တော်တော်များများဟာ ကိုယ့်ဘဝ၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုအပေါ် အောင်မြင်ချင်ကြတဲ့ သူချည်းပါပဲ။ ဒါပေမဲ့ အောင်မြင်မှု ဆိုတာ လိုချင်တဲ့ လူတိုင်းမရသလို၊ လွယ်လွယ်ကူကူလည်း မရနိုင်ပါဘူး။ ထိုက်သင့်တဲ့ ဇွဲ ၊ လုံ့လ ၊ ဝိရီယ တို့ကို စိုက်ထုတ်ဖို့လိုပါတယ်။ ထို့အပြင် ကိုယ့်အရည်အချင်းများကိုလည်း အမြဲတိုးတတ်နေအောင် ကြိုးစားအားထုတ်ရပါမယ်။ ယနေ့ခေတ်မှာ အောင်မြင်နေတဲ့သူတိုင်းကို ကြည့်လိုက်ရင် ကိုယ်ပိုင်အရည်အသွေးတွေနဲ့ ကြိုးစားအားထုတ်မှုတွေကို တွေ့ရမှာပါ။ ဒါကြောင့် အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းမှာ တွေ့ရလေ့ရှိတဲ့ အရည်အသွေး များကို အောင်မြင်မှု ရရှိရန် ကြိုးစားနေတဲ့ ကွီးတို့ အတွက် ဝေမျှပေးချင်ပါတယ်။

(၁) အမှားလုပ်မိမှာကို မကြောက်ကြဘူး

လုပ်ငန်းရှင်တိုင်းမှာ အရည်အသွေး

Photo : Inc. Magazine

ကွီးတို့ရေ ဘယ်သူကမှတော့ အမှားတွေ၊ ကျရှုံးမှုတွေကို မလိုချင်ကြသလို၊ အောင်မြင်ချင်တဲ့ သူတိုင်းက အမှားတွေကို ရည်ရွယ်ပြီးလုပ်မိတယ်ဆိုတာမျိုး မရှိပါဘူး။ သို့သော်လည်း အောင်မြင်မှုလမ်းကြောင်းဆီကို သွားနေတဲ့ သူတိုင်းဟာ အမှားတွေကို လုပ်မိတတ်ကြပါတယ်။ လူတော်တော်များများ သူတို့ရဲ့ လူငန်းတွေ၊ ရည်မှန်းချက်တွေကို မစတင်ခင်ကတည်းက အမှားလုပ်မိမှာ ကြောက်ပြီး ရှေ့ဆက်လုပ်ဆောင်ရမဲ့ အလုပ်တွေကို မလုပ်ဆောင်နိုင်ဘဲ အောင်မြင်မှုကို ရရှိအောင် မစွမ်းဆောင်နိုင်တော့ပါဘူး။

အမှားလုပ်မိမှာကို ကိုမကြောက်ပါနဲ့။ ယနေ့ခေတ်အောင်မြင်နေတဲ့ လုပ်ငန်းရှင်တိုင်းမှာ ရှိတဲ့ အရည်အသွေး တစ်ခုကတော့ အမှားလုပ်မိမှာ မကြောက်တာပါပဲ။ အမှားတွေ ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာလည်း ထိုအမှားတွေထဲမှာ ပိတ်မိပြီး စိတ်ဓာတ်ကျနေတာမျိုးမရှိပါဘူး။ ၎င်းတို့က ထိုအမှားကနေ သင်ယူတယ်၊ ပြင်ဆင်တယ်၊ ပြီးနောက် မိမိလိုချင်တဲ့ အောင်မြင်မှုဆီရောက်အောင် တစိုက်မတ်မတ်လျှောက်လှမ်းသွားနိုင် ကြပါတယ်။

(၂) သင်ယူလေ့လာလိုစိတ် ပြင်းထန်ခြင်း

လုပ်ငန်းရှင်တိုင်းမှာ အရည်အသွေး

Photo : EEI Manufactering Services

အောင်မြင်ပြီးတဲ့ လူတိုင်းလိုလိုကို ကြည့်လိုက်ရင် အမြဲသင်ယူလေ့လာလိုစိတ်တွေနဲ့ ပြည့်နေတာကို တွေ့ရပါလိမ့်မယ်။ ၎င်းတို့ဟာ မအောင်မြင်ခင် အချိန်ကတည်းက သိလိုတဲ့အရာတစ်ခုအတွက် မေးခွန်းများစွာမေးတတ်ကြပါတယ်လို့ ဆိုပါတယ်။ ၎င်းတို့လုပ်နေတဲ့ လုပ်ငန်းတစ်ခု တိုးတတ်အောင်မြင်ဖို့အတွက် နည်းလမ်းများကို ရှာဖွေဖို့ မေးခွန်းများစွာမေးဖို့လိုအပ်ပါတယ်။

ကွီးတို့အနေနဲ့လည်း ကွီးတို့လုပ်ငန်းဖြစ်စေ၊ လုပ်နေတဲ့ အလုပ်တစ်ခုဖြစ်စေ အောင်မြင်ဖို့ဆိုရင် အမြဲသင်ယူလေ့လာလိုစိတ် ပြင်းထန်နေဖို့လိုပါတယ်။ သိလိုသမျှကို အတွေ့အကြု့ရှိပြီးသား လူတွေထံ မေးမြန်းပါ။ ဒါမှသာ ကွီးတို့ လုပ်ငန်းတိုးတတ်ဖို့အတွက် အထောက်အကူကောင်းတွေ အများကြီးဖြစ်စေမှာပါ။ ဘယ်တော့မှ သင်ယူလေ့လလာလိုစိတ်၊ သိချင်စိတ်ကို မရပ်တန့်လိုက်ပါနဲ့။

