ချဲလ်ဆီး အသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ ယူအီးအက်ဖ်အေက ချဲလ်ဆီးပရိသတ်တွေကို လာမယ့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်ကို တက်ရောက်ကြည့်ရှုခွင့် ပိတ်ပင်သွားမယ်ဆိုတာကို သိခဲ့ရပြီးနောက် ၎င်းရဲ့ညနေခင်းလေး ဖျက်ဆီးခံလိုက်ရပြီလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Chelsea progressed last eight

Photo: Football.london

ဗုဒ္ဓဟူးနေ့ညက လက်ရှိ ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းဟာ လိုင်လီကို ၂ ကျော့ပေါင်း ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘူရတ် ယီလ်မက်ဇ်က ပင်နယ်တီကနေတဆင့် လိုင်လီအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း ပူလီရှစ်၊ အက်ဇ်ပီလီကွေတာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နောက်တဆင့်ကို သက်တောင့်သက်သာ တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ ချဲလ်ဆီးအသင်းရဲ့ အခြေအနေဟာ မရေရာမသေချာမှုတွေကြားထဲ ရောက်နေပြီး တူဟယ်က နိုင်ပွဲကြောင့် အလွန်ပျော်ရွှင်သွားတဲ့ပုံနဲ့ ပွဲအပြီးမှာ လေထဲကို လက်သီးထိုးပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းစာရှင်းလင်းပွဲမှာ ဂျာမန်လူမျိုးနည်းပြက အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ ဆက်နွယ်မှုကြောင့် အသင်းကို နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကို ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Chelsea boss Tuchel celebrated with Captain

Photo: Weain’tgotnohistory

ယူကေ အစိုးရဟာ အေဘရာမိုဗစ်ချ်ရဲ့ ယူကေက ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းခဲ့ပြီး ရလဒ်အနေနဲ့ ချဲလ်ဆီးအသင်းဟာ အမှတ်တရပစ္စည်းရောင်းချခြင်း သို့မဟုတ် ပွဲလက်မှတ်ရောင်းချခြင်းတို့ကနေ ဝင်ငွေရှာဖွေနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။ အီးယူရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံခဲ့ရပြီးဖြစ်တဲ့ ချဲလ်ဆီးအသင်းကို ယူအီးအက်ဖ်အေက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပရိသတ်တွေ တက်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

တူဟယ်ဟာ သတင်းစာရှင်းလင်းပွဲမှာ Sky Sports သတင်းထောက်ရဲ့ အသိပေးခြင်းကို ခံခဲ့ရတာဖြစ်ပြီး “ကျွန်တော့် ညနေခင်းလေးကို ဖျက်ဆီးပစ်လိုက်တဲ့အတွက် ကျေးဇူးပဲ။ ကျွန်တော် အရမ်းစိတ်ကောင်းဝင်နေခဲ့တာပါ။ အဲဒါက အတည်ပြုပြီးပြီလား။ ဟုတ်လား။ အဲဒါဆိုရင်လည်း အတည်ပြုဖို့အတွက် အတည်ပြုချက်ကို စောင့်ကြတာပေါ့။ ဒီနေ့ ကျွန်တော်တို့ ကွာတားတက်နိုင်ခဲ့လို့ ပျော်ရွှင်နေပါတယ်။ နောက်ထပ် ကျော်ဖြတ်ရမယ့်အရာတွေအများကြီးရှိနေပါတယ်။ ကျွန်တော် အရမ်းပျော်ပြီး အရမ်းဂုဏ်ယူမိပါတယ်။ ကြည့်ကြတာပေါ့”

“အဲဒါက အခု ကျွန်တော် ကြားလိုက်ရတဲ့ ပထမဆုံးအရာပဲ။ ၃ ရက်အတွင်း ကျွန်တော်တို့ မစ်ဒယ်ဘရော့နဲ့ ဖလားပွဲကစားဖို့ရှိပြီး နိုင်ငံတကာအားလပ်ရက်ရှိတယ်။ ပြီးရင်တော့ ကျွန်တော် အဖြေကောင်းတစ်ခုနဲ့ပတ်သက်ပြီး စဉ်းစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportbible