ဘယ်နယ်ပယ်ပဲရောက်ရောက် ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ လေးစားမှုကို ရရှိချင်ပါသလား။ ကိုယ့်ရဲ့အရည်အချင်းကောင်းတွေကို လူတွေသိအောင် မထုတ်သုံးခင်အထိ ကွီးတို့ရဲ့ပတ်ဝန်းကျင်က ကွီးတို့အပေါ် လေးစားမှုဟာ သာမန်အခြေအနေလောက်မှာပဲ ရှိပါလိမ့်မယ်။ ဒါပေမယ့် လူတော်လူကောင်း တစ်ယောက်အဖြစ် လူတွေရဲ့ လေးစား မှုကို ရဖို့ဆိုရင်တော့ အခုပြောပြမယ့် အလေ့အကျင့်ကောင်းတွေကို လိုက်နာသင့်ပါတယ်။

(၁) စကားတည်သူ ဖြစ်ပါစေ


Photo : Falamart

ကတိတည်ခြင်း ၊ ကိုယ်ပြောသမျှအတွက် တာဝန်ယူစိတ်ရှိခြင်းဟာ လူကြီးလူကောင်းတွေရဲ့ လက္ခဏာပါ။ ယောကျာ်းကောင်း တစ်ယောက်ဟာ သူ့ ပါးစပ်မှာ အစောင့်ထားပြီး စကား ပြောပါတယ်။ သူပြောသမျှ စကားနဲ သူပေးသမျှ ကတိဟာ စာချုပ်တစ်ခုပါပဲ။ သိက္ခာရှိရှိ နေထိုင်အသက်မွေးဝမ်းကြောင်းသူကို ဘယ်သူမဆိုလေးစား ကြပါတယ်။

(၂) ဘဝရည်မှန်းချက် ရှိပါစေ

Photo : The Christian Broadcasting Network

လေးစားခံရတဲ့ သူတွေဟာ သူတို့ သွားချင်တဲ့ လမ်းကြောင်းကို အသေအချာ သိသူတွေ ၊ သူတို့တကယ်စိတ်နှစ်ပြီး အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်နောက်လိုက်နေသူတွေ ဖြစ်ပါတယ်။ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် လေးစားတယ်ဆိုရာမှာ သူတို့အလေးအမြတ်ပြုတဲ့ အရည်အချင်းကောင်းမျိုး အဲဒီလူမှာရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူများမှာမရှိတဲ့ အရည်အချင်းကောင်းရှိသူဟာ လူလေးစားခံရပါတယ်။ နောက်တစ်ခုက ကိုယ်ပိုင်ဟန်နဲ့ နေထိုင်သူ ၊ ကိုယ်ပိုင်ခံယူချက်ရှိပြီး ကိုယ့်ဘဝမှာကိုယ်လိုချင်တဲ့ ပုံစံကောင်းကို ထုဆစ်နေသူဟာ ပတ်ဝန်းကျင်ရဲ့ လေးစားမှု ခံရတတ်ပါတယ်။

(၃) ဖိအားတွေအောက်မှာ တည်ငြိမ်ပါစေ

Photo : InfoWorld

ကျွန်တော်တို့ လေးစားရတဲ့ ခေါင်းဆောင်တွေကို ကြည့်လိုက်ပါ။ သူတို့ကို ခေါင်းဆောင်နေရာ တင်ထားရတဲ့ အကြောင်းအရင်းတစ်ခုက သာမန်လူတွေ မဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးမှာ သူတို့ရဲ့ တည်ငြိမ်မှု ၊ ဉာဏ်ပညာနဲ့ သတ္တိတွေ ထုတ်သုံးလို့ပါ။ လူတွေကို ခေါင်းဆောင်ရသူဟာ ဖိအားသိပ်များတဲ့ သူတွေ ဖြစ်ပါတယ်။ အဲ့လို အဖက်ဖက်က ဖိအားအောက်မှာ မျက်နှာမပျက်ဘဲ ခေါင်းအေးအေးထားပြီး ရင့်ကျက်တဲ့စိတ်အထားနဲ့ ဖြေရှင်းနိုင်သူဟာ လူတွေ လေးစားရတဲ့သူတွေ ဖြစ်လာပါတယ်။ သူတို့ကိုလူတွေ အားကိုးလာပြီး အရေးအကြောင်းဆို ဒီလိုမျိုး ပြဿနာများအကြားမှာ စိတ်ရှင်းရှင်း ထားနိုင်သူဟာ ရှေ့တန်းကနေ ဦးဆောင်ရပါတယ်။

(၂) လေးစားမှုနဲ့ ပေးကမ်းတက်ပါစေ

Photo : 24sata

ပရဟိတလုပ်တာဟာ လူတွေရဲ့ လေးစားမှုကို အမြန်ဆုံးရတဲ့ နည်းထဲမှာ ပါပါတယ်။ တစ်ခုရှိတာက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အလုပ်လုပ်ပုံတစ်ခုက သူတို့လိုတာပဲပေးပြီး အဲ့လိုပေးရတဲ့ တန်ဖိုးကို နားမလည်သေးသ၍ လေးစားမှုက လိုက်မလာပါဘူး။ လေးစားမှုနဲ့ ပေးကမ်းပါ။ လေးစားအောင်ပြုမှုပါ။ လူတွေကို ဆက်ဆံရာမှာကိုယ့်ကိုယ်ကို နှိမ့်ချပြီး ဆက်ဆံရသလို ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်လည်း နေပြရပါတယ်။

Photo : The Conover Company