ဘာစီလိုနာ အသင်းဟာ စပိန် လာလီဂါ ပြိုင်ပွဲမှာ ဗိုလ်မစွဲနိုင်ခဲ့တာ (၃)နှစ်ကျော်ပါပြီ။ အဲ့ဒီ (၃)နှစ်တာအတွင်း သူတို့ရဲ့ အနီးစပ်ဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ ရီးယဲလ် မက်ဒရစ် နဲ့ အသက်လက်တီကို မက်ဒရစ် အသင်းတွေကသာ လာလီဂါမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် ဘောလုံးရာသီမှာတော့ လာလီဂါဖလားကြီးဟာ နူးကမ့်ကွင်းဆီကို သေချာပေါက် ရောက်ရှိလာပါတော့မယ်။

lewandowski

Photo Credit : Eurosport

ဘာစီလိုနာ အသင်းဟာ လက်ရှိအချိန်မှာ လာလီဂါ ပြိုင်ပွဲအတွင်း (၃၃)ပွဲ ကစား (၂၆)ပွဲနိုင် (၄)ပွဲသရေ (၃)ပွဲသာ ရှုံးထားပြီး ရမှတ် (၈၂)မှတ် ပိုင်ဆိုင်ထားသလို အမှတ်ပေးဇယား ဒုတိယနေရာက လက်ရှိ ချန်ပီယံ ရီးယဲလ်ထက်လည်း အမှတ် (၁၁)မှတ် သာလွန်နေသလို တစ်ပွဲလျော့နေတဲ့ တတိယနေရာက အသက်လက်တီကိုထက်လည်း (၁၃)မှတ် အသာရနေပါတယ်။

Preview Elche vs Atletico Madrid

Photo Credit : Harian Haluan

ဒီနေ့ညမှာ အသက်လက်တီကိုက ဘာစီလိုနာ ထက် စောကစားရမှာဖြစ်ပြီး အဲ့ဒီပွဲမှာ ဘယ်လို ရလဒ်ပဲ ထွက်ပေါ်နေပစေ မနေ့ညက ရီးယဲလ် နိုင်ပွဲရထားတာဖြစ်လို့ ဘာစီလိုနာအနေနဲ့ အက်စပန်ညိုနဲ့ပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ပါတယ်။ အသက်လက်တီကိုကလည်း အမှတ်ပေးဇယားအောက်က အယ်လ်ချီလို အသင်းမျိုးနဲ့ တွေ့ဆုံနေတာမို့ ရလဒ်ကောင်းဖို့က အခြေအနေများပါတယ်။

Espanyol vs Barcelona

Photo Credit : Sportskeeda

ဒါကြောင့် ကတ်တလန် ဒါဘီပွဲစဉ်မှာ အိမ်ရှင် အက်စပန်ညိုအသင်းက သူတို့ရဲ့ မြို့ခံကလပ် ဘာစီလိုနာအသင်းရဲ့ လာလီဂါ ချန်ပီယံအဖြစ် အောင်ပွဲခံမယ့် အစီအစဉ်ကြီးကို အဟန့်အတား ပြုသွားနိုင်မလား ဒါမှမဟုတ် ဒီပွဲမတိုင်ခင် အရင် ကစားရမယ့် အသက်လက်တီကို ပွဲမှာ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ အယ်လ်ချီက အသက်လက်တီကိုအသင်းကို အံ့အားသင့်ဖွယ် အနိုင် ကစားသွားနိုင်မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရပါလိမ့်မယ်။

Featured Photo : CNN