တစ်ပတ်လုံးလုံး အလုပ်မှာ နစ်နေတဲ့ လူတစ်ယောက်အဖို့ သောကြာနေ့ဟာ လက်မြှောက်နောက်ဆုတ် ခြေလှမ်းရုပ်ချင်တဲ့ နေ့တစ်နေ့ပါပဲ။ သောကြာနေ့ ဟာ စိတ်ကုန်လက်ကုန်နဲ့ စစ်မြေပြင်ကို မြားကုန်ပြီး ရောက်လာတဲ့ ဒဏ်ရာရစစ်သည်တစ်ယောက်လို နုံးခွေလက်ပန်းကျချင်စရာ ကောင်းပါတယ်။ ဒါကြောင့် သောကြာနေ့ အတွက် စိတ်အားတက်အောင် လုပ်ဆောင်နိုင်မယ့် Tips တချို့အကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) အရေးကြီးတာပဲ ဦးစားပေး

Notes

Photo : Pexels

သောကြာနေ့ မှာ Energy ချွေတာဖို့ အရေးကြီးတာပဲ ဦးစားပေးလုပ်ပါ။ မနက် အလုပ်မသွားခင် Priority List လေးထားပြီး မဖြစ်မနေ ဦးစားပေး လုပ်ရမယ့် စာရင်းလေးတွေ ချရေးထားပြီး လုပ်ဖြစ်အောင် လုပ်ပါ။ လွယ်လွယ်နဲ့ မြန်မြန်ပြီးမယ့်ကိစ္စ မြန်မြန် ဖြေရှင်းထားပါ။ ဥပမာ- အီးမေးလ် ပြန်တာ ၊ ဖုန်းခေါ်တာ ၊ ဒေတာသွင်းတာမျိုး ဖြစ်ပါတယ်။

(၂) နားချိန်လေးတွေ ထည့်ထားပါ

Young woman with fresh organic coconut on a waterfall background in the jungle of Bali island.

Photo : Pexels

တစ်ရက်မှာ အနည်းဆုံး ၂ ကြိမ် ကောင်းကောင်း အနားယူနိုင်အောင် အချိန်ညှိထားပါ။ အဲ့ဒီအချိန်မှာတော့ အလုပ်ကိစ္စကို ခေါင်းထဲ လုံးဝမထည့် ဖုန်းလည်း မကြည့်ဘဲ စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါး နေပါ။

(၃) သီချင်းလေးတွေ နားထောင်ပါ

Song

Photo : Pexels

ဝါသနာပါရင် သီချင်းလေးတွေ နားထောင်ပြီး အားပြန်မွေးပါ။ ဒါမှမဟုတ်လည်း စိတ်ခွန်အားဖြစ်စေမယ့် Podcast လေးတွေ နားထောင်တာမျိုး လုပ်နိုင်ပါတယ်။

(၄) အာဟာရပြည့်အောင် စားပါ

Vegetables

Photo : Pexels

သောကြာနေ့ မှာ Energy ပြည့်အောင် စိတ်ရော လူပါ အစာကျွေးဖို့ လိုပါတယ်။ ရုပ်အာဟာရအနေနဲ့ သစ်သီးစားတာ ၊ ရေများများ သောက်တာမျိုး လုပ်သင့်ပါတယ်။ ဒါမှမဟုတ်လည်း လူကို အဆီမယစ်စေဘဲ ပေါ့ပါး သွက်လက်စေမယ့် အာဟာရတန်ဖိုးမြင့် Light Foods မျိုး စားနိုင်ပါတယ်။

(၅) ပျော်စရာ မျှော်လင့်ချက်ထားပါ

Man feeling freedom on open sea

Photo : Pexels

သောကြာနေ့ မှာ စိတ်ခွန်အား အပြည့်နဲ့ ရွှင်ရွှင်လန်းလန်း အလုပ်လုပ်နိုင်ဖို့ ပိတ်ရက်မှာ လုပ်ဖို့ ပျော်စရာ အစီအစဉ်လေးတွေ ဆွဲထားပါ။ ဥပမာ – ပိတ်ရက် မိသားစုနဲ့အတူ ခရီးထွက်မယ့် အကြောင်းမျိုး ။ မျှော်လင့်ချင်စရာ အစီအစဉ်လေးတွေ ထားတာက နေ့ရက်တိုင်းကို အားအင်အပြည့်နဲ့ ကျော်ဖြတ်နိုင်စေပါတယ်။

Featured Photo : elearningindustry