ကွီးတို့က လေယာဥ်နဲ့ ခရီးသွားဖို့ ပြင်ဆင်နေပါသလား။ ဒါဆိုရင်တော့ လေယာဥ် နဲ့ ခရီးသွား တဲ့အခါမှာ အခုဖော်ပြမယ့် အချက်များကို ကြိုတင် ပြင်ဆင်သွားဖို့ လို အပ်ပါလိမ့်မယ်။

ထိုင်ခုံအတွက် တိကျသေချာတဲ့ နံပါတ်ကို ဘိုကင်တင်ထားပါ

plane seat

ကွီးတို့က ပြတင်းပေါက်နဲ့ နီးတဲ့ နေရာမှာ ထိုင်ချင်တာလား။ ဒါမှမဟုတ် လျှောက်လမ်းနဲ့ နီးတာမျိုးကို လိုချင်တာလား။ ဒါမှမဟုတ် အလယ်တည့်တည့်က ထိုင်ခုံမှာ ထိုင်ချင်တာလား။ ကွီးတို့ လိုချင်တဲ့ ထိုင်ခုံကို တစ်ခါတည်း ဘိုကင် တင်ထားလိုက်ပါ။

ခရီးသွား အာမခံ များ ဝယ်ထားပါ

travel insurance

ကိုယ် သွားမယ့် ခရီးကို ရာနှုန်းပြည့် အဆင်ပြေ ချောမွေ့နေအောင်လို့ ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ မမျှော်လင့်ထားတာတွေလည်း ကြုံလာတတ်ပါတတ်ပါသေးတယ်။ လေယာဥ် နောက်ကျတာမျိုး၊ ခရီးဆောင်အိတ်များ ပျောက်ပျက်သွားတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ခရီးသွား အာမခံ ဝယ်ထားမယ်ဆိုရင်တော့ အပြည့်အဝ မဟုတ်ရင်တောင်မှ ပိုက်ဆံ တစ်စိတ် တစ်ပိုင်းကို ပြန်ရရှိနိုင်ပါသေးတယ်။

ပေါ့ပေါ့ပါးပါးသာ ထုတ်ပိုးသွားပါ

လေယာဥ် ခရီးသွား လို

ခရီးသွားတဲ့အခါ သိထားရမယ့် အခြေခံအချက်ကတော့ အများကြီး ထုတ်ပိုးမသွားဖို့ပါပဲ။ ပေါ့ပေါ့ပါးပါး ထုတ်ပိုးသွားနိုင်လေ ခရီးသွားရတာသည် ပိုပျော်ဖို့ ကောင်းလေပါပဲ။​ ဒါ့အပြင် မတော်တဆ ခရီးဆောင်အိတ်က ပျောက်ဆုံးသွားတယ်ဆိုရင်တောင်မှ အများကြီး ပျောက်မသွားတဲ့အတွက်ကြောင့် ခံသာပါသေးတယ်။

Carry-on လက်ဆွဲအိတ်ထဲမှာ အရည်အများကြီးပါတဲ့ ပစ္စည်းများ မထည့်ပါနဲ့

လေယာဥ် ခရီးသွား လို

လေယာဥ်လိုင်းတွေရဲ့ စည်းမျဥ်းစည်းကမ်းတွေထဲမှာ Carry-on လက်ဆွဲအိတ်ထဲမှာ အရည်တွေ အများကြီး သယ်ဆောင်ခွင့် မပေးတာပဲဖြစ်ပါတယ်။ တကယ်လို့ အရည်တွေက ၁၀၀ မီလီလီတာထက် ကျော်မယ်ဆိုရင်တော့ ခရီးဆောင် အိတ်အကြီးထဲကို ထည့်တာ အကောင်းဆုံးပါပဲ။ ဒါ့အပြင် ကွီးတို့ရဲ့ ရှန်ပူ၊ Conditioner အစရှိသည်တို့ကို ဘူးအကြည်ထဲ ထည့်ပြီး သယ်သွားတာကလည်း အရစ်ခံရမယ့် ဘေးကနေ ကင်းဝေးစေပါတယ်။

ကိုယ့် ပတ်စ်ပို့ရဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးပါ

လေယာဥ် ခရီးသွား လို

လေယာဥ်လက်မှတ်တွေ ဟိုတယ် ဘိုကင်တွေတော့ တင်ပြီးထားပါရဲ့ ပတ်စ်ပို့စာအုပ်က သက်တမ်း ကုန်ခါနီး ဖြစ်နေရင်တော့ အလကားပါပဲ ကွီးတို့ရေ။ အကောင်းဆုံးကတော့ ခရီးသွားဖို့ စီစဥ်ကတည်းက ကိုယ့်ရဲ့ ပတ်စ်ပို့ရဲ့ သက်တမ်းကုန်ဆုံးရက်ကို သေချာ စစ်ထားရပါမယ်။​ စာအုပ် သက်တမ်းက ခြောက်လအောက် ရောက်နေရင်တော့ စာအုပ်သက်တမ်းကို အရင်ဆုံး သွားတိုးထားဖို့ အကြံပေးချင်ပါတယ်။

ကွီးတို့ရော လေယာဥ် နဲ့ ခရီးသွား ဖို့ ပြင်တဲ့အခါ ဘယ်လို လို အပ်ချက်တွေကို အသေးစိတ် ပြင်ဆင်လေ့ရှိပါသလဲ။

Source: Travelandleisure

Featured Image: Businessinsider