ယောကျာ်းတစ်ယောက် လိင်စိတ်ကျဆင်းလာတဲ့ အကြောင်းအရင်းတွေ တစ်ခုမက ပါဘူး။ လိင်စိတ်ကျခြင်းနဲ့ လိင်တံမထောင်မတ်နိုင်ခြင်းကို Testosterone Level ကျလာပြီလို့ ပြောလေ့ရှိပါတယ်။ Testosterone ဆိုတာ အမျိုးသား လိင်အင်္ဂါဖြစ်တဲ့ ဝှေးစေ့က အဓိကထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ကျားသွင်ပြင်နဲ့ လိင်မှုဖွံ့ဖြိုးရေးပေါ် သက်ရောက်မှုရှိပါတယ်။ သုတ်ပိုးထုတ်လုပ်မှု ၊ Libido လို့ ခေါ်တဲ့ ကျားလိင်စိတ်တက်ကြွမှုနဲ့ ကြွက်သား/အရိုးထု တည်ဆောက်မှုတွေမှာ အထောက်အကူပြုတဲ့ ဟော်မုန်းလည်း ဖြစ်ပါတယ်။ လိင်စိတ်ကျဆင်းလာပြီလားဆိုတာကို ခန္ဓာကိုယ်ကနေ ရုပ်ပိုင်းဆိုင်ရာအရ မသက်မသာရှိမှုလေးတွေ ထုတ်ပြပြီးသတိပေးတတ်ပါတယ်။ လိင်စိတ်ကျဆင်း ပြီးTestosterone ထုတ်လုပ်မှု နည်းလာတာကနေ အမျိုးသားစွမ်းရည်ကျဆင်း မလာခင် အချက်ပြတတ်တဲ့ လက္ခဏာလေးတွေ ကြည့်လိုက်ရအောင်ပါ။

(၁) စိတ်ခံစားချက်တွေ ပုံမှန် မဟုတ်တော့ဘူး

Depression

Photo : Pexels

သုတေသနတွေအရ လိင်စိတ်ကျဆင်း လာတဲ့ အမျိုးသားတွေဟာ အလွန်အမင်း အားကုန်မောပန်းတာ ၊ ညဘက် ချွေးထွက်တာနဲ့ ခွန်အားကျဆင်းလာတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အိပ်ရေးဝအောင် အိပ်ထားတာတောင် နုံးနေတယ်လို့ ခံစားရရင် Testosterone Level ကျလာတာ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာရင် ရေဓါတ် ဖြည့်တင်းပါ။ အမျှင်ဓါတ် ကြွယ်ဝတဲ့ အစားအစာတွေ စားပါ။ စွမ်းအင် Level ထိန်းနိုင်အောင် ပရိုတိန်းကြွယ်ဝတဲ့ အစားအသောက်တွေ နဲ့ ကိုယ်ခံအားအတွက် ဖြည့်စွက်စာတွေ စားပါလို့ အကြံပေးချင်ပါတယ်။

နောက် ဖြစ်တတ်တာက စိတ်ခံစားချက်တွေ ကယောက်ကယက်ဖြစ်တတ်တာပါပဲ။ Testosterone ဟာ လူ့ကိုယ်တွင်းမှာ သိသာတဲ့ ဖွံ့ဖြိုးမှုတွေ လုပ်နိုင်ပါတယ်။ စိတ်ခံစားချက်နဲ့ Mood အခြေအနေပေါ်လည်း လွှမ်းမိုးနိုင်ပါတယ်။ လေ့လာမှုတွေအရ T Level လို့ ခေါ်တဲ့ Testosterone ကျလာတဲ့ အမျိုးသားတွေဟာ စိတ်ခံစားချက်တွေ အစွန်းရောက်လာတာ ၊ စိတ်ဓါတ်ကျဆင်းမှု Depression ဝင်လာတာ ၊ စိတ်တိုလွယ်တာ နဲ့ Motivation ကျဆင်းတာတွေ ဖြစ်လာတတ်ပါတယ်။

စိတ်ခံစားချက်မှု မတည်မငြိမ်ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် အာရုံပြန်စိုက်နိုင်ဖို့ နဲ့ စိတ်ဓါတ်အင်အားတွေ မြင့်တက်လာဖို့အတွက် တရားထိုင်တာ ၊ ယောဂလေ့ကျင့်တာတွေ လုပ်သင့်ပါတယ်။ စိတ်ဖိစီးနေရင် ဆေးဖက်ဝင် လက်ဖက်ရည်လေးတစ်ခွက် သောက်ပြီးလည်း Stress လျှော့ ချနိုင်ပါတယ်။

(၂) ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပြလာမယ်

man

Photo : Pexels

လိင်စိတ်ကျဆင်း လာခြင်းကို သင့် Body ကလည်း ပြန် ဖော်ပြနိုင်ပါတယ်။ အားကစားလုပ်ရ ခက်လာခြင်းနဲ့အတူ ကြွက်သားထု ဖြည်းဖြည်းချင်း ကျဆင်းသွားလာရင်လည်း T Level ကျဆင်းလာတာ ဖြစ်နိုင်ပါတယ်။ ကြွက်သားဖွံ့ဖြိုးအောင် သဘာဝအတိုင်း ကြွက်သားတွေ ပြန်ပြည့် ဖြိုးစေနိုင်တဲ့ Supplements တွေ သောက်သုံးပေးဖို့ လိုပါတယ်။