(၃) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း

လုပ်ငန်းရှင်တိုင်းမှာ အရည်အသွေး

Photo : The Aspiring Gentleman

ကွီးတို့ရေ အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းမှာ သာမက ဘက်ပေါင်းစုံက အောင်မြင်တဲ့သူတိုင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြပါတယ်။ လိုချင်တဲ့ အရာရာကို ရယူပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းက တကယ်ကို အရေးပါပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲနဲ့ ဘယ်တော့မှ ကိုယ်လိုချင်တဲ့ အရာကို ရယူပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။

ကွီးတို့အနေနဲ့ အလုပ်တစ်ခုကို စတင်လုပ်ဆောင်တော့မယ်ဆိုရင် စိုးရွံစိတ်၊ မရေရာစိတ်တွေနဲ့ မစတင်ပါနဲ့။ အောင်မြင်ရမယ် ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားရှိပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိသူတွေဟာ ဘယ်တော့မှ အောင်မြင်မှု ရဖို့မခက်ခဲတတ်ပါဘူး။

(၄) ဘယ်အလုပ်ကို မဆို အကောင်းဆုံး ကြိုးစားလုပ်ကိုင်ခြင်း

successful man

Photo : Investmenr Executive

အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းမှာ တွေ့ရလေ့ရှိတဲ့ နောက်ထပ် အရည်အသွေး တစ်ခုကတော့ ဘယ်အလုပ်မဆို ကြိုးစားလုပ်ကိုင်ခြင်းပဲ ဖြစ်ပါတယ်။ နေရာတစ်နေရာကိုရပြီးတဲ့ သူတိုင်းဟာ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုကို ပေးဆပ်ခဲ့ရပါတယ်။ အောင်မြင်မှုဆိုတာ အလုပ်ကြိုးစားမှုကနေလာတာပါ။

ကြိုးစားလိုက်တာနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ခြေချပြီးသား ဖြစ်ပါပြီ။ စိတ်အား၊ လူအား၊ ဉာဏ်အားတို့ ပူးပေါင်းပြီး ကြိုးကြိုးစားစားလိုက်ကိုင်တဲ့ အလုပ်တစ်ခု ကောင်းမွန်စွာ ပြီးမြောက်သွားတဲ့အခါ ကိုယ်တိုင် ကျေနပ်အားရ တက်ကြွလာပါတယ်။ အလုပ်လုပ်ရာမှာ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ဖို့ မမေ့ပါနဲ့၊ အလုပ်ဆိုင်ရာ ကျင့်ဝတ်များကို အခြားသူများနှင့်အတူ လိုက်နာခြင်းဟာ အောင်မြင်မှုကို ရရှိစေပါတယ်။ အလုပ်ကို မကြိုးစားဘဲနဲ့ ဘယ်သူမှ ထိပ်ဆုံးကို မရောက်နိုင်ပါ။ ကွီးတို့အနေနဲ့ ယခုလက်ရှိရောက်နေတဲ့ နေရာမှာ အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပါ။

(၅) အောင်မြင်ဖို့ လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်များကို ပိုင်ဆိုင်ခြင်း

successful man

Photo : Teach Story

အောင်မြင်ကျော်ကြားတဲ့သူတိုင်း၊ လုပ်ငန်းရှင်တိုင်းမှာ အောင်မြင်ဖို့ လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်များကို ပိုင်ဆိုင်ကြပါတယ်။ ဒါတွေကတော့ အပေါမှာဖော်ပြခဲ့တဲ့အချက်တွေဖြစ်တ တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်မှု၊ စိတ်အားထက်သန်မှု၊ ယုံကြည်ချက်၊ သတ္တိ၊ ခေါင်းဆောင်မှု၊ ပူးပေါင်းလုပ်ဆောင်မှု စသည် တို့ပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ဒီလိုအချက်တွေကို အခုအချိန်မှာ မပိုင်ဆိုင်လည်း စိတ်မပူပါနဲ့။ ဒီစရိုက်လက္ခဏာတွေကို ပိုင်ဆိုင်အောင် ပြုစုပျိုးထောင်လို့ရပါတယ်။ ဒီလို စရိုက်လက္ခဏာတွေ ရှိခြင်းက ကွီးတို့ကို အောင်မြင်မှုရရှိနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းမှာ တွေ့ရလေ့ရှိတဲ့ အရည်အသွေး များ ပဲ ဖြစ်ပါတယ်။ ဘဝမှာ ကိုယ်လိုချင်တာတွေပိုင်ဆိုင်နိုင်ဖို့၊ အောင်မြင်မှုတွေကို ဆွတ်ခူးဖို့ ကြိုးစားနေတဲ့ သူတိုင်း ပြုစုပျိုးထောင်သင့်တဲ့ အရည်အသွေးများပဲ ဖြစ်ပါတယ်။ အောင်မြင်မှုဆီသို့ တတ်လှမ်းနေတဲ့ ကွီးတို့အတွက် အထောက်အကူ ပြုစေမယ်လို့ မျှော်လင့်ပါတယ်။

Source : All Business

Featured Photo : Forbes