ကွီးတို့ရေ လေယာဉ်နဲ့ ခရီးတစ်ခုခုသွားရင် လေဆိပ်ကို နာရီနဲ့ ချီပြီး ကြိုရောက်နေရတယ် မဟုတ်ပါလား။ ထို့အပြင် ကွီးတို့ ခရီးဝေးတွေသွားတဲ့ အခါ လေယာဉ်ပြောင်းစီးဖို့ စောင့်ဆိုင်းရသည်ဖြစ်စေ၊ လေယာဉ် Delay ဖြစ်နေလို့ လေဆိပ်မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းနေရပြီး ပျင်းရိနေပါသလား။ ဒါဆိုရင်တော့ စိတ်မပူပါနဲ့။ ကွီးတို့ လေယာဉ်မထွက်မီ လေဆိပ်မှာ စောင့်ဆိုင်းနေရချိန်ကို အကျိူးရှိစွာ အသုံးချနိုင်မဲ့ နည်းလမ်းများ ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘာသာစကားတစ်ခုခုကို လေ့လာပါ၊ စာဖတ်ပါ၊

လေဆိပ်မှာ စောင့်ဆိုင်းနေရချိန်ကို

Photo : iStock

ကွီးတို့ရေ လေဆိပ်မှာ စောင့်ဆိုင်းနေရချိန်ကို အကျိူးရှိစွာ အသုံးချနိုင်မဲ့ နည်းလမ်းများ ထဲက ပထမဆုံး တစ်ခုကတော့ ဘာသာစကားလေ့လာခြင်းပဲဖြစ်ပါတယ်။ အင်္ဂလိပ်စာပဲ ဖြစ်စေ၊ ကွီးတို့လုံးဝ မသိသေးတဲ့ ဘာသာစကားပဲဖြစ်ဖြစ် လေ့လာလိုက်ပါ။ ကွီးတို့မှာ စာအုပ်အဆင်သင့်မပါရင်လည်း ကိစ္စမရှိပါဘူး။ Online ကနေ ဘာသာစကား တစ်ခုခု ရဲ့သင်ခန်းစာကို လေ့လာနေလိုက်ပါ။ ကွီးတို့ သွားရောက်မဲ့နိုင်ငံရဲ့ ဘာသာ စကားဆို ပိုကောင်းပါတယ်။ ဒါမှမဟုတ် ကွီးတို့ စိတ်ဝင်စားတဲ့ အကြောင်းအရာပါတဲ့ စာအုပ်ကို ဖတ်ပါ။

(၂) ဘေးနားက လူနဲ့ မိတ်ဖွဲပါ

လေဆိပ်မှာ စောင့်ဆိုင်းနေရချိန်ကို

Photo : ACI Insights

ကွီးတို့ရေ လေဆိပ်မှာ ကွီးတို့လို လေယာဉ် စောင့်ဆိုင်းနေတဲ့ လူတွေရှိမှာပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ ဖုန်းပေါ်မှာဘဲ အချိန်မဖြုန်းဘဲ ထိုလူကို မိတ်ဆက်ကြည့်ပါ။ ထိုသူဖက်ကလည်း ကွီးနဲ့ စကားစမြည်ပြောဖို့ လိုလားတယ်ဆိုရင် တော့ ကွီးတို့စကားဝိုင်းကိုစတင်လို့ရပါပြီ။ ကွီးတို့အနေနဲ့ ထိုသို့မိတ်ဖွဲခြင်းဖြင့် ထိုသူတို့ရဲ့ နိုင်ငံအကြောင်း၊ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုအသစ်တွေကို သိရှိလေ့လာရမဲ့ အပြင်မိတ်တွေအသစ်ပါ ရရှိမှာဖြစ်ပါတယ်။

(၃) Shopping လုပ်ပါ

လေဆိပ်မှာ စောင့်ဆိုင်းနေရချိန်ကို

Photo : Blackpool Gazette

ကွီးတို့ရေ လေဆိပ်မှာ စောင့်ဆိုင်းနေရင်း ဘာလုပ်ရမယ်မှန်း မသိရင် အကောင်းဆုံး အချိန်ကို အသုံးချနည်းကတော့ လေဆိပ်က Duty Free ဆိုင်တွေမှာ စျေးဝယ်ထွက်တာပဲ ဖြစ်ပါတယ်။ ကွီးတို့ ကိုယ်တိုင်အတွက်ရော၊ ကွီးတို့ မိသားစု နဲ့ သူငယ်ချင်းတွေအတွက် အမှတ်တရ ပစ္စည်းဝယ်ချိန်ကို လေဆိပ်မှာ စောင့်ဆိုင်းနေရတဲ့ အချိန်နဲ့ အစားထိုးလိုက်ပါ။ အကယ်၍ ကွီးတို့က ဘာမှ ဝယ်စရာမရှိရင်တောင် Window Shopping လုပ်ပါ။ ထိုနိုင်ငံရဲ့ ကုန်ပစ္စည်းအသစ်အဆန်းတွေ ဒေသထွက်ကုန်တွေကိုလည်း လေ့လာပြီးသား ဖြစ်စေပါတယ်။

