ယောကျာ်း တွေဟာ မိန်းကလေးတွေလောက် သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသလေ့ မရှိကြပါဘူး။ အတိုင်းအတာတစ်ခုအထိ ရင်းနှီးတဲ့ Relationship ဆက်ဆံရေး တစ်ခုဖြစ်ပါစေ တစ်ခါတစ်လေမှာ သူတို့ရဲ့ ရင်တွင်းကလာတဲ့ အနက်ရှိုင်းဆုံး လိုအင်ဆန္ဒအကြောင်း ထုတ်ဖော်ဖွင့်ဟဖို့ ဝန်လေးတတ်ကြပါတယ်။ ချစ်သူနှစ်ဦးသား ခိုင်မာမြဲမြံတဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းသွားချင်တယ်ဆိုရင် တစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို တစ်ယောက်က ကောင်းကောင်း နားလည်ထားဖို့ လိုအပ်ပါတယ်။ အခုပြောပြပေးမှာကတော့ Relationship တစ်ခုမှာ ယောကျာ်း တိုင်း သူတို့ရဲ့ ချစ်သူမိန်းကလေး ဆီက လိုချင်တောင့်တတဲ့ အရာတွေအကြောင်းပါ။

(၁) လေးစားမှု


Photo : Business Insider

ယောက်ျား တွေဟာ လေးစားမှုကို ချစ်ခြင်းမေတ္တာလိုပဲ တန်ဖိုးထားကြပါတယ်။ သူတို့ရဲ့ ဘဝ ဖြစ်တည်မှု ၊ အသက်မွေးမှု ပညာရပ် ၊ ယုံကြည်ရာ အရာတွေအပေါ် လက်တွဲဖော် မိန်းကလေးရဲ့ လေးစားမှုကို လိုချင်ကြပါတယ်။ တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန် လေးစားမှုရှိမှလည်း Relationship တစ်ခုက အဆင်ပြေချောမွေ့စွာ ခရီးဆက်နိုင်မှာပါ။

(၂) စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု

Photo : The Good Men Project

အခြေခံအားဖြင့်တော့ ယောကျာ်း တွေဟာ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာမှာ ကြံ့ခိုင်သန်မာသူတွေလို့ သတ်မှတ်ထားကြပါတယ်။ တကယ်တော့ ယောကျာ်းအရင့်မာကြီး ဖြစ်နေစေဦးတော့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးဖေးမမှုဆိုတာ လိုအပ်ပါတယ်။ အထူးသဖြင့် ယောကျာ်းတွေဟာ သူတို့ချစ်ရတဲ့ မိန်းကလေးဆီက နှစ်သိမ့်မှု ၊ ဖေးမမှု ၊ အကြံဉာဏ်ပေးမှုတွေကို လိုချင်တောင့်တ ကြပါတယ်။

(၃) သီးခြားအချိန်

Photo : Stylecraze

အောင်မြင်ပျော်ရွှင်နေတဲ့ Relationship တိုင်းမှာ ကိုယ်ပိုင် Space တစ်ခုဆီ ထားရှိကြစမြဲပါ။ တစ်ယောက်ကိုတစ်ယောက် အချိန်ပြည့် တွယ်ကပ်လွန်းပြီး ချုပ်နှောင်ထားတာဟာ မွန်းကြပ်ခြင်းများစွာနဲ့ ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးကို မြန်မြန်အဆုံးသတ်စေ နိုင်ပါတယ်။ ယောကျာ်း တွေဟာ သူတို့ ဝါသနာပါတဲ့ အရာတွေလုပ်ဖို့ ၊ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ၊ တစ်ကိုယ်ရည် တစ်ကာယ အချိန်ကုန်ဆုံးဖို့ စသည်ဖြင့် လွတ်လပ်တဲ့ သီးခြားအချိန်တစ်ခု ချစ်သူမိန်းကလေးဆီကနေ သဘောထားပြည့်ပြည့် ၊ နားလည်မှုရှိရှိနဲ့ ပေးတာမျိုး လိုချင်ကြပါတယ်။

(၄) ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု

Photo : 93.1 KISS FM

Physical Touch ဆိုတာ အိပ်ရာပေါ်က လိင်မှုဆိုင်ရာ ထိတွေ့မှုမျိုးကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ယောကျာ်း တွေလည်း မိန်းကလေးတွေ နီးတူ ကိုယ့်ချစ်သူ ရဲ့ ကြင်နာယုယစွာ ထွေးပွေ့မှု ၊ နွေးထွေးတဲ့ အနမ်းတစ်ပွင့်နဲ့ မြဲမြံစွာ ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံကို မျှော်လင့်ကြပါတယ်။ ဒါဟာ လိင်မှုဆိုင်ရာ အထိအတွေ့ထက်ပင် ပိုမိုသာလွန်တဲ့ မေတ္တာခြင်းဖလှယ်တဲ့ ချစ်ခြင်းရဲ့ ထိတွေ့မှုတွေပဲ ဖြစ်ပါတယ်။

(၅) စိတ်ချယုံကြည်မှု

Photo : Sustain Health Magazine

ကိုယ့်ချစ်သူက ကိုယ့်အပေါ် မဖောက်ပြားပဲ သစ္စာရှိစေချင်တာဟာ ချစ်သူတိုင်းရဲ့ တောင်းဆု တစ်ခုပါ။ ချစ်သူဆီက သံသယနဲ့ စိုးရိမ်ပူပန်ရခြင်းတွေထက် စိတ်ချယုံကြည်ရတဲ့ ခံစားချက်ကို ယောကျာ်း/ မိန်းမ မရွေး လိုချင်ကြပါတယ်။ ကိုယ့်ချစ်သူက ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် လက်တွဲမဖြုတ်ပဲ သစ္စာရှိရှိနဲ့ ထာဝရလက်တွဲသွားမယ့် လက်တွဲဖော် တစ်ယောက်အဖြစ် ရှိနေပေးမှာကို ယောကျာ်းတိုင်း မျှော်လင့်မိကြပါတယ်။

Featured Photo : The Yes Girls