ဘဝမှာ ကုန်ဆုံးသွားတဲ့အချိန်တွေကို ဘယ်တော့မှ ပြန်မရနိုင်ပါဘူး။ ဒီလိုပါပဲ အတတ်ကြွဆုံး နုပျိုမှုတွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နေတဲ့ လူငယ်ဘဝ ကိုလည်း ကြီးမှ ပြန်ရချင်လို့ မဖြစ်ပါဘူး။ ကွီးတို့ရော လူငယ်ဘဝကို ကောင်းကောင်းအသုံးချနေပါသလား။ ဒီနေ့မှာတော့ အသက်အရွယ်တစ်ခုရောက်မှ ဒါတွေမလုပ်ခဲ့ရလေခြင်းဆိုတဲ့ နောင်တမျိုး မရအောင် ကွီးတို့ လူငယ် ဘဝမှာ ကောင်းကောင်းအသုံးချနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

တတ်နိုင်သလောက် ခရီးတွေထွက်ပါ

လူငယ် ဘဝမှာ

Photo : Next Vacay

လူငယ်ဘဝမှာ ငယ်ရွယ်နုပျိုမှုတွေနဲ့ အတူ တတ်ကြွမှုကလည်း အပြည့်ပါပဲ။ ဒါ့အပြင် တာဝန်ဝတ္တရားတွေကလည်း အများကြီးမရှိသေးတာကြောင့် ခရီးတတ်နိုင်သလောက် ထွက်ပါ။ တစ်ကိုယ်တော် ခရီးထွက်တာပဲဖြစ်ဖြစ်၊ အုပ်စုလိုက်ခရီးထွက်တာပဲ ဖြစ်ဖြစ် ကွီးတို့စိတ်ကြိုက်ပြုလုပ်ပါ။ ခရီးထွက်ခြင်း စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးများစေတဲ့အပြင် အတွေ့အကြုံသစ်တွေကို အများကြီး ရရှိပါလိမ့်မယ်။ အသက်ကြီးလာတာနဲ့အမျှ မိသားစုတာဝန်တွေ၊ အလုပ်ကိစ္စတွေနဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ခရီးတစ်ခုထွက်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူတော့ပါဘူး။ ဒါ့ကြောင့် ငယ်ရွယ်စဉ်မှာ တတ်နိုင်သလောက် တတ်ကြွမှုအပြည့်နဲ့ နေရာအသစ်တွေကို တတ်နိုင်သလောက် ခြေဆန့်ပါ။

ဘာသာစကားတစ်ခုခုကို သင်ယူပါ

လူငယ် ဘဝမှာ

Photo :  Learn Language form Home

ကွီးတို့ရေ ငယ်ရွယ်စဉ်မှာ ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်စွမ်းအားတွေက ကောင်းမွန်နေတဲ့အတွက် ကိုယ့်ဘဝအတွက်ပဲ ဖြစ်ဖြစ် ဒါကို အသုံးချဖို့ မမေ့ပါနဲ့။ ကွီးတို့ စိတ်ဝင်စားတဲ့ ဘာသာစကားတစ်ခုခုကို လေ့လာသင့်ယူပါ။ ဘယ်ဘာသာစကားပဲ ဖြစ်ဖြစ် လေ့လာသင်ယူထားခြင်းက ကွီးတို့ဘဝ တစ်ထောင့်တစ်နေရာမှာ အသုံးဝင်လာပါလိမ့်မယ်။ ဒါ့အပြင် ဘာသာစကားတစ်ခုခုကို လေ့လာသင်ယူရတာက စိတ်ဝင်စားစရာကောင်းပြီး ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်သလို အတွေ့အကြုံတွေ ပေးစွမ်းပါလိမ့်မယ်။

စွန့်စားမှုတွေကို ပြုလုပ်ဖို့ ဝန်မလေးပါနဲ့

လူငယ် ဘဝမှာ

Photo : Mpora

ငယ်ရွယ်ပြီး အားအပြည့်ရှိနေတဲ့ လူငယ် ဘဝမှာ စွန့်စားမှုတွေ ပြုလုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။ ငယ်ရွယ်စဉ်မှာ တောင်တတ်တာ၊ စွန့်စားခရီးသွားတာ၊ ကိုယ်မလုပ်ဖူးတာတွေကို စမ်းကြည့်ဖို့ မကြောက်ရွံ့ပါနဲ့။ စိတ်လှုပ်ရှားမှုတွေ၊ ပျော်ရွှင်စရာတွေ အပြည့်အဝ ရှာဖွေပါ။ ကိုယ်အမှန်တကယ် ကြိုက်နှစ်သက်တဲ့ အရာကဘာလဲဆိုတာကို ရှာဖွေဖို့အတွက် လူငယ်ဘဝက အချိန်ကောင်းပါပဲ။ ဒီလို အခိုက်အတန့်တွေအတွက် တစ်ချိန်မှာ ကိုယ့်ကိုယ်ကို ကျေနပ်မိမှာ အမှန်ပါ။

အားကစားအသစ်အဆန်းတွေကို စမ်းကြည့်ပါ

Photo : LiveAbout

အားကစားလုပ်တာက ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ ကွီးတို့ရဲ့ ဝါသနာပါရာ အားကစားကရော ဘာပါလဲ။ ထို အားကစားကိုရော တစိုက်မတ်မတ်ကစားဖြစ်ပါသလား။ ကိုယ်တိုင်ဘာကို ဝါသနာပါမှန်းမသိရင် အခုအချိန်ကစပြီး အားကစား အသစ်အဆန်းတွေ စမ်းကြည့်ပါ။ မတူညီတဲ့ ခံစားမှုတွေနဲ့ ကွီးတို့နဲ့ ကိုက်ညီတဲ့ အားကစားကို ရှာတွေ့ပါလိမ့်မယ်။

ချစ်ခင်ရသူတွေနဲ့ ပျော်ပွဲစားထွက်ပါ

Photo : Unplash

အသက်အရွယ် ကြီးလာတာနဲ့အမျှ လုပ်ငန်းတာဝန်တွေကြောင့် ကိုယ်ချစ်ခင်ရသူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ကုန်ဆုံးဖို့ နည်းသွားတတ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်မှာ သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေနဲ့ အမှတ်တရတွေ၊ တန်ဖိုးထားရမယ့်အချိန်လေးတွေ ဖန်တီးပါ။ အတူတူ အားလုံးပျော်ပွဲစား ထွက်တာကလည်း အမှတ်တရလေးတွေ ဖန်တီးဖို့ စိတ်ကူးကောင်းပါပဲ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ လူငယ် ဘဝမှာ ပြုလုပ်သင့်တဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော နည်းလမ်းလေးတွေလည်း ရှိသေးတာကြောင့် ဆက်လက်ဖော်ပြပေးပါဦးမယ်။

Featured Photo : Wallpaper