နည်းပညာများ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ လျှပ်စစ် ကား တွေရဲ့ အသုံးပြုမှုသည်လည်း တဖြည်းဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာ လျှပ်စစ် ကား များ အသုံးပြုခြင်းသည်လည်း ဒီ့ထက်ပိုပြီး ခေတ်စားလာမှာပဲ ဖြစ်ပါတယ်။

ကွီးတို့လည်း လျှပ်စစ် ကား တွေကို စိတ်ဝင်စားပြီး ဘယ်အမျိုးအစားက လူကြိုက်များနေသလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးကနေတဆင့် လေ့လာနိုင်ပါတယ်။

Mercedes-Benz EQS

လျှပ်စစ် ကား

ဒီဘရန်းကတော့ ဒေါ်လာ ၁၄၈,၄၉၅ ဝန်းကျင်ရှိပြီး အတွင်းပိုင်းဒီဇိုင်းကလည်း သက်သောင့်သက်သာနဲ့ လိုက်ပါစီးနင်းလို့ကောင်းတဲ့ ဇိမ်ခံ လျှပ်စစ်ကားတစ်စီးပဲ ဖြစ်ပါတယ်။

Volvo XC40 P8 Recharge

လျှပ်စစ် ကား

ကာလာဒီဇိုင်းအမိုက်စား လျှပ်စစ်ကားကို ရွေးချယ်ချင်တယ်ဆိုရင်တော့ Volvo XC40 P8 Recharge ကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ၄၉,၉၅၀ ပေါင် ကုန်ကျမှာ ဖြစ်ပါတယ်။ သူသည် ၂၀၄၀ ကျရင် သဘာဝကို ဘေးအန္တရာယ်မရှိအောင် ကူညီပေးမယ့်ကားအဖြစ် ထုတ်လုပ်ရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

Peugeot e-2008

လျှပ်စစ် ကား

၂၀၀၈ ခုနှစ်ထုတ် လျှပ်စစ်ကားအမျိုးအစားဖြစ်ပြီး ၂၀၁၉ မှာတော့ Second-Generation ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ ကွီးတို့ ဝယ်ယူချင်တယ်ဆိုရင်တော့ ပေါင် ၇၈၅၀.၄၀ ပေးချေရမှာပဲ ဖြစ်ပါတယ်။

Jaguar I-Pace

လျှပ်စစ် ကား

Jaguar ရဲ့ အမာခံ ပရိသတ်တွေကတော့ Jaguar I-Pace မော်ဒယ်အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ၂၈,၀၂၇.၉၂ ပေါင် ကုန်ကျမှာပဲ ဖြစ်ပါတယ်။

Mini Electric

electric car

ဒီကားရဲ့ ဒီဇိုင်းကတော့ Standard Mini Cooper S ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ သို့သော် Mini Electric က ပိုပြီးမိုက်ပါတယ်။ ဒီဇိုင်းကာလာရော၊ စွမ်းဆောင်ရည်ကပါ ပြောစရာမလိုအောင် မိုက်နေပြီး သူ့ရဲ့ဈေးနှုန်းကလည်း ပိုမိုက်ပါတယ်။ ၃၁,၀၀၀ ယူရို တန်ဖိုးရှိပါတယ်။

Porsche Taycan

electric car

Porsche ရဲ့ ဒုတိယခြေလှမ်းလို့တောင် ပြောလို့ရပါတယ်။ အကြမ်းလည်းခံပြီး ဒီဇိုင်းကလည်း Luxury ပိုင်းကို အသားပေးထားတာကို တွေ့ရမှာပါ။ ဈေးနှုန်းအားဖြင့်တော့ ပေါင် ၂၉,၄၀၁.၁၈ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

Tesla Model 3

electric car

လျှပ်စစ်ကားလို့ ပြောလိုက်တာနဲ့ Tesla ကို ချန်ထားခဲ့လို့ မရပါဘူး။ ဆလွန်းကားအမျိုးအစားဖြစ်ပြီး Performance လည်း တော်တော်မြင့်တဲ့ ဘရန်းတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၄,၄၉၀ ကုန်ကျမှာ ဖြစ်ပါတယ်။

Source: Topgear

Featured Image: Kkram