မနက်အိပ်ရာမနိုးခင် ဖွားဖက်တော် ညီငယ်လေး အရင် နိုးထနေတဲ့ အခိုက်အတန့်မျိုး ယောကျာ်းလေးတိုင်းနီးပါး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါကို Morning Erections လို့ ခေါ်ပါတယ်။ အဓိကအားဖြင့် အသက် ၇ နှစ်ကနေ အသက် ၅၀ ကြား အမျိုးသားတွေမှာ အဖြစ်များပြီး ဒါဟာ သဘာဝအရ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ တုံ့ပြန်မှုဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် သင့်ခန္ဓာကိုယ်မှာ မျိုးပွားမှုစနစ် ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နေကြောင်း ပြသတဲ့ လက္ခဏာပါ။ ဒီဆောင်းပါးလေးမှာတော့ Morning Erections ဘာကြောင့်ဖြစ်ရသလဲ ၊ လူမနိုးခင် ညီလေး အရင်နိုးနေရတဲ့ အကြောင်းအရင်းတွေက ဘာဖြစ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) သွေးစီဆင်းမှု အားကောင်းနေတဲ့အခါ

Photo : Freepik

လူမနိုးခင် ညီလေး အရင်နိုးနေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ သွေးစီးဆင်းမှုကြောင့်ပါ။ မနက်ခင်း အချိန်မှာ လိင်အင်္ဂါဆီ သွေးစီးဆင်းမှုဟာ ပုံမှန် သို့မဟုတ် ပုံမှန်ထက်အနည်းငယ် ပိုအားကောင်း နေတက်တာကြောင့် သင့်ရဲ့ ဖွားဖက်တော်ဟာ ထောင်မတ်နေရခြင်း ဖြစ်ပါတယ်။ ဒါဟာ လိင်အင်္ဂါဆီ ကောင်းမွန်တဲ့ သွေးစီးဆင်းမှု ရှိတယ်ဆိုတာကို ပြနေတာပဲ ဖြစ်ပါတယ်။

(၂) ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အခါ

Increased Hormones

Photo : HealthCentral

လေ့လာမှုတွေအရ မနက်စောစောအချိန်တွေမှာ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း ဟော်မုန်းပမဏဟာ အမြင့်ဆုံး ဖြစ်နေတက်တယ်လို့ တွေ့ရှိထားပါတယ်။ ကျားဟော်မုန်း မြင့်တက်နေချိန်မှာ ဖွားဖက်တော် ညီလေး ဟာ သူ့အလိုလို ထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။ မနက်ခင်းအပြင် တခြား တက်စတိုစတီရုန်း မြင့်တက်နေချိန်တွေမှာလည်း လိင်အင်္ဂါ ထောင်မတ်မှု အခြေအနေ ဖြစ်လေ့ဖြစ်ထ ရှိတက်ပါတယ်။

(၃) ဆီးအိတ်ပြည့်တင်းနေတဲ့အခါ

Fullness Of Bladder

Photo : Verywell Health

တစ်ညတာလုံး အိပ်စက်နေချိန်အတွင်း ဆီးသွားခြင်း မရှိတဲ့အတွက် ဆီးအိတ်ပြည့်တင်းတာမျိုး ဖြစ်တက်ပါတယ်။ ဆီးအိတ် ပြည့်တင်းနေချိန်မှာ ဆီးအိမ်နဲ့ လိင်အင်္ဂါ အနီးတဝိုက်မှာရှိတဲ့ သွေးကြောတွေ ၊ အာရုံကြောတွေအပေါ်  ဖိအားသက်ရောက်စေတာကြောင့် ဖွားဖက်တော် ကို လှုံ့ဆော်ပေးသလို ဖြစ်စေပြီး ညီလေး ထောင်မတ်လာစေနိုင်တာ ဖြစ်ပါတယ်။

(၄) ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ တိုးလာတဲ့အခါ

Excessive Increase In Brain Activity
Photo : News-Medical

ဦးနှောက်ဟာ အမျိုးသားတွေရဲ့ ဖွားဖက်တော် ထောင်မတ်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး အရေးပါတဲ့ ဆက်စပ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်က နိုးထလာချိန်မှာ သင့် ဦးနှောက်က ပိုတက်ကြွလာပြီး လိင်အင်္ဂါတွေဆီကို အချက်ပြမှုတွေ ပေးပို့ပါတယ်။ ဒီဖြစ်စဉ်ကြောင့်ပဲ မနက်ခင်းမှာ လူမနိုးခင် ညီလေး အရင်နိုးနေရတာ ဖြစ်ပါတယ်။

Morning Erections လို့ ခေါ်တဲ့ မနက်ခင်း ညီလေး ထောင်မတ်မှုဟာ မျိုးပွားမှုစနစ်နဲ့ သွေးကြောတွေ ကျန်းမာသန်စွမ်းမှု ရှိတယ်ဆိုတာကို ပြသနေခြင်း ဖြစ်သလို ကျန်းမာတဲ့ အမျိုးသားတိုင်း ကြုံတွေ့ရတဲ့ သဘာဝ ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်တာကြောင့် စိတ်ပူစရာ မရှိပါဘူး။

Source : My Fit Brain

Featured Photo : Andromedi