နေ့စဉ်လုပ်နေရတဲ့ အလုပ်မှာ ကွီးတို့ဟာ စိတ်အားတတ်ကြွနေမှ လုပ်ငန်းဆောင်တာတွေ အောင်မြင်ပြီး လုပ်ငန်းခွင်အတွင်းမှာ ပျော်ရွှင်နိုင်မှာပါ။ လုပ်ငန်းခွင်အတွင်းမှာ စိတ်အားတတ်ကြွနေမှု မရှိဘဲ လေးလံထိုင်းမှိုင်းနေတာ၊ အလုပ်လုပ်ရာတွင် စိတ်မပါလက်မပါ ဖြစ်နေပါက ကွီးတို့အတွက် ဆိုးကျိုးဖြစ်စေရုံသာမက၊ ကွီးတို့နဲ့ တွဲဖက်လုပ်ကိုင်ရတဲ့ လုပ်ဖော်ကိုင်ဖက်များအပေါ်မှာပါ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကွီးတို့အတွက် လုပ်ငန်းခွင်မှာ စိတ်အားတတ်ကြွနေစေဖို့ နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

(၁) ကိုယ့်ကို Motivation ဖြစ်စေတဲ့အရာတွေကို ရှာဖွေပါ

လုပ်ငန်းခွင်မှာ စိတ်အားတတ်ကြွနေစေဖို့

Photo : Logistics Weekly

ကွီးတို့ လုပ်ငန်းခွင်မှာ စိတ်အားတက်ကြွနေစေဖို့ ဆိုရင် ပထမဆုံးရှာဖွေရမှာကတော့ ဘယ်အရာက ကွီးတို့ကို Motivation ရစေတာလဲဆိုတာပါပဲ။ အချိန်မဆွဲပါနဲ့။ ကိုယ့်ကိုယ် Motivation ပေးနိုင်တဲ့အရာကို ကိုယ်ကိုယ်တိုင်သာ အသိဆုံးပါ။ ဥပမာအားဖြင့် Target Sales ရောက်ဖို့လား၊ ကွီးရဲ့ Presentation ကို အများသဘောကျ လက်ခံဖို့လား၊ ကွီးတို့ရဲ့ Projects တွေ ပြီး မြောက်အောင်မြင်ဖို့လား စသည်ဖြင့်။

(၂) To do List လုပ်ပါ

လုပ်ငန်းခွင်မှာ စိတ်အားတတ်ကြွနေစေဖို့

Photo : Forbes

ကွီးတို့ အနေနဲ့ လုပ်စရာတွေများပြီး မပြီးမြောက်ဘဲ နှောင့်နှေးနေပါသလား။ မြောက်များစွာသောအလုပ်များကို ဘယ်ကစလုပ်ရမှန်း မသိဘဲ စိတ်ဓာတ်ကျနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အနေနဲ့ To Do List လုပ်ပြီး ကိုယ်လုပ်စရာ ရှိတာများကို ချရေးပါ။ ထို့နောက် အစဉ်တိုင်း ပြီးမြောက်အောင်လုပ်ပါ။ ပြီးမြောက်သွားသည့် အလုပ်တစ်ခု စီတိုင်းကို အမှန်ခြစ်ပါ။ ထိုသို့လုပ်ခြင်းဖြင့် ကွီးတို့ ကိုယ့်ရဲ့ အလုပ်ပြီးမြောက်မှုနဲ့ တိုးတတ်မှုကို ကိုယ်တိုင်မြင်ရပြီး စိတ်ကျေနပ်တတ်ကြွလာပါလိ့မ်မယ်။