လေ့လာမှုတွေအရ T Level ကျပြီး လိင်စိတ်နည်းလာတဲ့ အမျိုးသားတွေဟာ Body Fat တိုးလာတာမျိုးလည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ Testosterone နဲ့ Estrogen Level အကြား ဟန်ချက်မညီမှုကြောင့် ယောကျာ်းတွေရဲ့ ရင်ဘတ်နို့ကြွက်သားတွေ ရောင်ရမ်း ကြီးထွားလာတဲ့ Gynecomastia ဆိုတဲ့ ပြဿနာ ဖြစ်လာတတ်ပါတယ်။ ရင်သားတွေ စူထွက်လာတာမျိုး ဖြစ်လာရင် ဆရာဝန်ဆီသွားပြသင့်ပါတယ်။ ဆရာဝန် ရဲ့ လမ်းညွှန်ချက်အတိုင်း Testosterone Booster ဆေးတောင့်တွေ သောက်တာ ၊ အာဟာရပြည့်ဝတဲ့ ဓါတ်စာတွေ စားတာ ၊ Workout ပြန်ကစားတာမျိုးတွေ လုပ်ပြီး Body Weight နဲ့ Body Fat ပြန်ထိန်းညှိသင့်ပါတယ်။ Body Fat တက်လာမှုနဲ့အတူ နောက်ထပ် အတွေ့များတဲ့ ကိစ္စတစ်ခုက ဆံပင်ကျွတ်လာခြင်းပဲ ဖြစ်ပါတယ်။ Testosterone ထုတ်လုပ်မှုဟာ လူရဲ့ ကိုယ်ခန္ဓာ နဲ့ မျက်နှာပေါ်က ဆံပင်ဖွံ့ဖြိုးမှု အပါအဝင် ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေမှာ သက်ရောက်မှု ရှိပါတယ်။

T Level ကျလာချိန်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တာမျိုး ဖြစ်တတ်ပါတယ်။ ဆံပင်ကျွတ်တယ်ဆိုတာ အရွယ်ကြီးလာချိန်မှာ ဖြစ်တတ်တဲ့ သဘာဝ ဖြစ်စဉ် ဆိုပေမယ့် အသက် ၂၀ – ၃၀ ပိုင်းမှာ ဆံပင်ကျွတ်တာ ၊ ထိပ်ပြောင်တာကတော့ လိင်စိတ်ကျဆင်းမှုနဲ့ ဆက် စပ်တတ်ပါတယ်။ ဆံပင်မကျွတ်ဖို့ ၊ သန်စွမ်းဖို့အတွက် ဓါတုပစ္စည်းတွေ မပါတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းပုံမှန် လျှော်တာ ၊ သံလွင်ဆီ/ အုန်းဆီတွေနဲ့ ပုံမှန် ဆီလူးပေးတာမျိုး လုပ်နိုင်ပါတယ်။

(၃) အိပ်ရာထဲမှာ လိင်စိတ်မပါတာ ဖြစ်လာနိုင်ပါတယ်

Sitting

Photo : Pexels

လိင်စိတ်ကျဆင်း လာမှုကတော့ ငြင်းမရတဲ့ လက္ခဏာ ပါ။ အမျိုးသားတွေဟာ အသက် ၄၀ နောက်ပိုင်းမှာ Testosterone ထုတ်လုပ်မှု စတင် ကျဆင်းလာတတ်ရာကနေ လိင်စိတ်မတက်ကြွတော့တာမျိုး ဖြစ်တတ်ပါတယ်။ အရွယ်ကြောင့် မဟုတ်ဘဲ T Level ကျဆင်းလာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်စိတ်ကျဆင်း လာရင် သိသာတဲ့ လိင်စိတ်မပါမှုနဲ့ ကြုံရတတ်ပါတယ်။ Testosterone Level နည်းလာတဲ့ လူငယ်တွေဟာ သုတ်လွှတ်ရာမှာလည်း အရင်လောက် မများတာမျိုး ဖြစ်နိုင်ပါတယ်။

လိင်တံမထောင်မတ်နိုင်ခြင်းကလည်း နောက်ထပ် သိသာတဲ့ လိင်စိတ်ကျဆင်းမှုလက္ခဏာပါပဲ။ လိင်ဆက်ဆံခါနီး ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် လိင်အာသာဖြေရာမှာ ဖြစ်ဖြစ် လိင်တံက အရင်လို မသန်မာတော့ဘူးဆိုရင်လည်း လိင်စိတ်ကျဆင်းနေပြီလို့ သိနိုင်ပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင် သဘာဝအတိုင်း လိင်စွမ်းဆောင်ရည်တက်လာနိုင်တဲ့ Supplement တွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို အနားယူတာ ၊ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားတာ ၊ စိတ်ဖိစီးမှု လျော့ပါးအောင် နေထိုင်တာမျိုးနဲ့လည်း လိင်စိတ်ကို မြှင့်တင်နိုင်ပါတယ်။

Featured Photo : varmedicine