လူကြီးလူကောင်း ပီသတဲ့ ဘီးကျဲ တွေက ဘယ်လို အရာ မျိုးတွေ ဘယ်လို အပြုအမူမျိုးတွေကို ပြုလုပ်လေ့ရှိသလဲဆိုတာ ကွီးတို့ သိပြီးပါပြီလား။ ကွီးတို့လည်း လူကြီးလူကောင်း ပီသတဲ့ ဘီးကျဲ ကြီးတစ်ယောက်ဆိုရင်တော့ ဘယ်လို အပြုအမူမျိုးတွေကို ရှောင်ကြဥ်ရမယ်၊ ဘယ်လို အရာ တွေကို လိုက်လုပ်ရမလဲဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကွီးတို့ သိထားတာတွေက မှန်ရဲ့လားဆိုတာ မစစ်ချင်ဘူးလား။

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါဦး။ အခုဖော်ပြပေးမယ့် အချက်တွေကတော့ လူကြီးလူကောင်း ပီသတဲ့ ဘီးကျဲ တွေဆီမှာ ဘယ်တော့မှ မြင်ရမှာ မဟုတ်တဲ့ အရာ တွေပဲဖြစ်ပါတယ်။

ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မလုပ်ဘူး

gentleman

လူကြီးလူကောင်းပီသတဲ့ ပုရိသတစ်ယောက်သည် အတင်းပြောတာမျိုးတွေ မလုပ်ပါဘူး။ သူတို့ မကျေနပ်တာရှိရင် သဘောမကျတာမျိုးရှိရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ တစ်ဖက်လူ ရှေ့မှာ ပေါ်ပေါ်တင်တင် ပြောတာမျိုးပါ။ ရှေ့မှာတစ်မျိုး၊ ကွယ်ရာမှာတစ်မျိုး ဘယ်တော့မှ လုပ်လေ့မရှိပါဘူး။

ဂုဏ်မောက်မာတာမျိုး မရှိဘူး

gentleman

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာနဲ့ ဂုဏ်မောက်မာတာနဲ့ မတူပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူသည် ကြည့်လိုက်တာနဲ့ အများက အားကျရတာမျိုးပါ။ ဒါပေမဲ့ ဂုဏ်မောက်မာတာမျိုးကျတော့ ကြည့်လိုက်တာနဲ့ လူအမြင်ကတ်စရာ ကောင်းနေတာမျိုးပါ။ ဒါပေမဲ့ ကွီးတို့က လူကြီးလူကောင်းပီသတဲ့သူဆိုရင်တော့ ဂုဏ်မောက်မာတာမျိုး မရှိတာ အသေအချာပါပဲ။

စိတ်သဘောထား သေးသိမ်တာမျိုးတွေကိုလည်း မပြုလုပ်ဘူး

gentleman

စိတ်သဘောထား ပြည့်ဝကြပါတယ်။ တစ်ဖက်လူက မသိလိုက် မသိဘာသာနဲ့ ကိုယ့်အပေါ်မှာ အမှားတစ်ခုခု ကျူးလွန်မိရင်တောင်မှ ခွင့်လွှတ်တတ်ကြပါသေးတယ်။ အယ်… ဒါပေမဲ့ တမင်သက်သက် လုပ်တာမျိုးဆိုရင်လည်း မဟုတ်မခံတတ်တဲ့ စိတ်မျိုး ရှိကြပါသေးတယ်။ ဘယ်သူအပေါ်မှာမှလည်း ဖျံကျတာမျိုး မရှိသလို၊ ကိုယ့်အပေါ် လာကျောရင်လည်း မဟုတ်မခံတတ်တဲ့ စိတ်ထားမျိုး ရှိတတ်ကြပါတယ်။

ကိုယ့်ကြောင့် သူတစ်ပါး မျက်ရည်ကျရတာမျိုးကို မလုပ်ဘူး

လူကြီးလူကောင်း ဘီးကျဲ အရာ

ကိုယ်နဲ့ ပတ်သက်တဲ့သူတွေ၊ ကိုယ့်ရဲ့ ရှော်တီလေး၊ ကိုယ့်ရဲ့ မဟေသီ၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေသည် ကိုယ့်ကြောင့် မျက်ရည်ကျတာမျိုး၊ ကိုယ့်ကြောင့် စိတ်ဆင်းရဲရတာမျိုးတွေ မရှိအောင် ပြုမူနေထိုင် ကြပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး စိတ်ဆင်းရဲရမှာမျိုးကို သေမလောက် ကြောက်ကြပါတယ်။

မရိုးမသားနဲ့ လိမ်လည်လှည့်ဖြားတာမျိုးတွေ မရှိဘူး

လူကြီးလူကောင်း ဘီးကျဲ အရာ

သူတစ်ပါးအပေါ် လိမ်ညာတာမျိုးလည်း မရှိတတ်ကြပါဘူး။ လူကြီးလူကောင်း ပီသတဲ့သူသည် ရိုးရိုးသားသားပဲ ပြုမူနေထိုင်တတ် ကြပါတယ်။ တကယ်လို့ ကိုယ့်အပေါ် လိမ်ညာ လှည့်ဖြားလာရင်လည်း ထိုလူကို ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းထဲကနေ ဖယ်ကျဥ်ဖို့ ဝန်မလေးတတ်ပါဘူး။

ကတိဖျက်တာမျိုးတွေကိုလည်း မလုပ်ဘူး

လူကြီးလူကောင်း ဘီးကျဲ အရာ

အပြောနဲ့ အလုပ် တစ်သမတ်တည်း ဖြစ်အောင် ပြုမူနေထိုင်တတ် ကြပါတယ်။ ကိုယ် မတည်နိုင်တဲ့ ကတိကိုလည်း မပေးတတ်ကြပါဘူး။ ကိုယ် ပေးလိုက်တဲ့ ကတိကိုလည်း ဖျက်ပစ်တာမျိုးတွေ မလုပ်ကြပါဘူး။

ကွီးတို့ဆီမှာရော အခုဖော်ပြသွားတဲ့ အပြုအမူမျိုးတွေ တွေ့ရတတ်ပါသလား။ ဒါဆိုရင်တော့ မြန်မြန် ဖယ်ရှားပစ်ဖို့ လိုနေပါပြီဗျို့။

Source: Thegentlemansjournal

Featured Image: Sheebamagazine