(၃) ပန်းတိုင် အသေးလေးများကိုထားပါ

လုပ်ငန်းခွင်မှာ စိတ်အားတတ်ကြွနေစေဖို့

Photo : Henry S.Miller

ကွီးတို့ အနေနဲ့ လုပ်ငန်းခွင်မှာ စိတ်အားတတ်ကြွပြီး ပျော်ရွှင်ဖို့ဆိုရင် ကွီးတို့ အလုပ်နဲ့ပတ်သတ်ပြီး အောင်မြင်မှုလေးတွေရှိဖို့ လိုပါတယ်။ ဒါကြောင့် အရင်ဆုံး ကွီးတို့ အနေနဲ့ ကိုယ်စွမ်းဆောင်နိုင်မဲ့ ရည်မှန်းချက်ပန်းတိုင်သေးသေးလေးများကို အရင်ထားရှိပါ။ ထိုပန်းတိုင်များ အောင်မြင်လာတဲ့အခါ ကွီးတို့ ကြိုးစားချင်စိတ်တွေ၊ စိတ်ဓာတ်တွေ တတ်ကြွလာပါလိမ့်မယ်။ ထိုမှတဆင့် ကွီးတို့လိုချင်တဲ့ ကြီးမားတဲ့ ရည်မှန်းချက်ပန်းတိုင်များဆီသို့ တတ်လှမ်းသွားလိုက်ပါ။

(၄) ဝေဖန်အကြံပြုချက်များကို ရယူပါ

Motivation

Photo : The Muse

ကိုယ့်ကိုယ်ကို စိတ်ညစ်ညူးစရာ အလုပ်စားပွဲမှာပဲ ပိတ်မိနေတာမျိုး မဖြစ်စေပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်မှ လုပ်ဖော်ကိုင်ဖက်များထံမှ ဝေဖန်အကြံပြုချက်များကို  တောင်းခံကြည့်ပါ။ အခြားသူများရဲ့ ထင်မြင်ချက်များကို နားထောင်ရတာ တစ်ခါတစ်ရံ လန့်စရာကောင်းသော်လည်း၊ ကွီးတို့ ကိုယ့်ကိုယ်ကို မမြင်မိတဲ့အရာတွေ ၊ ပြုပြင်သင့်တဲ့အရာတွေကို တွေ့ရှိစေပါတယ်။ ထို့အပြင် ကွီးတို့ အလုပ် သို့မဟုတ် လုပ်လက်စ Project နဲ့ ပတ်သတ်ပြီး အခြားသူများထံမှ အသစ်အသစ်သော ထင်မြင်ယူဆချက်များဟာလည်း ကွီးတို့အတွက် အကူအညီဖြစ်စေပါလိမ့်မယ်။

(၅) ခဏ အနားယူပါ

Motivation

Photo : Medical News Today

လုပ်ငန်းခွင်ထဲမှာပဲ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လာပြီလို့ ခံစားနေရပါသလား။ ဒါဆိုရင်တော့ လုပ်လက်စ အလုပ်တွေကို ခဏရပ်ထားလိုက်ပြီး စားပွဲပေါ်ခဏမှောက်အိပ်လိုက်ပါ။ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ လမ်းခဏထလျှောက်တာမျိုးလုပ်ပြီး စိတ်ရော၊ ကိုယ်ပါ ခေတ္တခဏ အနားပေးလိုက်ပါ။ နောက်တစ်ချက်အနေနဲ့ အနားယူချိန် လုံလုံလောက်လောက်မရှိပဲ အလုပ်ရှုပ်နေပါကလည်း ကွီးတို့စိတ်ကို ပင်ပန်း ငြီးငွေ့စေပြီး Motivation များလည်း လျော့ကျစေပါတယ်။ စိတ်ရော ကိုယ်ပါ လုံလုံလောက်လောက်အနားရခြင်းက ကွီးတို့ရဲ့ လုပ်ငန်းခွင်မှာ တက်ကြွပျော်ရွှင်စေဖို စွမ်းအင် အလုံအလောက်ထုတ်ပေးပါလိမ့်မယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် လုပ်ငန်းခွင်မှာ စိတ်အားတတ်ကြွနေစေဖို့ နည်းလမ်းကောင်းများ ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ကွီးတို့လုပ်ငန်းခွင်မှာ ပျော်ရွှင်တတ်ကြွစွာနဲ့ အလုပ်တွေပြီးမြောက်အောင်မြင်အောင် ကြိုးစားတဲ့နေရာမှာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : Mygwork

Featured Photo : Entrepreneur