မန်ယူက အဲရစ် တန်ဟက်ဂ်ကို အသင်းနည်းပြသစ်အဖြစ် မန်ချက် တန်ဟက်ဂ် လန်ထွက်ဆိုပြီး မန်ယူပရိသတ်တွေကြားမှာ ပြောဆိုကြတဲ့ စကားတစ်ခု ပေါ်ထွက်လာခဲ့ပါသေးတယ်။ တန်ဟက်ဂ်ကလည်း မန်ယူနည်းပြဘဝ ပထမဆုံးရာသီမှာ တကယ် တန်ဟက်ဂ် လန်ထွက်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ လိဂ်ဖလား ယူပြတယ်။ ပရီးမီးယားလိဂ်မှာ အဆင့်(၃) ရခဲ့တယ်။ တန်ဟက်ဂ်ရဲ့ တာအထွက်က ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယ ရာသီမှာကတော့…

ten hag fa cup

Photo Credit: Sky Sports

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တန်ဟက်ဂ်က မန်ယူကို ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်နဲ့ပြုတ် လိဂ်ဖလားမှာလည်း စောစောစီးစီးပဲပြုတ် ပရီးမီးယားလိဂ်မှာလည်း အဆင့်(၈)ထိတောင် ရောက်ခဲ့ပေမယ့် အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်စီးတီးကို အနိုင်ယူပြီး အက်ဖ်အေဖလား ချန်ပီယံလည်းဖြစ် ယူရိုပါလိဂ်ဝင်ခွင့်ပါ ရလိုက်တာက တန်ဟက်ဂ်အတွက်တော့ အသက်ရှုချောင်ခဲ့ရပါတယ်။ ဒါတောင်မှ ဆာဂျင် ရတ်ကလစ်ဖ်တို့ဘက်ကနေ တန်ဟက်ဂ်နေရာမှာ ချိန်ရွယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆာဂျင်တို့လည်း တန်ဟက်ဂ် ကိုပဲ မန်ယူနည်းပြအဖြစ် ဆက်လက် တာဝန်ပေးခဲ့သလို စာချုပ်သစ်ပါ ချုပ်ဆိုခဲ့ပါသေးတယ်။

man utd new signings

Photo Credit: Goal

နောက်ပြီးတော့ တန်ဟက်ဂ် အတွက် မန်ယူ ကစားသမားဟောင်း PSV နည်းပြဟောင်း နစ္စတယ်ရွိုင်းနဲ့ ရီနီဟိတ်ခ်တို့ကိုလည်း လက်ထောက်နည်းပြတွေအဖြစ် ခေါ်ယူပေးထားပြီး အသင်းအတွင်းမှာလည်း အားကစားဒါရိုက်တာ အမှုဆောင်ချုပ် အစရှိတဲ့ ရာထူးတွေအတွက် လူတွေ အကုန်ပြောင်းလဲပေးခဲ့ပါတယ်။ ဒါ့အပြင် အူဂါတေး ဇက်ခ်ဇီး ယိုရို ဒီလစ် မာဇရာဝီ ကစားသမားသစ် (၅)ဦးကိုလည်း ခေါ်ယူဖြည့်တင်းပေးခဲ့ပြီး အခုဆိုရင် သူနဲ့အတူ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ ကစားသမား (၅)ဦးအထိ မန်ယူအသင်းမှာ ရှိနေပြီလည်း ဖြစ်ပါတယ်။

ten hag side lose against brighton

Photo Credit: Football365

ဒါပေမယ့် ဆရာသမားက ဒဏ်ရာရနေတဲ့ ယိုရို အခုမှ အသင်းကို ရောက်လာမယ့် အူဂါတေးကို ဖယ်ထားလိုက်ရင်တောင်မှ မာဇရာဝီ တစ်ဦးတည်းကိုပဲ ပွဲထွက်ကစားသမားအဖြစ် သုံးနေတာကတော့ နည်းနည်းစားပါတယ်။ ခံစစ်မှာ ဒီလစ်ကို မသုံးသေးရင်တောင်မှ တိုက်စစ်မှာ ဇက်ခ်ဇီး ထည့်သုံးရမယ့်အစား ဘရူနိုကို false nine နေရာထားတယ်။ ဒီလိုသုံးတာက ပွဲတောင် ဆက်နေပါပြီ။ အခုဆို ဘရိုက်တန်နဲ့ပွဲမှာလည်း ရှုံးပွဲတွေ့ခဲ့ရလို့ ရာသီအစလေးမှာပဲ အမှတ်လျော့ခဲ့ပြီ ဖြစ်ပါတယ်။ တကယ်လို့ ရလဒ်တွေ ဆက်တိုက်သာ ဆိုးရွှားနေဦးမယ် ဆိုရင်တော့ တန်ဟက်ဂ် ရဲ့ အနာဂတ်က လန်မထွက်တော့ပဲ ဒဏ်ခတ်ခံရပါတော့မယ်။

Featured Photo: Goal