ကွီးတို့ရဲ့ ရှော်တီလေးကို အသာလေး ပွေ့ချီနိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း များနဲ့ သေချာ လေ့ကျင့် ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာလျှင် သူတို့ကို ချီမတဲ့အချိန်မှာ ကွီးတို့က မပင်မပန်းနဲ့ အသာလေး ပွေ့ချီနိုင်မှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

man workout

Pull-Ups လေ့ကျင့်ခန်းက ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် အကောင်းဆုံးသော လေ့ကျင့်ခန်းတစ်ခုပါ။ ကျော၊ လက်၊ ရင်ဘတ်နှင့် ပခုံးများကဲ့သို့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားအားလုံးကို ထိရောက်စေပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများ သန်မာစေဖို့ ကွီးတို့ လေ့ကျင့်ခန်းတွေထဲမှာ ထည့်သွင်းသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

man workout

ကွီးတို့ရဲ့ ရှော်တီလေးကို မချီမခင်မှာ ဒီ အလေးတုံး လေ့ကျင့်ခန်းများနဲ့ အရင်ဦးဆုံး လေ့ကျင့် ထားဖို့ လိုအပ်ပါလိမ့်မယ်။​

ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ လက်မောင်း၊ ပခုံးနဲ့ လက်ဖျံကြွက်သားတွေအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ လေ့ကျင့်ခန်းကို အခုမှစလုပ်တဲ့သူဆိုရင် အလျင်မလိုဘဲ ကိုယ်တတ်နိုင်တဲ့ အလေးတုံး အလေးချိန်ကို အသုံးပြုပြီး အကြိမ်ရေ အနည်းငယ်နဲ့ စတင်ပါ။

လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်း လေ့ကျင့်

လက်နှစ်ဖက်ကို ပုံပါအတိုင်း ထောက်ထားကာ ဒူးခေါင်းတစ်ဖက်စီကို ရင်ဘတ်ဆီသို့ ဆွဲယူကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ စက္ကန့် ၃၀ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

လေ့ကျင့်ခန်း လေ့ကျင့်

ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ အနောက်ပခုံး၊ ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ Biceps ကြွက်သားများကို အဓိက ပစ်မှတ်ထားတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်တဲ့နေရာမှာ ကွီးတို့ရဲ့ ရင်ဘတ်က ကြမ်းပြင်နဲ့အပြိုင်ဖြစ်သင့်ပြီး အလေးတုံးများကို ရင်ဘတ်ဆီသို့ ဆွဲတင်သည့်အခါမှာ နောက်ကျောကို ဖြောင့်တန်းထားပါ။

လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်း လေ့ကျင့်

ဒီတစ်ခါမှာတော့ အလေးတုံး တစ်တုံးနှင့် အလေးပြားတစ်ပြား အသုံးပြုကာ Back Squats ထိုင်ရမှာ ဖြစ်ပါတယ်။ အလေးပြားကို ခြေထောက်အောက်မှာ ခုထားပြီး အလေးတုံးကို ရင်ဘတ်ရှေ့တည့်တည့်မှာ ကိုင်ထားလိုက်ပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ကာ ထိုင်လိုက် ထလိုက်ဖြင့် တစ်လှည့်စီ Squat ထိုင်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

လေ့ကျင့်ခန်း လေ့ကျင့်

ဒီတစ်ခါမှာတော့ လက်ဝှေ့ထိုးတဲ့အခါ အသုံးပြုတဲ့ သဲအိတ်ကို အသုံးပြုကာ Squat ထိုင်ရမှာပဲ ဖြစ်ပါတယ်။ သဲအိတ်က အရမ်းကြီးစရာမလိုပါဘူး။ အလယ်အလတ် အရွယ်အစား သဲအိတ်ဆိုရင် လုံလောက်ပါပြီ။ လေ့ကျင့်ခန်း ပြုလုပ်နေစဥ်မှာလည်း အသက်ရှူသွင်း၊ ရှူထုတ်ဖို့ မမေ့ပါနဲ့။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်း များနဲ့ သေသေချာချာ အထာကျကျ လေ့ကျင့် ဖို့ ရယ်ဒီပဲလား။

Source: Menshealth

Featured Image: YouWorkForThem