ကိုယ့်ဒူးကိုယ်ချွန်နဲ့ ချမ်းသာလာသူတွေဟာ ငွေကို ဘယ်လိုတန်ဖိုးထားရမယ် ၊ ကိုင်တွယ် အသုံးချရမယ်ဆိုတာကို ကောင်းကောင်း သိကြပါတယ်။ ငွေကုန်သက်သာအောင်လည်း အမြဲတမ်း စည်းနဲ့ကမ်းနဲ့ ချွေတာသုံးစွဲတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ချမ်းသာတဲ့သူတွေ ကျင့်သုံးတဲ့ ပိုက်ဆံ ချွေတာနည်းတွေထဲက အကောင်းဆုံး နည်းလမ်းတစ်ချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ပိုက်ဆံမသုံးတဲ့ရက် သတ်မှတ်ကြတယ်

Photo : Live and Invest Overseas

တစ်ပတ်မှာ တစ်ရက်လောက် ပိုက်ဆံမသုံးရတဲ့ နေ့အဖြစ် ကိုယ့်ဘာသာ သတ်မှတ်ထားသင့်ပါတယ်။ ငွေကို ဖြုန်းတီးချင်တဲ့ မကောင်းတဲ့စိတ်ကို ထိန်းသိမ်းဖို့အတွက် ဒီနည်းဟာ အလုပ်ဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်က No Money Day အလွန်မှာလည်း ပိုက်ဆံကို Limit နဲ့ သုံးတဲ့ အကျင့် ထားသင့်ပါတယ်။

(၂) အကျိုးရှိတဲ့ နေရာမှာ ရင်းနှီးမြှပ်နှံတယ်

Photo : Entrepreneur

ချမ်းသာသူတွေထဲမှာ ချမ်းသာသလောက် လက်ဖွာပြီး ပိုက်ဆံဖြုန်းတဲ့ သူတွေ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။ ဒါပေမယ့် လူအနည်းစုပါ။ တကယ်တမ်းတော့ ချမ်းသာသူတွေက သူတို့ငွေကို အကျိုးရှိမယ့် အလုပ်နေရာတစ်ခုခုမှာ မြှပ်နှံထားတက်ကြပါတယ်။ သူတို့က ငွေကိုငွေနဲ့ရင်းနှီးပြီး တိုးပွားလာမယ်ဆိုတာကို ပြတ်ပြတ်သားသား သိထားသူတွေ ဖြစ်ပါတယ်။

(၃) အကြွေတွေ စုတတ်တယ်

Photo : US News Money

ချမ်းသာသူတွေဟာ နည်းနည်းလေး ဖြစ်စေ အကြွေတွေကို တန်ဖိုးထား သိမ်းတတ်ပါတယ်။ တစ်ခုခု ဝယ်တိုင်း ထွက်လာတဲ့ အကြွေတွေကို စုထားပြီး ဒီငွေနဲ့ မုန့်ပဲဝယ်စားစား ၊ စာအုပ်ပဲ ဖတ်ဖတ် ၊ ကလေးတွေနဲ့ တစ်ခြား ဒုက္ခရောက်နေသူတွေကို ကူညီနိုင်ပါတယ်။

(၄) အမျှော်မြင်ရှိရှိ ဈေးဝယ်တယ်

Photo : AllBusiness.com

ဈေးဝယ်တဲ့ နေရာမှာ ချမ်းသာသူတွေဟာ အနည်းဆုံး ၂ ခါတော့ တွေးပါတယ်။ မြင်မြင်ချင်း ကြိုက်လွန်းလို့ဆိုပြီး ဒီအတိုင်း မဝယ်ပါဘူး။ နောက်ပြီး ခဏခဏပြန်ဝယ်ရတာထက် တစ်ကြိမ်တည်းနဲ့ ကွာလတီကောင်းတဲ့ ပစ္စည်းတွေကို ဦးစားပေးရွေးဝယ်လေ့ ရှိပါတယ်။ သူတို့ဆီက ထွက်သွားမယ့် ငွေအတွက် နောင်တ ရရမယ့်အဖြစ်မျိုး မလိုချင်ကြပါဘူး။

Featured Photo : Entrepreneur