(၄) Email များကို စစ်ပြီး Reply ပြန်ပါ

Airport

Photo : Grupo FTP

ကွီးတို့ရေ လေဆိပ်မှာ စောင့်ဆိုင်းနေရချိန်ကို အကျိူးရှိစွာ အသုံးချနိုင်မဲ့ နောက်နည်းလမ်းတစ်ခုကတော့ ကွီးတို့ရဲ့ Email တွေကို စစ်တာပဲ ဖြစ်ပါတယ်။ လေဆိပ် အများအပြားမှာ Free WiFi တွေ ထည့်သွင်းပေးထားတာကြောင့် ကွီးတို့ Email စစ်ပြီး အချို့ကို Reply ပြန်ပါ။ ဒါဆို ကွီးတို့ အလုပ် အချို့ပြီးမြောက်နိုင်တာကြောင့် ကွီးတို့ သွားလိုရာရောက်ရင် အနားယူချိန်ဖြစ်စေ၊ ကိုယ်ပိုင်အချိန်ပိုရနိုင်ပါတယ်။

(၅) သွားရောက်ရမဲ့ နေရာဒေသ သို့မဟုတ် နိုင်ငံအကြောင်း လေ့လာပါ

Airport

Photo : iStock

ကွီးတို့ရေ လေဆိပ်မှာ စောင့်ဆိုင်းနေရတဲ့ အချိန်ကို ကွီးတို့ သွားရောက်မဲ့နိုင်ငံ သို့မဟုတ် နေရာဒေသတို့ရဲ့ သိထားသင့်တဲ့ ယဉ်ကျေးမှု အကြောင်း ၊ ရာသီဥတု အကြောင်းလေ့လာပါ။ ဒါ့အပြင် ထိုနိုင်ငံရဲ့ တားမြစ်ထားတဲ့ အကြောင်းအရာ ရှိမရှိကို လေ့လာပါ။ ကွီးတို့အတွက် တကယ်ကို အကျိူးရှိစေမှာပါ။

(၆) ကွီးတို့ လုပ်ရမဲ့ အရာများကို Plan ချထားပါ

Airport

Photo : Mintrfares

ကွီးတို့ရေ လေဆိပ်မှာ စောင့်ဆိုင်းနေရတဲ့ အချိန်မှာ ကွီးတို့ သွားမဲ့ခရီးစဉ်အတွင်း လုပ်ဆောင်ရန် ရှိသည်များကို သေချာ ပြန်စီစဉ်ပါ၊ ဒါမှမဟုတ် ကွီးတို့ အပြန်ခရီးမှာ စောင့်ဆိုင်းနေပါကလည်း ကွီးတို့ ပြန်ရောက်လျှင် လုပ်စရာရှိသောအလုပ်များကို Plan ပြန်ချထားပါ။ အစီအစဉ်ချထားပါ။ ထို့သို စောင့်ဆိုင်းနေရတဲ့အချိန်မှာ လုပ်ထားခြင်းဖြင့် ကွီးတို့အတွက် ကိုယ်ပိုင်အချိန်ပိုရစေပါတယ်။

(၇) တစ်ခုခု စားပါ ၊ ကော်ဖီသောက်ပါ

Airport

Photo : Earth’s Attractions

ကွီးတို့ရေ လေဆိပ်မှာ စောင့်ဆိုင်းနေရချိန်မှာ  လေဆိပ်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေမှာ အစားအစာ အသစ်တွေကို မြည်းစမ်းကြည့်ပါ။ ဒါမှမဟုတ် ကော်ဖီဆိုင်မှာ ကော်ဖီအေးဆေးသောက်ရင်း စာဖတ်တာ၊ သီချင်းနားထောင်တာ တစ်ခုခုလုပ်ပါ။ ဒါပေမဲ့ လေဆိပ်က စားသောက်ဆိုင်တွေက စျေးတော့အနည်းငယ်ကြီးပါတယ်။ ဒါပေမဲ့ ကွီးတိုစောင့်ဆိုင်းနေရတဲ့ နိုင်ငံ ဒါမှမဟုတ် နေရာဒေသက ဒေသထွက် အစားအစာတွေကို မြည်းစမ်းခွင့်ရမှာပါ။

အခုဖော်ပြပေးထားတာ ကတော့ ကွီးတို့ လေဆိပ်မှာ စောင့်ဆိုင်းနေရချိန်ကို အကျိုးရှိစွာ အသုံးချနိုင်မဲ့ နည်းလမ်းများ ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေ လုပ်ရင်း အချိန်အနည်းငယ်ပိုနေသေးရင် ကွီးတို့ ခဏအနားယူတာ၊ ခြေလက်ဆန့်တာမျိုးလည်းလုပ်လို့ ရပါတယ်။ ခရီးအမြဲထွက်နေရတဲ့ ကွီးတို့အတွက်ရော၊ အခုမှ ခရီးစထွက်မဲ့ ကွီးတို့အတွက်ပါ ဒီနည်းလမ်းလေးတွေက အထောက်အကူ ဖြစ်စေမှာပါ။

Source : Earth’s Attractions

Featured Photo : Airport