အချစ်၊ ဟာသ၊ အက်ရှင်၊ ‌ထိတ်လန့်ဖွယ် စတဲ့ ဇာတ်ကား အမျိုးအစား အမျိုးမျိုးရှိတဲ့အထဲကမှ ခြောက်ခြားဖွယ် Horror ဇာတ်ကားတွေကိုပဲ စွဲစွဲလမ်းလမ်း  ကြိုက်နှစ်သက်တဲ့ ကွီးတို့ရှိပါသလား။ ဒီဆောင်းပါးလေးမှာတော့ အားလပ်ရက်မှာ Horror ကားကောင်းလေးတွေ ကြည့်ရင်း အပန်းဖြေချင်တယ်ဆိုတဲ့ လုံးဝ မကြောက်တတ် တဲ့ ကွီးတို့အတွက် ဇာတ်ကား ကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

Hereditary

Source : A24

ဒီဇာတ်ကားလေးကတော့ ၂၀၁၈ မှာ ထွက်ရှိခဲ့တဲ့ ကားလေး ဖြစ်ပြီး ထိတ်လန့်ခြောက်ခြားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားထဲမှာ အဓိက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Annie နဲ့ ကျန်မိသားစုတွေဟာ အမေ သေဆုံးသွားခြင်းကြောင့် ဝမ်းနည်းကြေကွဲနေကြပါတယ်။ ထို့နောက် သိပ်မကြာခင်မှာပဲ ထူးဆန်းသောအရာများ စတင်ဖြစ်ပေါ်လာပြီး Annie ရဲ့ မျိုးရိုးနဲ့ ပတ်သက်တဲ့ ကြောက်မက်ဖွယ် အမှန်တရားက တဖြည်းဖြည်း ပေါ်ထွက်လာရာကနေ ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်လမ်းလေးမှာ ခံစားလိုက်ပါ။ ဒီဇာတ်ကားလေးက လုံးဝ မကြောက်တတ် တဲ့ ကွီးတို့ကိုတောင် အနည်းငယ်တော့ ထိတ်လန့်မှုပေးနိုင်မှာ အသေချာပါပဲ။

Infinity Pool

Source : NEON

အားလပ်ရက်မှာ အပန်းဖြေနေတဲ့ စုံတွဲတစ်တွဲက လျှို့ဝှက်ဆန်းတဲ့ အမျိုးသမီးတစ်ဦးရဲ့ လမ်းညွှန်မှုနဲ့ ကြုံခဲ့ပါတယ်။ ထို့နောက် ထိုစုံတွဲက အပန်းဖြေစခန်းအပြင်ဘက်မှာ အကြမ်းဖက်မှုတွေ၊ မရေမတွက်နိုင်တဲ့ ထိတ်လန့်ဖွယ်ရာတွေကို ကြုံတွေ့ရပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်။

They Wait in the Dark

Source : BritFlicks

ဒီအားလပ်ရက်ကို ထိတ်လန့်စရာ ဇာတ်ကားတစ်ကားနဲ့ ဖြတ်သန်းချင်ရင် They Wait in the Dark ဆိုတဲ့ ဇာတ်ကားလေးက ရွေးချယ်သင့်တဲ့ ကား‌လေးပါပဲ။ ဒီကားလေးမှာ Amy ဆိုတဲ့ အမျိုးသမီးငယ်လေးက သူမရဲ့ သားငယ်နဲ့အတူ အနိုင်ကျင့်တတ်တဲ့ သူမရဲ့ ချစ်သူ‌ဟောင်းဆီကနေ ထွက်ပြေးနေပါတယ်။ ဆက်လက်ပြီးတော့ သူတို့ကို ဘယ်အရာက ခြောက်လန့်နေပါသလဲ၊ ဘာက အမှောင်ထုထဲကနေ သူတို့ကို စောင့်မျှော်နေလဲ ဆိုတာတော့……

Swallowed

Source : Momentum Pictures

ဒီဇာတ်ကားကတော့ ထူးထူးခြားခြား အံ့သြဖွယ်ထိတ်လန့်ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ ထိတ်လန့်ဖွယ်ရာနဲ့ စိတ်ဝင်စားဖွယ် ပေါင်းစပ်ထားပြီး တမူထူးခြားတဲ့ ဇာတ်လမ်းကောင်း ကြည့်ချင်နေတဲ့ သူတွေအတွက်တော့ အကြိုက်တွေ့စေမဲ့ ကားလေးပါပဲ။

Huesera: The Bone Woman

Source : IGN Movies Trailers

နောက်ထပ် ဖော်ပြပေးချင်တဲ့ ဇာတ်ကားကောင်းလေး တစ်ခုက‌တော့ Huesera: The Bone Woman ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက အဓိက ဇာတ်‌ကောင်ဖြစ်တဲ့ Valeria ဆိုတဲ့ အမျိုးသမီးက မိခင်တစ်ဦး ဖြစ်လာဖို့အတွက် အချိန်တော်တော်ကြာ မျှော်လင့်ခဲ့ပါတယ်။ တစ်ကယ်တမ်း ကိုယ်ဝန်ရှိလာတဲ့အခါ ပျော်ရွှင်ဖို့ မျှော်လင့်ထားပေမဲ့ တစ်ခုခုကတော့ မှားယွင်းနေပါပြီ။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ထိတ်လန့်ဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

The Offering

Source : Rotten Tomatoes Indie

ဒီကားလေးကတော့ Hasidic အသုဘဒါရိုက်တာတစ်ဦးရဲ့ သားဖြစ်သူက ၎င်းရဲ့ဖခင်ရဲ့ နေအိမ်သို့ ကိုယ်ဝန်ဆောင်ဇနီးနှင့်အတူ ပြန်လာခဲ့ပါတယ်။ ဇာတ်ကားအစပိုင်းမှာ ရောက်လာတဲ့ အလောင်းတစ်လောင်းတို့နဲ့ ၎င်းတို့ရယ်၊ ကိုယ်ဝန်ဆောင် ဇနီးရယ်နဲ့ ဘာတွေ ဆက်ဖြစ်ပြီး ဘယ်လောက်ထိ ခြောက်ခြားရမလဲဆိုတာတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

ကွီးတို့ကို စိတ်လှုပ်ရှားစေပြီး အကြိုက်တွေ့တဲ့ ဇာတ်ကားရှိရင်လည်း ပြောသွားပေးပါဦးနော်။

Source : Rotten Tomato

Featured Photo : IMDb