ကွီး ဆင်ပျံကြီး အာဆင်နယ်က ဘုန်းမောက်နဲ့ ပွဲစဉ်မှာ (၂)ဂိုးပြတ် အရှုံးရလဒ်ကနေ epic comeback ကြီးနဲ့ နိုင်ပွဲရအောင် လုပ်ဆောင်နိုင်ခဲ့သလို လေဒီ ဆင်ပျံမယ် လေးတွေကလည်း သူတို့ရဲ့ လန်ဒန်မြို့ခံ ချဲလ်ဆီး အမျိုးသမီးအသင်းနဲ့ လိဂ်ဖလား ဖိုင်နယ် ပွဲစဉ်အတွင်း ရင်ဆိုင်ခဲ့ရာမှာ နောက်ကနေပဲ လိုက်ကစားရင်းနဲ့ လိဂ်ဖလား ချန်ပီယံ ဆုကို ဆွတ်ခူးသွားခဲ့ရပါတယ်။

gunner lady

Photo Credit : Arsenal Women’s Twitter

ပြီးခဲ့တဲ့ရာသီက Women’s Super League မှာ အဆင့်(၂)နေရာ ရရှိခဲ့တဲ့ အာဆင်နယ် အမျိုးသမီးအသင်းဟာ ဒီရာသီရဲ့ လိဂ်ဖလား ပွဲစဉ်မှာတော့ ကွာတားဖိုင်နယ်ကနေ စတင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး အက်စတွန်ဗီလာ အမျိုးသမီးအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့ မန်စီးတီး အမျိုးသမီးအသင်းကိုပါ (၁-၀) နဲ့ အနိုင်ယူခဲ့ပါသေးတယ်။

arsenal women

Photo Credit : Arsenal Women’s Twitter

ဖိုင်နယ်မှာတော့ အာဆင်နယ်က (၄)ရာသီဆက်တိုက် လိဂ်ဖလား ဖိုင်နယ် အဆင့်ဆီ တတ်လှမ်းထားခဲ့တဲ့ မြို့ခံအသင်း ချဲလ်ဆီးနဲ့ တွေ့ဆုံနေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတုန်းကလည်း လိဂ်ဖလားဖိုင်နယ်မှာ အခုလိုပဲ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ဆုံတွေ့ဖူးခဲ့ပြီး ချဲလ်ဆီး အမျိုးသမီးအသင်းက (၂-၁) နဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ချဲလ်ဆီး အမျိုးသမီးအသင်းက Ballon d’Or Top 3 list ထဲ ပါဝင်ထားသူ တိုက်စစ်ကစားသမား Sam Kerr ရဲ့ အဖွင့်ဂိုးနဲ့ ပွဲကို ဦးဆောင်ထားပေမဲ့ ပထမပိုင်းအတွင်းမှာပဲ အာဆင်နယ်ဘက်က (၃)ဂိုး ပြန်လည် သွင်းယူရင်းနဲ့ ပွဲအပြီးမှာ (၃-၁) ဆိုတဲ့ ရလဒ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။

arsenal lady

Photo Credit : Arsenal Women’s Twitter

အာဆင်နယ် အမျိုးသမီးအသင်းဟာ Women’s League Cup ပြိုင်ပွဲ စတင် ကျင်းပချိန်ကတည်းက (၃)နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ရသလို ဖိုင်နယ်ကိုလည်း (၉)ကြိမ်အထိ တတ်လှမ်းနိုင်ခဲ့ပြီး (၆)ကြိမ် ဗိုလ်စွဲထားခဲ့ရာ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းလည်း ဖြစ်နေရပါတယ်။ ဒီလို ဂုဏ်ယူစရာကောင်းတဲ့ စွမ်းဆောင်မှုကို ဆင်ပျံမယ် လေးတွေက ပြသထားနိုင်သလို ဆင်ပျံကြီး ကွီးတွေဘက်ကလည်း အနှစ်နှစ် အလလ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Featured Photo : Arsenal Women’s Twitter