လူသား နဲ့ နည်းပညာ ဆိုတာ ဘယ်လိုမှ ခွဲခြားမရတဲ့ အတွဲအစပ်တစ်ခုပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတင်ပဲ အဆင့်မြင့် နည်းပညာများက တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာတဲ့အချိန်မှာ အနာဂတ်မှာ လူသား တွေအတွက် ပိုမို အဆင့်မြင့်လာတဲ့ နည်းပညာ တွေပဲ ဆက်လက်ပေါ်ထွက်လာဖို့ပဲ ရှိပါတယ်။

အနာဂတ်မှာ လူသား တွေအတွက် ဘယ်လိုမျိုး အဆင့်မြင့် နည်းပညာ တွေကို မျက်ဝါးထင်ထင် မြင်တွေ့ကာ အသုံးပြုရမယ်လို့ ထင်ပါသလဲ။

ဒစ်ဂျစ်တယ် ရနံ့ နည်းပညာ

ဒစ်ဂျစ်တယ် ရနံ့ နည်းပညာ

သူ့နာမည်အတိုင်းပဲ ရနံ့ကို ဒစ်ဂျစ်တယ်နည်းအရ ထုတ်လုပ်ပေးမယ့် နည်းပညာပဲ ဖြစ်ပါတယ်။ အသံနဲ့ အမြင်တွေကို ထုတ်လုပ်ပေးတဲ့ နည်းပညာမြင့် ပစ္စည်းတွေလိုပဲ ဒီပစ္စည်းကလည်းပဲ ရနံ့ကို ဒစ်ဂျစ်တယ်နည်းအရ ထုတ်လွှတ်ပေးဖို့ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး ရနံ့ကို ထုတ်လုပ်ပေးတဲ့ နည်းပညာကို ၁၉၅၀ နှောင်းပိုင်းကတည်းက စတင်တီထွင်ခဲ့တာလို့ ပြောလိုက်ရင် ကွီးတို့ ယုံမှာမဟုတ်ပါဘူး။ ထိုအချိန်တုန်းက ထုတ်လုပ်ခဲ့တဲ့ နည်းပညာကို Smell-O-Vision လို့ အမည်ပေးထားပါတယ်။ ထိုနည်းပညာက ရုပ်ရှင် ကြည့်သူများ ရုပ်ရှင် ကြည့်နေစဥ်မှာ ကောင်းမွန်တဲ့ အတွေ့အကြုံ ခံဏားချက်လေး ရရှိဖို့ရန်အတွက် ရနံ့ကို ထုတ်လွှတ်ပေးဖို့အတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

ထိုအချိန်က စတင်ပြီးတော့ သုတေသန ပြုလုပ်သူများကလည်း အလားတူ ပစ္စည်းမျိုးကို ပိုမို အဆင့် မြှင့်တင်ကာ တီထွင်စမ်းသပ်နေကြတာပဲဖြစ်ပါတယ်။ နောက်ထပ် ဥပမာတစ်ခုကတော့ ၁၉၉၉ ခုနှစ်က ထုတ်လုပ်ထားတဲ့ iSmell ပဲဖြစ်ပါတယ်။ ထိုပစ္စည်းကနေ အနံ့ပေါင်း ၁၂၈ မျိုးကို ထည့်သွင်းထားကာ အနံ့အရောအနှောများကိုလည်း ပေါင်းစပ် ထုတ်လွှတ်ပေးနိုင်အောင် တီထွင်ထားပါတယ်။ ဒါပေမဲ့လည်း ကန့်သတ်ချက်ပေါင်း များစွာကြောင့် ထိုပစ္စည်းကို သုံးစွဲသူများလက်ထဲ မချပြနိုင်ခဲ့ပါဘူး။

၂၀၁၆ ခုနှစ်မှာတော့ CEATEC ကုမ္ပဏီက လက်မှာ ဝတ်လို့ရတဲ့ ဒစ်ဂျစ်တယ် ရနံ့ ပစ္စည်းကို စတင် မိတ်ဆက်ပေးခဲ့ပြီး ထိုပစ္စည်းက စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေကိုပါ ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါပေမဲ့လည်း ရနံ့ ထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး အချိန်ကန့်သတ်ချက်၊ ရနံ့ ထိန်းချုပ်မှု၊ ကျန်းမာရေးနဲ့ ညီ မညီ စတဲ့ များစွာသော စမ်းသပ်မှုများကို ပြုလုပ်ဖို့ လိုအပ်နေဆဲပါပဲ။

E-Textiles ခေါ် စမတ် အဝတ်အစားများ

လူသား နည်းပညာ

စမတ်ဖုန်း၊ စမတ်နာရီတို့လိုမျိုးပဲ စမတ် အဝတ်အစားများလည်း ရှိသေးတယ်ဆိုတာ ကွီးတို့ သိပြီးပါပြီလား။ စမတ် အဝတ်အစားဆိုတာကတော့ ဒစ်ဂျစ်တယ်နည်းနဲ့ မြှုပ်ထားတဲ့ စမတ် အဝဝ်အစားလေးဖြစ်ပြီး ဝတ်ဆင်သူရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု၊ ချွေးထွက်မှု နှုန်း စသည်တို့ကို ထွက်ချက်ပေးကာ ဝတ်ဆင်ရတာ သက်သောင့်သက်သာဖြစ်အောင် ကူညီပေးမယ့် စမတ် အဝတ်အစားပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုအဝတ်အစားကို ကျန်းမာရေး ဝန်ထမ်းများ၊ ကာကွယ်ရေး ဝန်ထမ်းများ၊ လေယာဥ်မှူးများ အစရှိသူတို့ အသုံးပြုနိုင်ဖို့ရန်အတွက် အဆင့်မြင့်တင်ကာ ဆောင်ရွက်လျက် ရှိပါတယ်။

3D Biometrics

လူသား နည်းပညာ

Biometrics နည်းပညာကို အများဆုံး အသုံးပြုတဲ့နေရာတွေကတော့ ဘဏ်လုပ်ငန်း၊ မှုခင်း ဆေးသိပ္ပံနဲ့ ပြည်သူ့ လုံခြုံစီစစ်ရေးတို့အတွင် အဓိကထား အသုံးပြုလျက်ရှိကြပါတယ်။ Biometric နည်းပညာကို များသောအားဖြင့် 2D ပုံရိပ်များတွင်သာ အသုံးပြုကြတာဖြစ်ပေမဲ့ မကြာသေးခင် နှစ်များအတွင်းမှာပဲ 3D ရုပ်ကြွ နည်းပညာများနှင့်ပါ ပူးတွဲ အသုံးပြုနိုင်ရန် အဆင့် မြှင့်တင်လေ့ ရှိပါတယ်။

ကွီးတို့ ဖုန်းနဲ့ ကွန်ပျူတာတွေကို လက်ဗွေနဲ့ ဖွင့်တာမျိုး၊ ကွီးတို့ မျက်နှာနဲ့ ဖုန်းတွေ၊ လက်ပ်တော့တွေကို Unlock ပြုလုပ်တဲ့ နည်းပညာတွေဆိုတာကလည်း 3D Biometrics နည်းပညာကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အနာဂတ်မှာ ဘယ်လိုနည်းပညာမျိုးတွေ ဆက်လက်မြင်တွေ့ရမယ်လို့ ထင်ပါသလဲ။

Source: Rankred

Featured Image: Centuroglobal