ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လုပ်ခဲ့တဲ့ အရာတွေ အဆင်မပြေတာ၊ ကျရှုံးတာတွေ ကြုံတွေ့ဖူးမှာပါ။ တစ်ခါတစ်ရံ ဘဝကပေးတဲ့ ကြီးမားတဲ့ ထိုးနှက်ချက်တွေကြောင့် ကျရှုံးမှု တွေနဲ့ ရင်ဆိုင်ရပြီး ပြိုလဲသွားကာ ဘဝကို အရှုံးပေးလိုက်မိတဲ့ လူတွေလည်း ရှိမှာပါ။ အချို့သော ကျရှုံးမှုတွေက အခြေအနေအမျိုးမျိုးကြောင့် ရှောင်လွှဲနိုင်ပေမဲ့ အချို့ကတော့ ရှောင်လွှဲမရနိုင်ပါဘူး။ ဒါကြောင့် မိတ်ဆွေတို့ အနေနဲ့ ရွေးချယ်ရမှာက ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ နောက်ထပ်မမှားအောင်နဲ့ ကျရှုံးမှုကနေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကျော်လွှားနိုင်ဖို့ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ မိတ်ဆွေတို့အတွက် ကျရှုံးမှုတွေ၊ ပြိုလဲမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခိုင်ပြီး လဲကျရင် ပြန်ထဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘာကြောင့် ကျရှုံးမှုနဲ့ ရင်ဆိုင်ရတာလဲဆိုတာ အဖြေရှာပါ

လဲကျရင် ပြန်ထဖို့

Photo : Global Leaders

ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဓာတ်ကျကာ ထိုကျရှုံးမှုထဲမှာပဲ နစ်မွန်းမနေဘဲ ဘာကြောင့် ဖြစ်လာသလဲဆိုတာကို အဖြေရှာဖို့ လိုပါတယ်။ ကျရှုံးမှုတွေ၊ ရှုံးနိမ့်မှုတွေကို ရလဒ် အဖြစ်ရလာတဲ့အခါ ထိုရလဒ်ကို ရလာစေတဲ့ အကြောင်းပြချက် အမြဲရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အားနည်းချက်ကြောင့်လား၊ ကြိုးစားအားထုတ်မှု လိုအပ်ခြင်းကြောင့်လား စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။ ဒီလို ကျရှုံးမှုကနေ အဖြေရှာပြီး သင်ခန်းစာ ယူခြင်းက ပြန်လည် ရုန်းထဖို့ ပထမဆုံး ခြေလှမ်းပါပဲ။

အတွေးအမြင်နဲ့ စိတ်ဓာတ်ကို ပြောင်းလဲလိုက်ပါ

လဲကျရင် ပြန်ထဖို့

Photo : Goalcast

ဘယ်လို ကျရှုံးမှုပဲ ဖြစ်ဖြစ် ကျရှုံးမှုနဲ့ ရင်ဆိုင်ရတဲ့ အတွေ့အကြုံကို ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ စိတ်ဓာတ်ကျတာ၊ အရှုံးပေးချင်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးတာတွေ ဖြစ်လာပြီး ကိုယ်တိုင် အသုံးမကျဘူးလို့ ခံစားလာရနိုင်ပါတယ်။ ထိုအတွေးအမြင်များကို ပြောင်းလဲပစ်ရပါမယ်။ အရှုံးတွေကနေ ပြန်လည် အောင်မြင်နိုင်တယ်ဆိုတဲ့ ဆိုတဲ့ အတွေးအမြင်ထားရှိပါ။ ပြန်လည်ကြိုးစားဖို့ အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ ဒီအချက်ကလဲ ရှုံးနိမ့်မှုတွေကြောင့် လဲကျရင် ပြန်ထဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။

စိတ်အားထက်သန်မှုကို ရှာဖွေပါ

လဲကျရင် ပြန်ထဖို့

Photo : San Antonio Recovery Center

မိတ်ဆွေတို့ကို ဘယ်အရာက စိတ်အားထက်သန်စေတာလဲ ဆိုတာ သိရှိပါစေ။ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အနည်းနဲ့ အများတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနိုင်ပါတယ်။ ဒီလို အချိန်မှာ အရှုံးမပေးလိုက်ပါနဲ့။ မိတ်ဆွေတို့အတွက် ဘယ်အရာက စိတ်အားထက်သန်စေလဲဆိုတာ ရှာဖွေပါ။ စိတ်အားထက်သန်မှု ရှိခြင်း၊ မရှိခြင်းက မိတ်ဆွေတို့ ဘဝအတွက် အောင်မြင်မှု၊ ကျရှုံးမှုတွေကို သယ်ဆောင်လာပေးနိုင်တဲ့ အကြီးမားဆုံး အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်များကိုလည်း သေချာသိရှိပါစေ။

အကြံဉာဏ်ရယူပါ

Photo : SEFE Marketing

ကျရှုံးမှုတွေ၊ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တစ်ယောက်တည်း ရင်ဆိုင်ပြီး လဲပြိုနေခြင်းက နည်းလမ်းကောင်း မဟုတ်ပါဘူး။ ကိုယ့်ရှုံးနိမ့်ခဲ့တဲ့ အပိုင်းမှာ ဘာတွေလိုအပ်ခဲ့လဲဆိုတာ ကိုယ့်ပတ်ဝန်းကျင်က ကျွမ်းကျင်သူတွေ၊ ကိုယ့်ထက် အောင်မြင်သူများထံမှာ အကြံဉာဏ် ရယူပါ။ အခြားသူတစ်ယောက်ရဲ့ ရှုထောင့်ဖြင့် ကိုယ်မမြင်နိုင်သော လိုအပ်ချက်များကို သိရှိနိုင်ပါတယ်။ ဒါ့အပြင် ပြန်လည်ရုန်းထဖို့ အတွက်လည်း ၎င်းတို့ အတွေ့အကြုံနဲ့ ယှဉ်တွဲပြီး အကြံဉာဏ်များ ရရှိနိုင်ပါတယ်။

မဆုတ်မနစ် ကြိုးစားပါ

Photo : Beinspired Channel

မိတ်ဆွေတို့ရေ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ အရှုံးပေးလိုက်တာဟာ အဖြေမဟုတ်ပါဘူး။ ကိုယ်ကျရှုံးခဲ့တဲ့အရာတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် မဆုတ်မနစ် ကြိုးစားရမှာပါ။ မကြိုးစားဘဲနဲ့ ဘယ်အရာမှ မရရှိနိုင်တဲ့အပြင် မကြိုးစားတဲ့သူတွေအတွက်လည်း နေရာတစ်ခု ရဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကြိုးစားပါ။ ကြိုးစားသလောက် အရာထင်ပြီး ကျရှုံးမှုတွေကနေ ပြန်လဲရုန်းထနိုင်မှာပါ။

ဒီနည်းလမ်းကောင်းလေးတွေက ကွီးတို့ ကျရှုံးမှုနဲ့ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြန်လည် ရုန်းထနိုင်ဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : PsychCentral

Featured Photo : Vista Create