ကွီးတို့ရေ ညဘက်တွေမှာ တောင်တွေးမြောက်တွေးတွေ တွေးပြီး အိပ်မပျော်ဘဲ ဖြစ်နေတာတို့ အလွယ်တကူ အိပ်မရတာတို့ ဖြစ်နေတာတို့ဆိုရင် လျင်လျင်မြန်မြန် လေး အိပ်ပျော်သွားစေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါမယ်။ ဒါလေးတွေကို လိုက်လုပ်ကြည့်ရင် ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ တန်းအိပ်ပျော်သွားပါလိမ့်မယ်။

အိပ်စက်ခြင်း အနေအထား

Photo : Sleepiverse

တကယ်ကို ကောင်းမွန်တဲ့ အိပ်စက်မှု ဖြစ်ဖို့အတွက်ဆိုရင် အိပ်စက်ပုံ အနေအထား မှန်ကန်နေမှ ပိုအဆင်ပြေပါလိမ့်မယ်။ ခန္ဓာကိုယ်က ကြွက်သားများအားလုံးကို ပြေလျော့စေပြီး ကောင်းမွန်တဲ့ အနေအထားနဲ့ အိပ်ရာပေါ်မှာ အိပ်စက်အနားယူကြည့်ပါ။

အီလက်ထရောနစ် ပစ္စည်းများကို ဝေးဝေးမှာထားပါ

Photo : University of Oregon

ကောင်းမွန်တဲ့ အိပ်စက်ခြင်း မဖြစ်အောင် အနှောင့်အယှက် ဖြစ်စေမယ့် အီလက်ထရောနစ် ပစ္စည်းများအားလုံးကို ခပ်ဝေးဝေးမှ ထားသင့်ပါတယ်။ ညဘက်အိပ်ရာဝင်ချိန်တွေမှာ ဖုန်းသုံးမယ်ဆိုရင် မျက်လုံးယားယံမှုကို ဖြစ်စေနိုင်ပြီး လူတစ်ယောက်မှာ ရှိသင့်တဲ့ အိပ်ချိန် (၈)နာရီ အပြည့်အဝကိုလည်း ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် မီးပတ်ထားပြီး အိပ်ရာပေါ်မှာ ဖုန်းတွေ laptop တွေ သုံးခြင်းဟာလည်း မျက်စိကို ထိခိုက်စေနိုင်ပါတယ်။

သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ

Photo : Amazon

ညစာစားပြီးသွားချိန်မှာ သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေကို ဝတ်ဆင်ထားကြည့်ပါ။ အဝတ်အစားတွေက တင်းကျပ်နေမယ်ဆိုရင် ဝမ်းဗိုက်ကို ဖိစီးစေပြီး ရင်ပူခြင်းကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ချောင်ချောင်ချိချိ အဝတ်အစားတွေကို ဝတ်စားထားခြင်းက ကောင်းကောင်း အိပ်ပျော်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ယောဂကျင့်စဉ်နဲ့ တရားထိုင်ခြင်း

Photo : Siddhi Yoga

အိပ်ရာမဝင်ခင်မှာ ယောဂကျင့်ပေးခြင်းနဲ့ တရားထိုင်ခြင်းတို့ကလည်း စောစောစီးစီး အိပ်စက်ခြင်းကို ဖြစ်ပေါ်စေပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစအောင်လည်း အကူအညီ ပေးနိုင်ပါတယ်။

စာဖတ်ခြင်း

Photo : Sleep Doctor

ညအိပ်ရာဝင်ချိန်မှာ ဖုန်းပွတ်တာထက် စာအုပ်တစ်အုပ်ယူပြီး စာဖတ်ခြင်းကသာ အလွယ်တကူ အိပ်မောကျစေဖို့ထက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းထဲကနေ ebook ဖတ်ခြင်းထက် တကယ့် စာအုပ်အစစ်ကို ဖတ်ခြင်းကသာ ပိုပြီး သင့်တော်ပါလိမ့်မယ်။

နေ့ခင်းဘက် တရေးတမော အိပ်တာကို ရှောင်ကြဉ်ပါ

Photo : Health Digest

နေ့ခင်းဘက်မှာ တရေးတမော အိပ်စက်တာကို ရှောင်ကြည့်လိုက်မယ်ဆိုရင် ညဘက်မှာ အလွယ်တကူ အိပ်မောကျစေနိုင်ပါတယ်။ ဒါ့အပြင် ညစာစားတဲ့ အချိန်ကိုလည်း အချိန်ကိုလည်း သတိထားရပါမယ်။ ညစာစားချိန် စောစောလေး ရှိမယ်ဆိုရင် အိပ်စက်တာကို အနှောင့်အယှက် မဖြစ်စေပေမယ့် ညစာစားချိန် နောက်ကျမယ်ဆိုရင်တော့ အလွယ်တကူ အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။

စိတ်ကျေနပ်စေမယ့် အတွေးလေးတွေ တွေးပေးပါ

Photo : The Wool Room

ကိုယ့်အတွက် ပျော်ရွှင်မှုကို လှုံဆော်ပေးနိုင်မယ့် ကြည်နူးစရာ အခိုက်အတန့်များကို စဉ်းစားပါ။ ဒါက ညဘက်မှာ ကောင်းမွန်ပြီး အေးချမ်းစွာ အိပ်စက်စေနိုင်အောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။

Featured Photo : Tom’s Guide