Belly Fat တွေကို လျင်လျင်မြန်မြန် ဖယ်ရှားပစ်ဖို့ လေ့ကျင့်ခန်း တွေရှာနေလား ? ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်းနည်းတွေများစွာ ရှိတဲ့အထဲကမှ အားကစားဆိုင်ရာ ကျွမ်းကျင်သူတွေကိုယ်တိုင် Approved ပေးထားတဲ့ အထိရောက်ဆုံး Exercises တွေကို ဒီဆောင်းပါးမှာ ပြောပြပေးပါမယ်။ ကိရိယာလွတ် လေ့ကျင့်ခန်းတွေ ဖြစ်လို့ ကွီးတို့ အိမ်မှာပဲ လွယ်လွယ်ကူကူ ဆော့ကစားလို့ ရနိုင်ပါတယ်။
(၁) Russian Twists

Photo : Eat This Not That
Russian Twists က ခါးကိုလှည့်ပြီး ကစားရတဲ့ လေ့ကျင့်ခန်းနည်း ဖြစ်ပါတယ်။ ခါးကိုဘယ်ညာလှည့်ပြီး ကစားရတဲ့အတွက် ခါးဘေးလိုင်း Obliques ဧရိယာနဲ့ Core Muscles တွေကို အဓိက ထိရောက်မှု ရှိစေပါတယ်။ Medicine Ball သို့မဟုတ် Dumbbell နဲ့ ကစားနိုင်သလို ကိရိယာလွတ် ဘော်ဒီဝိတ် အနေနဲ့လည်း ကစားလို့ ရပါတယ်။
(၂) Jump Squats

Photo : Eat This Not That
Jump နဲ့ Squats ကို ပေါင်းစပ်ထားတဲ့ ဒီ လေ့ကျင့်ခန်း ဟာဆိုရင် ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်မှုအတွက် ပစ်မှတ်ထားပြီး ဝမ်းဗိုက် ဧရိယာတဝိုက်က အဆီပိုတွေကို လောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။ Jumping နဲ့ Squats ကို တစ်ဆက်တည်း ပြင်းပြင်းထန်ထန် လှုပ်ရှားကစားရတဲ့အတွက် ကယ်လိုရီများများ လောင်ကျွမ်းစေပြီး ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားတွေကို ကျစ်လစ်သန်မာစေပါတယ်။
(၃) Hanging Leg Raises

Photo : Eat This Not That
ဘားကွင်း သို့မဟုတ် ဘားတန်းမှာ ခိုထားပြီး Leg Raises မြှောက်ပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက အဆီစုလွယ်တဲ့ Lower Abs ကြွက်သားပြင် တဝိုက်က အဆီပိုတွေကို လောင်ကျွမ်းစေဖို့ အလွန်ထိရောက်မှု ရှိပါတယ်။ ခြေမြှောက်တဲ့အခါမှာ ဝမ်းဗိုက်ကြွက်သားတွေကို အဓိကအားပြုပြီး ခြေထောက်တွေကို မ,တင်ပေးရတာကြောင့် Abs ကြွက်သားတွေကို ထိရောက်စွာပဲ ကျစ်လစ်လာစေမှာ ဖြစ်ပါတယ်။
(၄) Plank To Shoulder Taps

Photo : Eat This Not That
Plank Position နဲ့ ဗိုက်ကြွက်သားတွေရဲ့ တည်ငြိမ်မှုကို ထိန်းထားပြီး ဘယ်ညာတစ်လှည့်စီ Shoulder Taps ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက Deep Core Muscles တွေရဲ့ Strength ကိုတက်စေပြီး ဝမ်းဗိုက် ဧရိယာက အဆီတွေကို ထိရောက်စွာ လောင်ကျွမ်းစေနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ပခုံး ၊ လက်မောင်းနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း မာဆယ်အချို့ကိုလည်း ထိရောက်မှု ရှိစေပါတယ်။
Source : Eat This Not That
Featured Photo : Muscle & Fitness
