တစ်ယောက်ယောက်ရဲ့ သစ္စာပျက်မှုကို ခံရတဲ့အခါ ဘယ်သူမဆို နောက်တစ်ကြိမ် မယုံကြည်ရဲအောင် ဖြစ်သွားတတ်စမြဲပါ။ ဒါပေမယ့်လည်း လူတွေနဲ့ ပေါင်းဖော်ဆက်ဆံတဲ့အခါ အပြန်အလှန် ယုံကြည်မှုမှ မရှိရင် ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာဖို့ ခက်ပါတယ်။ ဒါကြောင့်ပဲ လူတွေကို ယုံကြည်မှုပေးပြီး ပေါင်းသင်းတော့မယ်ဆိုရင် သိသင့်တာလေးတွေ မျှဝေပြောပြချင်ပါတယ်။

(၁) ကိုယ့်ကို မထိခိုက်အောင် အရင်ကာကွယ်ပါ

Conversation

Photo : Pexels

စိတ်ချလက်ချ ယုံလို့ မရတဲ့သူဆိုရင် သတိနဲ့ ဆက်ဆံဖို့ အရေးကြိးပါတယ်။ အဲ့ဒီလူနဲ့ ဆက်ဆံရေးမှာ ကိုယ် အဆုံးရှုံးခံနိုင်တဲ့ အနည်းဆုံးပမာဏနဲ့ ဆက်ဆံဖို့ လိုပါတယ်။ စိတ်ချရပါတယ်ဆိုတဲ့ လူနဲ့ ဆက်ဆံရာမှာတော့ ကိုယ်အဆုံးရှုံးခံနိုင်တဲ့ အများဆုံးပမာဏအထိ ခွင့်ပြုလိုက်လျောပြီး ဆက်ဆံပါ။

(၂) ကိုယ့်မျှော်လင့်ချက်တွေကို သိပ်မြှင့်မထားပါနဲ့

Greet

Photo : Pexels

“ဒီလူကတော့ ငါ့ကို ဘယ်တော့မှ နောက်ကျောကို ဓါးနဲ့ ထိုးမှာ မဟုတ်ဘူးလို့” တရားသေကြီး စိတ်ချမထားလိုက်ပါနဲ့။ သူနဲ့ ပတ်သက်ပြီး ကိုယ်ထင်ထားတဲ့ အထင်က သိပ်မြင့်လွန်းမနေဖို့ ၊ သိပ်လည်း နိမ့်လည်း မနေဖို့ လိုပါတယ်။ အခွင့်အရေးကြောင့် ဖြစ်စေ ၊ အခက်အခဲကြောင့် ဖြစ်စေ သူ ကိုယ့်ယုံကြည်မှုကို ဖောက်ဖျက်သွားရင်တောင် သိပ်ထင်, မထားတာက ခံသာပါတယ်။

(၃) အချိန်ယူပါ

Friends

Photo : Pexels

တစ်ယောက်ယောက်ကို ကိုယ့်ရဲ့ စိတ်အချရဆုံး မိတ်ဆွေအဖြစ် အတွင်းစည်းထဲ ခေါ်မယ်ဆိုရင် သူ့အကြောင်း သေချာသိအောင် လေ့လာပါ။ အချိန်ယူပြီး ယုံကြည်မှု တည်ဆောက်ပါ။ သူနဲ့ ဆက်ဆံရေးမှာလည်း ကိုယ်ဟာ ယုံကြည်ရသူဖြစ်ကြောင်း ၊ အပြောနဲ့ အလုပ်ညီပြီး ကတိမြဲသူ ဖြစ်ကြောင်းကို သက်သေပြနေပါ။ သူ့အပေါ်လည်း ကိုယ်က ရိုးသားနေမှ ကိုယ်က သူ့ဆီက ရိုးသားယုံကြည်မှုရနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Inc Magazines