယားလိဂ် အဖွင့်ပွဲ (၂)ပွဲမှာ လီဗာပူးလ်ကို သရေကျပြီး ဝက်စ်ဟမ်းကို ရှုံးတယ်။ ဒါပေမယ့် အဲ့ဒီ (၂)ပွဲလုံးမှာ ချယ်လ်ဆီးတို့ ကစားပုံအရ ပြိုင်ဘက်အသင်းတွေထက် မနိမ့်ကျခဲ့သလို ပြီးခဲ့တဲ့ ရာသီကထက်လည်း စွမ်းဆောင်ရည်တွေ ပိုကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်း အားနည်းနေသေးတာ အသင်းအတွက် ပြသာနာတစ်ခု ဖြစ်နေသလို ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း တစ်ယောက်သာ အနေအထားနဲ့ ရလဒ် အလှည့်အပြောင်း ဖြစ်သင့်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ အရှုံးရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ရတယ်။

chelsea

Photo Credit : Sports Mole

ဒီလို အသင်းက ရလဒ်တွေ မကောင်းသေးတဲ့ အချိန်မှာ လူတန်တောင်းလို အသင်းမျိုးနဲ့ ဆုံတွေ့နေတာက ချယ်လ်ဆီးအတွက်တော့ တကယ်ကို အခွင့်အရေးကောင်းပါပဲ။ လူတန်က ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ အသင်း ၊ ကစားသမား ဖြည့်တင်းထားမှုတွေလည်း ရှိထားပေမယ့်လည်း အားရစရာ အနေအထားမှာ ရှိမနေထားသေးမို့ ဒီအသင်းထက် အဖက်ဖက်က အသာစီးရနေတဲ့ ချယ်လ်ဆီးတို့ ဒီပွဲမှာ ရလဒ်ကောင်းတစ်ခု မဖြစ်မနေ ယူဆောင်ဖို့ လိုအပ်ပါတယ်။

cfc v luton

Photo Credit : Sky Sports

တန်းတက်အသင်းမို့ အနိုင်ရတာတို့ ဘာတို့ ဘာပဲပြောပြော ဒီအချိန်မှာက အသင်းအနေနဲ့ နိုင်ပွဲတစ်ပွဲကို လိုအပ်နေချိန်ဖြစ်လို့ လူတန်ကို အိမ်ကွင်းမှာ destroy လုပ်နိုင်သင့်ပါတယ်။ ဥရောပပွဲတွေလည်း ကစားဖို့ မလိုအပ်တဲ့ အသင်း ဖြစ်နေတာမို့ ဥရောပပွဲတွေ ဝင်လာချိန် ဥရောပဝင်ခွင့်ရ အသင်းတွေ ပွဲပန်းမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ ရလဒ်တွေ ကောင်းမွန်ထားဖို့အတွက် အခုပွဲကနေ အနိုင်ရလဒ်နဲ့ တာထွက်ထားသင့်ပါတယ်။ ချယ်လ်ဆီးတို့ နိုင်ပွဲရဖို့ သေချာနေပြီး ဂိုးပြတ် မပြတ်ဆိုတာကိုပဲ စောင့်ကြည့်ရလိမ့်မယ်လို့ ထင်မိပါတယ်။

Featured Photo : The Analyst