ကွီးတို့က တစ်ယောက်တည်း Solo ခရီး ထွက်ဖို့ စဥ်းစားနေတာလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများသို့ သွားရောက်လည်ပတ်သင့်ပါတယ်။ ဒီနေရာတွေက တစ်ယောက်တည်း လည်ပတ်မယ်ဆိုလည်း လုံခြုံစိတ်ချစွာနဲ့ စိတ်ချ လက်ချ လည်ပတ်လို့ရတဲ့ နေရာတွေပဲဖြစ်ပါတယ်။

Amsterdam

Amsterdam

လူတိုင်းက ဥရောပသို့ သွားရောက်လည်ပတ် ဖြစ်တယ်ဆိုရင် Amsterdam ဆီသို့ သွားရောက်လည်ပတ် ချင်ကြပါတယ်။ သဘာဝ အလှများနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပြီး လည်ပတ်စရာနေရာများလည်း အများအပြားရှိပါတယ်။ ကမ္ဘာလှည့် ခရီးသွားများအကြား ရေပန်းစားတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။​

ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံ

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံသည်လည်း တစ်ယောက်တည်း Solo ခရီး သွားမယ်ဆိုရင် သွားရောက်လည်ပတ်နိုင်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ဘန်ကောက်မှာပဲ ရှော့ပင်း ထွက်ချင်သလား။ ဒါမှမဟုတ် ကမ်းခြေတွေဆီပဲ သွားလည်ချင်သလား။ ကွီးတို့ စိတ်ကြိုက် သွားရောက်လည်ပတ်နိုင်ပါတယ်။

ဂျပန်

Solo ခရီး

ကမ္ဘာလှည့်ကာ ခရီးထွက်မယ်ဆိုရင် ဂျပန်နိုင်ငံကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ ရှေးဟောင်း အငွေ့အသက်နဲ့ ခေတ်ပေါ် အငွေ့အသက်တစ် ရောယှက်ထားတဲ့ နေရာတစ်ခုဖြစ်ပြီး အနုပညာမြောက်တဲ့ ဗိသုကာ လက်ရာများကိုလည်း တအံ့တသြ ငေးမော ကြည့်ရှုနိုင်ပါတယ်။

ဘာလီ

Solo ခရီး

အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းကလည်း လည်ပတ်သူ အများအပြားကြား ပေါ်ပြူလာဖြစ်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒေသခံလူမျိုးများကလည်း အင်္ဂလိပ်စကားကို သေချာပြောနိုင်တဲ့အတွက်ကြောင့် ဘာသာစကား အခက်အခဲရှိမှာကိုလည်း ပူစရာမလိုပါဘူး။ ခရီးသွားလာစရိတ်ကလည်း အများကြီး မကုန်ကျဘဲ သက်သက်သာသာနဲ့ ခရီးသွားလာနိုင်တာကတော့ သူ့ရဲ့ အားသာချက်ပါပဲ။

ဂျာမနီ

Solo ခရီး

ဂျာမနီနိုင်ငံကတော့ အကောင်းစား ဘီယာများနဲ့ အရသာရှိတဲ့ ပေါင်မုန့်တို့ကြောင့် နာမည်ကြီးပါတယ်။ တစ်ကိုယ်တည်း ခရီးထွက်သူများအကြားလည်း ဒီနိုင်ငံက ရေပန်းစား လူကြိုက်များပါတယ်။ ပတ်ဝန်းကျင် အလှအပကလည်း မျက်စိတစ်ဆုံး ငေးမောကြည့်ရှု နိုင်ပါသေးတယ်။ လည်ပတ်စရာ နာမည်ကြီး နေရာများကလည်း အများအပြား ရှိတဲ့အတွက်ကြောင့် ကွီးတို့လည်း ခရီးထွက်ဖြစ်တယ်ဆိုရင် ဒီနိုင်ငံကို မေ့မထားပါနဲ့။

ကွီးတို့ရော တစ်ယောက်တည်း ခရီးသွားဖြစ်မယ်ဆိုရင် ဘယ်နိုင်ငံတွေဆီ ခရီးသွားချင်ပါသလဲ။

Source: Travelandleisure

Featured Image: Metropolitanshuttle